တေလာဆွစ်ဖ်ဖျော်ဖြေပွဲတွင် ပရိသတ်များအား အကြမ်းဖက်ရန် ကြံစည်သူများအား CIA ဖော်ထုတ်
492
ALynn (NP News) - ဩဂုတ် ၃၁
ယခုလအစောပိုင်းက ဗီယင်နာတွင်ကျင်းပပြုလုပ်သည့် တေလာဆွစ်ဖ် ဖျော်ဖြေပွဲ၌ အကြမ်းဖက်သမားများသည် လက်လုပ်ဖောက်ခွဲရေးပစ္စည်းများနှင့် ဓားများအသုံးပြု၍ ပွဲလာပရိသတ်များကို သတ်ပစ်ရန် ရည်ရွယ်ထားကြောင်း CIA လက်ထောက်ညွှန်ကြားရေးမှူး David Cohen က ပြောကြားခဲ့ပြီး တိုက်ခိုက်မှုနှင့်ပတ်သက်၍ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီမှ သြစတြီးယားအာဏာပိုင်များအား သတိပေးထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Cohen ၏ ပြောကြားချက်အရ တိုက်ခိုက်သူများသည် ISIS နှင့် ဆက်နွှယ်နေကြောင်း သိရသည်။ "CIA နှင့် ကျွန်ုပ်တို့၏ထောက်လှမ်းရေးအသိုက် အဝန်းရှိ လုပ်ဖော်ကိုင်ဖက်များက ISIS နှင့် ဆက်နွှယ်သောအဖွဲ့၏ စီစဉ်နေသည့် အကြမ်းဖက်လုပ်ရပ်နှင့် သက်ဆိုင်သောအချက်အလက်များကို ပေးပို့လာသောကြောင့် သြစတြီးယားလုံခြုံရေးတပ်ဖွဲ့များသည် သံသယရှိသူ များကိုဖမ်းဆီးနိုင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။
သြဂုတ်လ ၈ ရက်တွင် Eras Tour ၏ ဥရောပအကျော့တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗီယင်နာတွင် စတင်ရန် စီစဉ်ထားသည့် Swift ဖျော်ဖြေပွဲ သုံးခုအနက်မှတစ်ခုကို တိုက်ခိုက်ရန် ကြံစည်သူများက စီစဉ်ခဲ့ကြောင်း သိရသည်။ သို့သော် ပွဲစီစဉ်သူ Barracuda Music မှ အာဏာပိုင်များ၏ ကြံစည်မှုနှင့် ပတ်သက်၍ သတင်းပေးချက်များကို ရရှိပြီးနောက် ရှိုးပွဲများကို ဖျက်သိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ကြံစည်မှုတွင် အဓိကသံသယရှိသူကို အသက် (၁၇)နှစ်အရွယ် ကြံရာပါတစ်ဦးနှင့်အတူ သြဂုတ် ၆ ရက်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဩစတြီးယားတာဝန်ရှိသူများက ပြောသည်။ ဩဂုတ်လ ၈ ရက်နေ့တွင် (၁၈)နှစ်အရွယ်၊ နောက်ထပ် သံသယရှိသူကိုလည်း ဖမ်းဆီးခဲ့သည်။ တိုက်ခိုက်မှု နောက် ကွယ်မှ အဓိကတရားခံသည် အသက်(၁၉)နှစ်ရှိသူဖြစ်ပြီး ISIS အဖွဲ့အား သစ္စာခံထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
zawgyi version
ေတလာဆြစ္ဖ္ေဖ်ာ္ေျဖပြဲတြင္ ပရိသတ္မ်ားအား အၾကမ္းဖက္ရန္ ႀကံစည္သူမ်ားအား CIA ေဖာ္ထုတ္
ALynn (NP News) - ဩဂုတ္ ၃၁
ယခုလအေစာပိုင္းက ဗီယင္နာတြင္က်င္းပျပဳလုပ္သည့္ ေတလာဆြစ္ဖ္ ေဖ်ာ္ေျဖပြဲ၌ အၾကမ္းဖက္သမားမ်ားသည္ လက္လုပ္ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္ ဓားမ်ားအသုံးျပဳ၍ ပြဲလာပရိသတ္မ်ားကို သတ္ပစ္ရန္ ရည္႐ြယ္ထားေၾကာင္း CIA လက္ေထာက္ၫႊန္ၾကားေရးမႉး David Cohen က ေျပာၾကားခဲ့ၿပီး တိုက္ခိုက္မႈႏွင့္ပတ္သက္၍ အေမရိကန္ေထာက္လွမ္းေရးေအဂ်င္စီမွ ၾသစႀတီးယားအာဏာပိုင္မ်ားအား သတိေပးထားေၾကာင္း ထပ္ေလာင္းေျပာၾကားခဲ့သည္။
Cohen ၏ ေျပာၾကားခ်က္အရ တိုက္ခိုက္သူမ်ားသည္ ISIS ႏွင့္ ဆက္ႏႊယ္ေနေၾကာင္း သိရသည္။ "CIA ႏွင့္ ကြၽႏ္ုပ္တို႔၏ေထာက္လွမ္းေရးအသိုက္ အဝန္းရွိ လုပ္ေဖာ္ကိုင္ဖက္မ်ားက ISIS ႏွင့္ ဆက္ႏႊယ္ေသာအဖြဲ႕၏ စီစဥ္ေနသည့္ အၾကမ္းဖက္လုပ္ရပ္ႏွင့္ သက္ဆိုင္ေသာအခ်က္အလက္မ်ားကို ေပးပို႔လာေသာေၾကာင့္ ၾသစႀတီးယားလုံၿခဳံေရးတပ္ဖြဲ႕မ်ားသည္ သံသယရွိသူ မ်ားကိုဖမ္းဆီးႏိုင္ခဲ့ေၾကာင္း” ေျပာၾကားခဲ့သည္။
ၾသဂုတ္လ ၈ ရက္တြင္ Eras Tour ၏ ဥေရာပအေက်ာ့တစ္စိတ္တစ္ပိုင္းအေနျဖင့္ ဗီယင္နာတြင္ စတင္ရန္ စီစဥ္ထားသည့္ Swift ေဖ်ာ္ေျဖပြဲ သုံးခုအနက္မွတစ္ခုကို တိုက္ခိုက္ရန္ ႀကံစည္သူမ်ားက စီစဥ္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ပြဲစီစဥ္သူ Barracuda Music မွ အာဏာပိုင္မ်ား၏ ႀကံစည္မႈႏွင့္ ပတ္သက္၍ သတင္းေပးခ်က္မ်ားကို ရရွိၿပီးေနာက္ ရႈိးပြဲမ်ားကို ဖ်က္သိမ္းခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ႀကံစည္မႈတြင္ အဓိကသံသယရွိသူကို အသက္ (၁၇)ႏွစ္အ႐ြယ္ ႀကံရာပါတစ္ဦးႏွင့္အတူ ၾသဂုတ္ ၆ ရက္က ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ဩစႀတီးယားတာဝန္ရွိသူမ်ားက ေျပာသည္။ ဩဂုတ္လ ၈ ရက္ေန႔တြင္ (၁၈)ႏွစ္အ႐ြယ္၊ ေနာက္ထပ္ သံသယရွိသူကိုလည္း ဖမ္းဆီးခဲ့သည္။ တိုက္ခိုက္မႈ ေနာက္ ကြယ္မွ အဓိကတရားခံသည္ အသက္(၁၉)ႏွစ္ရွိသူျဖစ္ၿပီး ISIS အဖြဲ႕အား သစၥာခံထားေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။