တယ်လီဂရမ်၏ အမှုဆောင်အရာရှိချုပ် ပါဗယ်ဒူရောဗ့်အပေါ် စွဲဆိုထားတာက အခြေမြစ်မရှိကြောင်း ရှေ့နေဖြစ်သူ ဝေဖန်ပြစ်တင်

 111

ဂျန်ဇက် (NP News) - ဩဂုတ် ၃၁

ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်သော တယ်လီဂရမ်၏ အမှုဆောင်အရာရှိချုပ် ပါဗယ်ဒူရောဗ့်အပေါ်စွဲဆိုထားသည့် စွဲချက်များသည် တစ်ဖက် သတ်စွပ်စွဲချက်များသာဖြစ်ကြောင်း ၎င်း၏ရှေ့နေဖြစ်သူက ဝေဖန်ပြစ်တင်လိုက်သည်။

ဒူရောဗ့်သည် ပြီးခဲ့သောသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံသို့ ကိုယ်ပိုင်လေ ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ဖမ်းဆီးခံရကာ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ (၅)သန်းဖြင့် အာမခံရရှိကာ လွတ်မြောက်နေသူဖြစ်သည်။ ဒူရောဗ့်၏ရှေ့နေဖြစ်သူက "ဒူရောဗ့်ဟာ ရာဇဝတ်မှုတွေမှာ တိုက်ရိုက်ပါဝင် ပတ်သက်တာ၊ သွယ်ဝိုက်ပြီး ဆက်နွှယ်တာမျိုးမရှိဘူး၊ ဥရောပသမဂ္ဂအဖွဲ့ က သတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ပါတယ်" ဟု ပြောသည်။

ပြင်သစ်အာဏာပိုင်များက ဒူရောဗ့် နှင့် ၎င်း၏လူမှုကွန်ရက်သည် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာကိစ္စများ၊ မူးယစ်ကုန်သွယ်မှုများ၊ တရားမဝင်ကုန်ငွေကြေးလွှဲပြောင်းမှုများတွင်ပါဝင်ဆက်နွှယ်မှုများအပါအဝင် စွဲချက်အနည်းဆုံး (၁၀)ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ ဒူရောဗ့်သည် အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်ပြီး ပြစ်မှုထင်ရှားမည်ဆိုလျှင် ယူရို (၅)သိန်းနှင့်အတူ ထောင်ဒဏ် (၅)နှစ်အထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိနေကြောင်းသိရသည်။

ပြင်သစ်သမ္မတ မက်ခရွန်ကတော့ "ကျွန်တော့်အနေနဲ့ ဒူရောဗ့် ပြင်သစ်နိုင်ငံကိုရောက်ရှိလာတာကို လုံးဝမသိပါဘူး။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါတယ်။ ကျွန်တော်ဟာ ပြင်သစ်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ဥပဒေအတိုင်းဖြစ်လာမယ့် ကိစ္စကို ကန့်ကွက်တာတွေလုပ်ဆောင်မှာမဟုတ်ဘူး၊ ကျွန် တော်ဟာ ဒူရောဗ့်ကို ပြင်သစ်နိုင်ငံကိုဖိတ်ခေါ်တာမျိုးမလုပ်ဘူး၊ ကျွန်တော် ဖိတ်ခေါ်ခဲ့လို့ ဒူရောဗ့် လာရောက်တယ်ဆိုတဲ့သတင်းတွေက မှန်ကန်မှုမရှိဘူး"ဟု ပြောသည်။

ဒူရောဗ့်သည် ရုရှားနိုင်ငံတွင်မွေးဖွားခဲ့သူဖြစ်သော်လည်း လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံ နှင့် ယူအေအီးနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ကြောင်းသိရသည်။ ဒူရောဗ့်သည် ပြီးခဲ့သော (၁၀)နှစ်ကျော်တွင် တယ်လီဂရမ် လူမူကွန်ရက်ကို ဖန်တီးတည်ထောင်ခဲ့ပြီး အဆိုပါပလက်ဖောင်းမှ တစ်လကိုအမေရိကန်ဒေါ်လာ ဘီလျံချီရရှိနေကာယူကရိန်းနှင့် ရုရှားနိုင်ငံသားများအဓိကထား သုံးစွဲနေကြောင်း သိရသည်။ ဒူရောဗ့်ကို ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာတဝန်းတွင် ဝေဖန်ပြစ်တင်မှုမြင့်တက်နေပြီး
လွတ်လပ်စွာပြောရေးဆိုခွင့်ကို ထိခိုက်စေခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်နေသည်။

zawgyi version
တယ္လီဂရမ္၏ အမႈေဆာင္အရာရွိခ်ဳပ္ ပါဗယ္ဒူေရာဗ့္အေပၚ စြဲဆိုထားတာက အေျချမစ္မရွိေၾကာင္း ေရွ႕ေနျဖစ္သူ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၃၁

ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုျဖစ္ေသာ တယ္လီဂရမ္၏ အမႈေဆာင္အရာရွိခ်ဳပ္ ပါဗယ္ဒူေရာဗ့္အေပၚစြဲဆိုထားသည့္ စြဲခ်က္မ်ားသည္ တစ္ဖက္ သတ္စြပ္စြဲခ်က္မ်ားသာျဖစ္ေၾကာင္း ၎၏ေရွ႕ေနျဖစ္သူက ေဝဖန္ျပစ္တင္လိုက္သည္။

ဒူေရာဗ့္သည္ ၿပီးခဲ့ေသာသီတင္းပတ္အတြင္း ျပင္သစ္ႏိုင္ငံသို႔ ကိုယ္ပိုင္ေလ ယာဥ္ျဖင့္ ေရာက္ရွိလာခဲ့ၿပီးေနာက္ ဖမ္းဆီးခံရကာ လက္ရွိအခ်ိန္တြင္ အေမရိကန္ေဒၚလာ (၅)သန္းျဖင့္ အာမခံရရွိကာ လြတ္ေျမာက္ေနသူျဖစ္သည္။ ဒူေရာဗ့္၏ေရွ႕ေနျဖစ္သူက "ဒူေရာဗ့္ဟာ ရာဇဝတ္မႈေတြမွာ တိုက္႐ိုက္ပါဝင္ ပတ္သက္တာ၊ သြယ္ဝိုက္ၿပီး ဆက္ႏႊယ္တာမ်ိဳးမရွိဘူး၊ ဥေရာပသမဂၢအဖြဲ႕ က သတ္မွတ္ထားတဲ့စည္းကမ္းေတြအတိုင္း လိုက္နာေဆာင္႐ြက္ပါတယ္" ဟု ေျပာသည္။

ျပင္သစ္အာဏာပိုင္မ်ားက ဒူေရာဗ့္ ႏွင့္ ၎၏လူမႈကြန္ရက္သည္ ကေလးငယ္မ်ား လိင္ပိုင္းဆိုင္ရာကိစၥမ်ား၊ မူးယစ္ကုန္သြယ္မႈမ်ား၊ တရားမဝင္ကုန္ေငြေၾကးလႊဲေျပာင္းမႈမ်ားတြင္ပါဝင္ဆက္ႏႊယ္မႈမ်ားအပါအဝင္ စြဲခ်က္အနည္းဆုံး (၁၀)ျဖင့္ စြဲခ်က္တင္ထားေၾကာင္း သိရသည္။ ဒူေရာဗ့္သည္ အဆိုပါစြပ္စြဲခ်က္ႏွင့္ပတ္သက္ၿပီး ျပစ္မႈထင္ရွားမည္ဆိုလွ်င္ ယူ႐ို (၅)သိန္းႏွင့္အတူ ေထာင္ဒဏ္ (၅)ႏွစ္အထိ ျပစ္ဒဏ္က်ခံရဖြယ္ရွိေနေၾကာင္းသိရသည္။

ျပင္သစ္သမၼတ မက္ခ႐ြန္ကေတာ့ "ကြၽန္ေတာ့္အေနနဲ႔ ဒူေရာဗ့္ ျပင္သစ္ႏိုင္ငံကိုေရာက္ရွိလာတာကို လုံးဝမသိပါဘူး။ ဒါဟာ သာမန္ျဖစ္႐ိုးျဖစ္စဥ္ပါတယ္။ ကြၽန္ေတာ္ဟာ ျပင္သစ္ႏိုင္ငံသားေတြနဲ႔ပတ္သက္ၿပီး ဥပေဒအတိုင္းျဖစ္လာမယ့္ ကိစၥကို ကန႔္ကြက္တာေတြလုပ္ေဆာင္မွာမဟုတ္ဘူး၊ ကြၽန္ ေတာ္ဟာ ဒူေရာဗ့္ကို ျပင္သစ္ႏိုင္ငံကိုဖိတ္ေခၚတာမ်ိဳးမလုပ္ဘူး၊ ကြၽန္ေတာ္ ဖိတ္ေခၚခဲ့လို႔ ဒူေရာဗ့္ လာေရာက္တယ္ဆိုတဲ့သတင္းေတြက မွန္ကန္မႈမရွိဘူး"ဟု ေျပာသည္။

ဒူေရာဗ့္သည္ ႐ုရွားႏိုင္ငံတြင္ေမြးဖြားခဲ့သူျဖစ္ေသာ္လည္း လက္ရွိအခ်ိန္တြင္ ျပင္သစ္ႏိုင္ငံ ႏွင့္ ယူေအအီးႏိုင္ငံသားအျဖစ္ ခံယူထားသူျဖစ္ေၾကာင္းသိရသည္။ ဒူေရာဗ့္သည္ ၿပီးခဲ့ေသာ (၁၀)ႏွစ္ေက်ာ္တြင္ တယ္လီဂရမ္ လူမူကြန္ရက္ကို ဖန္တီးတည္ေထာင္ခဲ့ၿပီး အဆိုပါပလက္ေဖာင္းမွ တစ္လကိုအေမရိကန္ေဒၚလာ ဘီလ်ံခ်ီရရွိေနကာယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံသားမ်ားအဓိကထား သုံးစြဲေနေၾကာင္း သိရသည္။ ဒူေရာဗ့္ကို ဖမ္းဆီးျခင္းႏွင့္ပတ္သက္ၿပီး ကမာၻတဝန္းတြင္ ေဝဖန္ျပစ္တင္မႈျမင့္တက္ေနၿပီး
လြတ္လပ္စြာေျပာေရးဆိုခြင့္ကို ထိခိုက္ေစခဲ့ျခင္းျဖစ္ေၾကာင္း ေဝဖန္ျပစ္တင္ေနသည္။

Related news

© 2021. All rights reserved.