နိုင်ငံတွင်းကို ရုရှားသမ္မတလာရောက်လည်ပတ်ချိန်အတွင်း ဖမ်းဆီးပေးဖို့ မွန် ဂိုလီးယား အစိုးရကို ယူကရိန်းတိုက်တွန်းတောင်းဆို
947
Pika (NP News) - ဩဂုတ် ၃၁
လာမယ့်စက်တင်ဘာလ(၃)ရက်နေ့မှာ မွန်ဂိုလီးယားနိုင်ငံကို ရုရှားသမ္မတပူတင်လာရောက်လည်ပတ်ချိန်အတွင်း ဖမ်းဆီးပေးဖို့ မွန်ဂိုလီးယားအစိုးရကို ယူကရိန်းအစိုးရက ဩဂုတ်လ(၃၀)ရက်နေ့မှာ တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။
ဒါပေမဲ့လည်း မွန်ဂိုလီးယားနိုင်ငံကို သွားရောက်လည်ပတ်မယ့်ခရီးစဉ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာမျိုးမရှိဘူးလို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုထားပါတယ်။ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရုရှားသမ္မတပူတင်က စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်ဆိုပြီး နိုင်ငံတကာရာဇဝတ်တရားရုံးက ပြီးခဲ့တဲ့နှစ်မတ်လမှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ စွပ်စွဲပြောဆိုချက်တွေကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီဖမ်းဝရမ်းဟာ မွန်ဂိုလီးယားအပါအဝင် အဖွဲ့ဝင်နိုင်ငံ(၁၂၄)နိုင်ငံအတွက် အကျုံးဝင်ပြီး ၎င်းတို့ရဲ့မြေပေါ်ကို ပူတင်ခြေချခဲ့မယ်ဆိုရင် ဖမ်းဆီးပြီး လွှဲ ပြောင်းပေးဖို့ အမိန့်ပေးထားတယ်လို့လည်း သိရပါတယ်။ ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီးဌာနက 'နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ အမိန့်ကိုလိုက်နာတဲ့အနေနဲ့ ပူတင်ကို ဖမ်းဆီးပြီး လွှဲပြောင်းပေးဖို့ မွန်ဂိုလီးယားအာဏာပိုင်တွေကို ကျွန်တော်တို့တောင်းဆိုပါတယ်'လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် မွန်ဂိုလီးယားနိုင်ငံဟာ ICC အဖွဲ့ဝင်ဖြစ်နေတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိလားဆိုတဲ့အချက်ကို ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက 'ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုံးဝစိတ်မပူပါဘူး။ မွန်ဂိုလီးယားနိုင်ငံနဲ့ ကျွန်တော်တို့ကြားမှာ နွေးထွေးတဲ့ဆက်ဆံရေးတွေရှိပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
ႏိုင္ငံတြင္းကို ႐ုရွားသမၼတလာေရာက္လည္ပတ္ခ်ိန္အတြင္း ဖမ္းဆီးေပးဖို႔ မြန္ ဂိုလီးယား အစိုးရကို ယူကရိန္းတိုက္တြန္းေတာင္းဆို
Pika (NP News) - ဩဂုတ္ ၃၁
လာမယ့္စက္တင္ဘာလ(၃)ရက္ေန႔မွာ မြန္ဂိုလီးယားႏိုင္ငံကို ႐ုရွားသမၼတပူတင္လာေရာက္လည္ပတ္ခ်ိန္အတြင္း ဖမ္းဆီးေပးဖို႔ မြန္ဂိုလီးယားအစိုးရကို ယူကရိန္းအစိုးရက ဩဂုတ္လ(၃၀)ရက္ေန႔မွာ တိုက္တြန္းခဲ့တယ္လို႔သိရပါတယ္။
ဒါေပမဲ့လည္း မြန္ဂိုလီးယားႏိုင္ငံကို သြားေရာက္လည္ပတ္မယ့္ခရီးစဥ္နဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္တာမ်ိဳးမရွိဘူးလို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆိုထားပါတယ္။ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ႐ုရွားသမၼတပူတင္က စစ္ရာဇဝတ္မႈေတြက်ဴးလြန္ေနတယ္ဆိုၿပီး ႏိုင္ငံတကာရာဇဝတ္တရား႐ုံးက ၿပီးခဲ့တဲ့ႏွစ္မတ္လမွာ ဖမ္းဝရမ္းထုတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကို ႐ုရွားအစိုးရက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
အဲဒီဖမ္းဝရမ္းဟာ မြန္ဂိုလီးယားအပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံ(၁၂၄)ႏိုင္ငံအတြက္ အက်ဳံးဝင္ၿပီး ၎တို႔ရဲ႕ေျမေပၚကို ပူတင္ေျခခ်ခဲ့မယ္ဆိုရင္ ဖမ္းဆီးၿပီး လႊဲ ေျပာင္းေပးဖို႔ အမိန႔္ေပးထားတယ္လို႔လည္း သိရပါတယ္။ ယူကရိန္းႏိုင္ငံ ျခားေရးဝန္ႀကီးဌာနက 'ႏိုင္ငံတကာရာဇဝတ္တရား႐ုံးရဲ႕ အမိန႔္ကိုလိုက္နာတဲ့အေနနဲ႔ ပူတင္ကို ဖမ္းဆီးၿပီး လႊဲေျပာင္းေပးဖို႔ မြန္ဂိုလီးယားအာဏာပိုင္ေတြကို ကြၽန္ေတာ္တို႔ေတာင္းဆိုပါတယ္'လို႔ သတင္းထုတ္ျပန္ထားပါတယ္။
ဒါ့ျပင္ မြန္ဂိုလီးယားႏိုင္ငံဟာ ICC အဖြဲ႕ဝင္ျဖစ္ေနတာနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြရွိလားဆိုတဲ့အခ်က္ကို ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ၎က 'ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ လုံးဝစိတ္မပူပါဘူး။ မြန္ဂိုလီးယားႏိုင္ငံနဲ႔ ကြၽန္ေတာ္တို႔ၾကားမွာ ေႏြးေထြးတဲ့ဆက္ဆံေရးေတြရွိပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။