မကွေးမြို့ရှိ ဧရာဝတီမြစ်ဆိပ်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး
537
နာမူ (NP News) - ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ရှိ ဧရာဝတီမြစ်ဆိပ်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ပရဟိတမင်းခေါင် ရှာဖွေကယ် ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၃၀ ရက်) ညနေ ၄ နာရီခန့်က မကွေးမြို့၊ မြို့ဟောင်း အမှတ်(၁)၊ သီရီဇေယျာလမ်း ဧရာဝတီမြစ်ဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ရေဆင်းကူးရင်းနဲ့ သေသွားတဲ့ သဘောပေါ့။ ကျွန်တော်တို့ကို လှမ်းအကြောင်းကြားတာက ညနေ (၄)နာရီ၊ အလောင်းကို ရှာတွေ့တာက (၆)နာရီပေါ့။ အလောင်းကို (၂)နာရီလောက်ရှာလိုက်ရတယ်” ဟု ပရဟိမင်းခေါင်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ရေနစ်သေဆုံးသူအမျိုးသားမှာ သီရိဇေယျာလမ်းတွင် နေထိုင်သည့် အသက် (၃၂) နှစ်အရွယ် ကိုအောင်စန်းထွေးဖြစ်ကြောင်း သိရသည်။ “အကြံပြုချင်တာကတော့ ရေတက်ရေကျမို့ ရေကျတဲ့အချိန်ကတော့ အန္တရာယ်များတယ် ရေဆင်းမကူးကြဖို့ပဲ အကြံပေးချင်ပါတယ်”ဟု ၎င်းကအကြံပြုထားသည်။
ထို့ကြောင့် ရေနစ်သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က မကွေးမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှတဆင့် မကွေးသုဿန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
မေကြးၿမိဳ႕ရွိ ဧရာဝတီျမစ္ဆိပ္တြင္ အမ်ိဳးသားတစ္ဦး ေရဆင္းကူးရာမွ ေရနစ္ေသဆုံး
နာမူ (NP News) - ဩဂုတ္ ၃၁
မေကြးတိုင္းေဒသႀကီး ၊ မေကြးၿမိဳ႕ရွိ ဧရာဝတီျမစ္ဆိပ္တြင္ အမ်ိဳးသားတစ္ဦး ေရဆင္းကူးရာမွ ေရနစ္ေသဆုံးခဲ့ေၾကာင္း ပရဟိတမင္းေခါင္ ရွာေဖြကယ္ ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၃၀ ရက္) ညေန ၄ နာရီခန႔္က မေကြးၿမိဳ႕၊ ၿမိဳ႕ေဟာင္း အမွတ္(၁)၊ သီရီေဇယ်ာလမ္း ဧရာဝတီျမစ္ဆိပ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ေရဆင္းကူးရင္းနဲ႔ ေသသြားတဲ့ သေဘာေပါ့။ ကြၽန္ေတာ္တို႔ကို လွမ္းအေၾကာင္းၾကားတာက ညေန (၄)နာရီ၊ အေလာင္းကို ရွာေတြ႕တာက (၆)နာရီေပါ့။ အေလာင္းကို (၂)နာရီေလာက္ရွာလိုက္ရတယ္” ဟု ပရဟိမင္းေခါင္လူမႈကူညီေရးအသင္းက တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ေရနစ္ေသဆုံးသူအမ်ိဳးသားမွာ သီရိေဇယ်ာလမ္းတြင္ ေနထိုင္သည့္ အသက္ (၃၂) ႏွစ္အ႐ြယ္ ကိုေအာင္စန္းေထြးျဖစ္ေၾကာင္း သိရသည္။ “အႀကံျပဳခ်င္တာကေတာ့ ေရတက္ေရက်မို႔ ေရက်တဲ့အခ်ိန္ကေတာ့ အႏၲရာယ္မ်ားတယ္ ေရဆင္းမကူးၾကဖို႔ပဲ အႀကံေပးခ်င္ပါတယ္”ဟု ၎ကအႀကံျပဳထားသည္။
ထို႔ေၾကာင့္ ေရနစ္ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ပရဟိတမင္းေခါင္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕က မေကြးၿမိဳ႕ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံမွတဆင့္ မေကြးသုႆန္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။