ဘရာဇီးနိုင်ငံတွင် ကမ္ဘာကျော်လူမှုကွန်ရက် X ကို အသုံးပြုခွင့်ပိတ်ပင်ရန် အမိန့်ထုတ်

 1081

ဂျန်ဇက် (NP News) - သြဂုတ် ၃၁

ဘရာဇီးတရားရုံးချုပ်သည် ဘရာဇီးနိုင်ငံတွင် ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်သော X အသုံးပြုခွင့်ပိတ်ပင်ရန် အမိန့်ပေးလိုက်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီသည် ဘရာဇီးနိုင်ငံနှင့်ပတ်သက်ပြီး ကုမ္ပဏီကိုယ်စားလှယ်ခန့်အပ်ရန် ငြင်းဆန်ခဲ့ပြီးနောက် ဘရာဇီးတရားရုံးချုပ်တရားသူကြီး အလက်ဇန်ဒါဒီမိုရက်စ်က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သော အီလွန်မတ် ပိုင်ဆိုင်ထားသည့် X သည် သြဂုတ် ၁၇ ရက်တွင် ဘရာဇီးနိုင်ငံရှိ ၎င်းတို့ကိုယ်စားလှယ်ရုံးကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ လူမူကွန်ရက်ကုမ္ပဏီက ဘရာဇီးအာဏာပိုင်များ သည် ၎င်းတို့ ကုမ္ပဏီ၏ ဘရာဇီးနိုင်ငံဆိုင်ရာကိုယ်စားလှယ်ကို ထိန်းသိမ်းမည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါလူမှုကွန်ရက်သည် ဒီမိုကရေစီကို ထိခိုက်နစ်နာဖွယ်ရှိနေသည့်အကြောင်းအရာများကို လူမူကွန်ရက်တွင် ရေးသားဖော်ပြခြင်းကို ဖယ်ရှားရန် ငြင်းဆန်ခဲ့ပြီးနောက် ဘရာဇီးတရားရုံးချုပ် နှင့် X ကုမ္ပဏီကြား အငြင်းပွားမှုများရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘရာဇီးတရားရုံးက X သည် သတ်မှတ်ထားသည့် ဘရာဇီးနိုင်ငံစည်းကမ်းများကိုလိုက်နာရန် ပျက်ကွက်ခဲ့ခြင်း ကြောင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း ဒဏ်ငွေပေးဆောင်ရမည်ဟု အမိန့်ထုတ်ပြန်ထားသည်။ ဘရာဇီး တရားရုံးချုပ်တရားသူကြီးသည် X ကို နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်ရန် ဘရာဇီးဆက်သွယ်ရေးအေဂျင်စီကို အမိန့်ပေးထားကြောင်း သိရသည်။

Zawgyi Version;
ဘရာဇီးႏိုင္ငံတြင္ ကမာၻေက်ာ္လူမႈကြန္ရက္ X ကို အသုံးျပဳခြင့္ပိတ္ပင္ရန္ အမိန႔္ထုတ္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၃၁

ဘရာဇီးတရား႐ုံးခ်ဳပ္သည္ ဘရာဇီးႏိုင္ငံတြင္ ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုျဖစ္ေသာ X အသုံးျပဳခြင့္ပိတ္ပင္ရန္ အမိန႔္ေပးလိုက္ေၾကာင္း သိရသည္။ အဆိုပါ ကုမၸဏီသည္ ဘရာဇီးႏိုင္ငံႏွင့္ပတ္သက္ၿပီး ကုမၸဏီကိုယ္စားလွယ္ခန႔္အပ္ရန္ ျငင္းဆန္ခဲ့ၿပီးေနာက္ ဘရာဇီးတရား႐ုံးခ်ဳပ္တရားသူႀကီး အလက္ဇန္ဒါဒီမိုရက္စ္က အမိန႔္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္တစ္ဦးျဖစ္ေသာ အီလြန္မတ္ ပိုင္ဆိုင္ထားသည့္ X သည္ ၾသဂုတ္ ၁၇ ရက္တြင္ ဘရာဇီးႏိုင္ငံရွိ ၎တို႔ကိုယ္စားလွယ္႐ုံးကို ပိတ္သိမ္းခဲ့ေၾကာင္း သိရသည္။ လူမူကြန္ရက္ကုမၸဏီက ဘရာဇီးအာဏာပိုင္မ်ား သည္ ၎တို႔ ကုမၸဏီ၏ ဘရာဇီးႏိုင္ငံဆိုင္ရာကိုယ္စားလွယ္ကို ထိန္းသိမ္းမည္ဟု ၿခိမ္းေျခာက္မႈမ်ားရွိေနေၾကာင္း သတင္းထုတ္ျပန္ထားသည္။
အဆိုပါလူမႈကြန္ရက္သည္ ဒီမိုကေရစီကို ထိခိုက္နစ္နာဖြယ္ရွိေနသည့္အေၾကာင္းအရာမ်ားကို လူမူကြန္ရက္တြင္ ေရးသားေဖာ္ျပျခင္းကို ဖယ္ရွားရန္ ျငင္းဆန္ခဲ့ၿပီးေနာက္ ဘရာဇီးတရား႐ုံးခ်ဳပ္ ႏွင့္ X ကုမၸဏီၾကား အျငင္းပြားမႈမ်ားရွိလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘရာဇီးတရား႐ုံးက X သည္ သတ္မွတ္ထားသည့္ ဘရာဇီးႏိုင္ငံစည္းကမ္းမ်ားကိုလိုက္နာရန္ ပ်က္ကြက္ခဲ့ျခင္း ေၾကာင့္ အေမရိကန္ေဒၚလာ ၃ ဒသမ ၂ သန္း ဒဏ္ေငြေပးေဆာင္ရမည္ဟု အမိန႔္ထုတ္ျပန္ထားသည္။ ဘရာဇီး တရား႐ုံးခ်ဳပ္တရားသူႀကီးသည္ X ကို ႏိုင္ငံအတြင္း အသုံးျပဳခြင့္ပိတ္ပင္ရန္ ဘရာဇီးဆက္သြယ္ေရးေအဂ်င္စီကို အမိန႔္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.