စမ်းချောင်းမြို့နယ်တွင် အိမ်စီးကားတစ်စီး အရှိန်လွန်၍ လမ်းအလယ်သစ်ပင်ကိုဝင်တိုက်မိရာ ယာဉ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာရ
543
ချယ်ရီ (NP News) - ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အိမ်စီးကားတစ်စီး အရှိန် လွန်၍ လမ်းလယ်သစ်ပင်ကိုဝင်တိုက်မိရာ ယာဉ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၃၀ ရက်)၊ ည ၁၁နာရီ၃၀မိနစ် အချိန်ခန့်က စမ်းချောင်းမြို့နယ်၊ မြေနီကုန်း တော်လှန်ရေးပန်းခြံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“စမ်းချောင်းဘက်ကို ပြန်လာတာပေါ့နော်။ မြို့ထဲဘက်က ပြန်လာပြီးတော့ ကားကိုပြန်ကွေ့တာ။ ကွေ့တဲ့အချိန်မှာ ကွေ့တဲ့နေရာမှားပြီးတော့ အလယ်မှာသစ်ပင်တွေစိုက်ထားတဲ့ ကွန်ကရစ်ဘောင်တွေရှိတယ်။ အဲဒီစိုက်ထားတဲ့ ကွန်ကရစ်ဘောင်ကိုကျော်ပြီးတော့ အပင်တွေပါတိုက်ပြီး ဟိုဘက်ကားလမ်းကို ကျော်သွားတာ”ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အိမ်စီးကားပေါ်တွင်လိုက်ပါလာသည့် အသက် (၂၅)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားတွင် ဦးခေါင်းထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။ “ညဘက်ကျရင် သူငယ်ချင်းအပေါင်းသင်းနဲ့ တွေ့ဆုံပြီးတော့ စားကြ၊သောက်ကြ အဲဒီလို အရက်သေစာ သောက်စားဖြစ်မယ်ဆိုရင် ယာဉ်မောင်းကို သက်သက် တစ်ယောက်ခေါ်လာသင့်တယ်ထင်တယ်”ဟု ၎င်းက အကြံပြုပြောကြားထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးကို စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့က ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
zawgyi version
စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ အိမ္စီးကားတစ္စီး အရွိန္လြန္၍ လမ္းအလယ္သစ္ပင္ကိုဝင္တိုက္မိရာ ယာဥ္ေမာင္းအမ်ိဳးသား ထိခိုက္ဒဏ္ရာရ
ခ်ယ္ရီ (NP News) - ဩဂုတ္ ၃၁
ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ အိမ္စီးကားတစ္စီး အရွိန္ လြန္၍ လမ္းလယ္သစ္ပင္ကိုဝင္တိုက္မိရာ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းကို စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၃၀ ရက္)၊ ည ၁၁နာရီ၃၀မိနစ္ အခ်ိန္ခန႔္က စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္း ေတာ္လွန္ေရးပန္းၿခံအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
“စမ္းေခ်ာင္းဘက္ကို ျပန္လာတာေပါ့ေနာ္။ ၿမိဳ႕ထဲဘက္က ျပန္လာၿပီးေတာ့ ကားကိုျပန္ေကြ႕တာ။ ေကြ႕တဲ့အခ်ိန္မွာ ေကြ႕တဲ့ေနရာမွားၿပီးေတာ့ အလယ္မွာသစ္ပင္ေတြစိုက္ထားတဲ့ ကြန္ကရစ္ေဘာင္ေတြရွိတယ္။ အဲဒီစိုက္ထားတဲ့ ကြန္ကရစ္ေဘာင္ကိုေက်ာ္ၿပီးေတာ့ အပင္ေတြပါတိုက္ၿပီး ဟိုဘက္ကားလမ္းကို ေက်ာ္သြားတာ”ဟု စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အိမ္စီးကားေပၚတြင္လိုက္ပါလာသည့္ အသက္ (၂၅)ႏွစ္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားတြင္ ဦးေခါင္းထိခိုက္ ဒဏ္ရာရရွိခဲ့ၿပီး အမ်ိဳးသမီးတစ္ဦးတြင္လည္း ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့ေၾကာင္း သိရသည္။ “ညဘက္က်ရင္ သူငယ္ခ်င္းအေပါင္းသင္းနဲ႔ ေတြ႕ဆုံၿပီးေတာ့ စားၾက၊ေသာက္ၾက အဲဒီလို အရက္ေသစာ ေသာက္စားျဖစ္မယ္ဆိုရင္ ယာဥ္ေမာင္းကို သက္သက္ တစ္ေယာက္ေခၚလာသင့္တယ္ထင္တယ္”ဟု ၎က အႀကံျပဳေျပာၾကားထားသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ(၂)ဦးကို စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕က ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။