မွန်ဂိုလီးယားနိုင်ငံကိုသွားရောက်ချိန်တွင် သမ္မတပူတင် ဖမ်းဆီးခံရမည်ကို စိုးရိမ်မှုမရှိကြောင်း ရုရှားအစိုးရပြော

 426

ဂျန်ဇက် (NP News) - သြဂုတ် ၃၁

ရုရှားသမ္မတပူတင်အနေဖြင့် မွန်ဂိုလီးယားနိုင်ငံကို သွားရောက်သောခရီးစဉ်အတွင်း ဖမ်းဆီးခံရမည်ကို စိုးရိမ်မှုမရှိ ကြောင်း ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ထုတ်ဖော်ပြောလိုက်သည်။ ပူတင်သည် စက်တင်ဘာ ၃ ရက်တွင် မွန်ဂိုလီးယားနိုင်ငံတွင် ကျင်းပမည့် စစ်အောင်ပွဲအခမ်းအနားကို တက်ရောက်မည်ဖြစ်ရာ နိုင်ငံတကာရာဇဝတ်တရားရုံးက ပူတင်ကို ဖမ်းဆီးရန် မွန်ဂိုလီးယားအစိုးရကို ညွှန်ကြားထားကြောင်း သိရသည်။
ပက်ကောဗ့်က "မွန်ဂိုလီးယားနိုင်ငံနဲ့ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိနေပါတယ်။ ပူတင်ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတဲ့ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့အမိန့်ကို စိုးရိမ်မှုမရှိဘူး" ဟု‌ ပြောသည်။
ICC အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ အဒူလာက "အဖွဲ့ဝင်နိုင်ငံအားလုံးဟာ အဖွဲ့ရဲ့သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမှာဖြစ်တယ်" ဟု ပြောသည်။ မွန်ဂိုလီယားနိုင်ငံသည် ၂၀၀၂ ခုနှစ်တွင် နိုင်ငံတကာ ရာဇဝတ်တရားရုံးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။ နိုင်ငံတကာရာဇဝတ်တရားရုံးသည် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားသမ္မတကို စစ်ရာဇဝတ်ကျူးလွန်သူအဖြစ် သတ်မှတ်ထားပြီး ဖမ်းဝရမ်းထုတ်ထား ကြောင်းသိရသည်။

Zawgyi Version;
မြန္ဂိုလီးယားႏိုင္ငံကိုသြားေရာက္ခ်ိန္တြင္ သမၼတပူတင္ ဖမ္းဆီးခံရမည္ကို စိုးရိမ္မႈမရွိေၾကာင္း ႐ုရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၃၁

႐ုရွားသမၼတပူတင္အေနျဖင့္ မြန္ဂိုလီးယားႏိုင္ငံကို သြားေရာက္ေသာခရီးစဥ္အတြင္း ဖမ္းဆီးခံရမည္ကို စိုးရိမ္မႈမရွိ ေၾကာင္း ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္က ထုတ္ေဖာ္ေျပာလိုက္သည္။ ပူတင္သည္ စက္တင္ဘာ ၃ ရက္တြင္ မြန္ဂိုလီးယားႏိုင္ငံတြင္ က်င္းပမည့္ စစ္ေအာင္ပြဲအခမ္းအနားကို တက္ေရာက္မည္ျဖစ္ရာ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးက ပူတင္ကို ဖမ္းဆီးရန္ မြန္ဂိုလီးယားအစိုးရကို ၫႊန္ၾကားထားေၾကာင္း သိရသည္။
ပက္ေကာဗ့္က "မြန္ဂိုလီးယားႏိုင္ငံနဲ႔ ကြၽန္ေတာ္တို႔ဟာ ေကာင္းမြန္တဲ့ဆက္ဆံေရးေတြ ရွိေနပါတယ္။ ပူတင္ကို ဖမ္းဆီးဖို႔ ဝရမ္းထုတ္ထားတဲ့ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးရဲ႕အမိန႔္ကို စိုးရိမ္မႈမရွိဘူး" ဟု‌ ေျပာသည္။
ICC အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္သူ အဒူလာက "အဖြဲ႕ဝင္ႏိုင္ငံအားလုံးဟာ အဖြဲ႕ရဲ႕သတ္မွတ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာရမွာျဖစ္တယ္" ဟု ေျပာသည္။ မြန္ဂိုလီယားႏိုင္ငံသည္ ၂၀၀၂ ခုႏွစ္တြင္ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခဲ့ေၾကာင္း သိရသည္။ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးသည္ ယူကရိန္း စစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွားသမၼတကို စစ္ရာဇဝတ္က်ဴးလြန္သူအျဖစ္ သတ္မွတ္ထားၿပီး ဖမ္းဝရမ္းထုတ္ထား ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.