တွမ်ဟန့်ခ်က သူ့ရဲ့ပုံကို AI နဲ့အတုလုပ်ကာ အသုံးပြုထားတဲ့ဆေးကြော်ငြာတွေနဲ့ပတ်သက်ပြီး သတိပေး
176
ရောင်နီ (NP News) - စက်တင်ဘာ ၁
တွမ်ဟန့်ခ်က သူ့ရဲ့ပုံစံကို AI နဲ့ အတုပြုလုပ်ဖန်တီးပြီး အသုံးပြုထားတဲ့ ဆိုရှယ်မီဒီယာကြော်ငြာတွေနဲ့ပတ်သက်ပြီး အင်စတာဂရမ်မှာ သတိပေးထားပါတယ်။
"အင်တာနက်ပေါ်မှာ ကျွန်တော့်နာမည်၊ သဏ္ဍာန်တွေကို AI နဲ့ထုတ်ပြီး အံ့ဖွယ်ကုသနည်းတွေနဲ့ အံ့သြဖွယ်ဆေးဝါးတွေအကြောင်းကြော်ငြာနေတဲ့ အတုအယောင်ကြော်ငြာတွေ အများကြီးရှိနေတယ်။ အဲဒီကြော်ငြာတွေဟာ ကျွန်တော့်ရဲ့သဘောဆန္ဒမပါဘဲ AI နဲ့ ဖန်တီးထားပါတယ်။ အဲဒီထုတ်ကုန်တွေနဲ့ကျွန်တော်ဟာ ဘာမှမဆိုင်ပါဘူး" လို့ တွမ်က သူ့ရဲ့ Instagram စာမျက်နှာမှာ ဩဂုတ်လ ၂၉ ရက်က ရေးသားခဲ့ပါတယ်။
အမျိုးအစား ၂ ဆီးချိုရောဂါ ခံစားနေရသူတစ်ဦးဖြစ်တဲ့ တွမ်က "ကျွန်တော့်ရဲ့ကုသမှုနဲ့ပတ်သက်ပြီး ကျွန်တော်က ဘုတ်အဖွဲ့က အသိအမှတ်ပြုထားတဲ့ဆရာဝန်နဲ့သာ အလုပ်လုပ်ပါတယ်။ အလိမ်မခံပါနဲ့။ ခက်ခက်ခဲခဲရထားတဲ့ငွေတွေကို မဆုံးရှုံးပါစေနဲ့” လို့ ရေးသားခဲ့ပါတယ်။
ဒစ်ဂျစ်တယ် AI ခေတ်မှာ လူတစ်ဦးချင်းစီရဲ့အထောက်အထားတွေကို အလွဲသုံးစားလုပ်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ ပြည်နယ်နဲ့ ဖက်ဒရယ်ဥပဒေပြုလွှတ်တော်တွေက မကြာသေးခက်က တွန်းအားပေးခဲ့ပါတယ်။ တန်နန်ဆက်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့လက "The Ensuring Likeness Voice and Image Security Act" လို့ခေါ်တဲ့ ရုပ်ပုံ (သို့မဟုတ်) အသံကို အတုခိုးတဲ့အကြောင်းအရာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းမှ ကာကွယ်ပေးဖို့ ရည်ရွယ်တဲ့ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားပါတယ်။
Zawgyi Version;
တြမ္ဟန႔္ခ္က သူ႔ရဲ႕ပုံကို AI နဲ႔အတုလုပ္ကာ အသုံးျပဳထားတဲ့ေဆးေၾကာ္ျငာေတြနဲ႔ပတ္သက္ၿပီး သတိေပး
ေရာင္နီ (NP News) - စက္တင္ဘာ ၁
တြမ္ဟန႔္ခ္က သူ႔ရဲ႕ပုံစံကို AI နဲ႔ အတုျပဳလုပ္ဖန္တီးၿပီး အသုံးျပဳထားတဲ့ ဆိုရွယ္မီဒီယာေၾကာ္ျငာေတြနဲ႔ပတ္သက္ၿပီး အင္စတာဂရမ္မွာ သတိေပးထားပါတယ္။
"အင္တာနက္ေပၚမွာ ကြၽန္ေတာ့္နာမည္၊ သ႑ာန္ေတြကို AI နဲ႔ထုတ္ၿပီး အံ့ဖြယ္ကုသနည္းေတြနဲ႔ အံ့ၾသဖြယ္ေဆးဝါးေတြအေၾကာင္းေၾကာ္ျငာေနတဲ့ အတုအေယာင္ေၾကာ္ျငာေတြ အမ်ားႀကီးရွိေနတယ္။ အဲဒီေၾကာ္ျငာေတြဟာ ကြၽန္ေတာ့္ရဲ႕သေဘာဆႏၵမပါဘဲ AI နဲ႔ ဖန္တီးထားပါတယ္။ အဲဒီထုတ္ကုန္ေတြနဲ႔ကြၽန္ေတာ္ဟာ ဘာမွမဆိုင္ပါဘူး" လို႔ တြမ္က သူ႔ရဲ႕ Instagram စာမ်က္ႏွာမွာ ဩဂုတ္လ ၂၉ ရက္က ေရးသားခဲ့ပါတယ္။
အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါ ခံစားေနရသူတစ္ဦးျဖစ္တဲ့ တြမ္က "ကြၽန္ေတာ့္ရဲ႕ကုသမႈနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္က ဘုတ္အဖြဲ႕က အသိအမွတ္ျပဳထားတဲ့ဆရာဝန္နဲ႔သာ အလုပ္လုပ္ပါတယ္။ အလိမ္မခံပါနဲ႔။ ခက္ခက္ခဲခဲရထားတဲ့ေငြေတြကို မဆုံးရႈံးပါေစနဲ႔” လို႔ ေရးသားခဲ့ပါတယ္။
ဒစ္ဂ်စ္တယ္ AI ေခတ္မွာ လူတစ္ဦးခ်င္းစီရဲ႕အေထာက္အထားေတြကို အလြဲသုံးစားလုပ္ခံရျခင္းမွ ကာကြယ္ႏိုင္ဖို႔ ျပည္နယ္နဲ႔ ဖက္ဒရယ္ဥပေဒျပဳလႊတ္ေတာ္ေတြက မၾကာေသးခက္က တြန္းအားေပးခဲ့ပါတယ္။ တန္နန္ဆက္ျပည္နယ္မွာေတာ့ ၿပီးခဲ့တဲ့လက "The Ensuring Likeness Voice and Image Security Act" လို႔ေခၚတဲ့ ႐ုပ္ပုံ (သို႔မဟုတ္) အသံကို အတုခိုးတဲ့အေၾကာင္းအရာေတြကို ခြင့္ျပဳခ်က္မရွိဘဲ အသုံးျပဳျခင္းမွ ကာကြယ္ေပးဖို႔ ရည္႐ြယ္တဲ့ဥပေဒတစ္ရပ္ကို ျပ႒ာန္းထားပါတယ္။