အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်၊ ဝစ္စကွန်ဆင်မှာ ခြင်ကြောင့်ဖြစ်တဲ့ West Nile ဗိုင်းရပ်စ်ကူးစက်ခံရခြင်းကြောင့် လူ ၂ ဦး သေဆုံး

 406

ရောင်နီ (NP News) - စက်တင်ဘာ ၁

အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်၊ ဝစ္စကွန်ဆင်မှာ West Nile ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု နှစ်ခု ရှိခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးဌာနတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ဒီနှစ်အတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းမှာဆိုရင် West Nile ကြောင့် သေဆုံးသူ ၁၈ ဦးထိ ရှိလာခဲ့တယ်လို့ ပဏမအချက်အလက်တွေအရ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက ကြာသပတေးနေ့ (ဩဂုတ်လ ၂၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ၂ဝ၂၃ ခုနှစ်ကလည်း နိုင်ငံတစ်ဝှမ်း West Nile ကြောင့် သေဆုံးမှု ၁၈၂ ခုထိ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုသေဆုံးမှုကတော့ ဝစ္စကွန်ဆင်မှာ ပထမဆုံး West Nail ကြောင့် လူသေဆုံးမှုဖြစ်ပြီး Fond du Lac နဲ့ Brown ခရိုင်တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် West Nile ရောဂါဖြစ်ပွားမှု ၉ ခုကိုလည်း Cook၊ DuPage၊ Will၊ Winnebago နဲ့ Tazewell ခရိုင်တွေမှာ တွေ့ရှိ ရတယ်လို့ ဆိုထားပါတယ်။

CDC ရဲ့ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်အတွင်း ပြည်နယ် ၃၃ ခုမှာ West Nile ရောဂါဖြစ်ပွားမှု ၂၈၉ မှု ရှိနေတယ်လို့ သိရပါတယ်။ West Nile ရောဂါဖြစ်ပြီဆိုရင် ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်ပျက်စီးခြင်း (သို့မဟုတ်) သေဆုံးခြင်း စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ West Nile အတွက် ကာကွယ်ဆေး (သို့မဟုတ်) တိကျတဲ့ ကုသမှုတွေတော့ မရှိသေးပါဘူး။ ရောဂါလက္ခဏာ အနေနဲ့ဆိုရင်လည်း တုပ်ကွေးလက္ခဏာတွေ ပေါ်လာတတ်ပြီး တခါတလေ အဖုအပိန့်တွေလည်း ထွက်လာတတ်တယ်လို့ သိရပါတယ်။ West Nile ကူးစက်မှုကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခြင်တွေနဲ့ထိတွေ့မှုကို လျှော့ချခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

West Nile ဗိုင်းရပ်စ်ကို အဓိကသယ်ဆောင်တဲ့ ခြင်မျိုးစိတ်ဟာ အထူးသဖြင့် နံနက်မိုးလင်းချိန်နဲ့ နေဝင်ရီတရော အချိန်ကိုက်တဲ့ Culex မျိုးစိတ် ခြင် ဖြစ်တာကြောင့် အဲဒီအချိန်မှာ ခြင်ကိုက်မခံရအောင် သတိထားဖို့လိုတယ်လို့ ၎င်းက ဆိုပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ အီလီႏြိဳက္ျပည္နယ္၊ ဝစၥကြန္ဆင္မွာ ျခင္ေၾကာင့္ျဖစ္တဲ့ West Nile ဗိုင္းရပ္စ္ကူးစက္ခံရျခင္း ေၾကာင့္ လူ ၂ ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၁

အေမရိကန္ႏိုင္ငံ၊ အီလီႏြိဳက္ျပည္နယ္၊ ဝစၥကြန္ဆင္မွာ West Nile ဗိုင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈ ႏွစ္ခု ရွိခဲ့တယ္လို႔ ျပည္နယ္က်န္းမာေရးဌာနေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

ဒီႏွစ္အတြင္း အေမရိကန္ႏိုင္ငံတစ္ဝွမ္းမွာဆိုရင္ West Nile ေၾကာင့္ ေသဆုံးသူ ၁၈ ဦးထိ ရွိလာခဲ့တယ္လို႔ ပဏမအခ်က္အလက္ေတြအရ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဗဟိုဌာနက ၾကာသပေတးေန႔ (ဩဂုတ္လ ၂၉ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ ၂ဝ၂၃ ခုႏွစ္ကလည္း ႏိုင္ငံတစ္ဝွမ္း West Nile ေၾကာင့္ ေသဆုံးမႈ ၁၈၂ ခုထိ ရွိခဲ့တယ္လို႔ သိရပါတယ္။ အခုေသဆုံးမႈကေတာ့ ဝစၥကြန္ဆင္မွာ ပထမဆုံး West Nail ေၾကာင့္ လူေသဆုံးမႈျဖစ္ၿပီး Fond du Lac နဲ႔ Brown ခ႐ိုင္ေတြမွာ ေနထိုင္သူေတြျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ထပ္ West Nile ေရာဂါျဖစ္ပြားမႈ ၉ ခုကိုလည္း Cook၊ DuPage၊ Will၊ Winnebago နဲ႔ Tazewell ခ႐ိုင္ေတြမွာ ေတြ႕ရွိ ရတယ္လို႔ ဆိုထားပါတယ္။

CDC ရဲ႕ေဖာ္ျပခ်က္အရ ၂၀၂၄ ခုႏွစ္အတြင္း ျပည္နယ္ ၃၃ ခုမွာ West Nile ေရာဂါျဖစ္ပြားမႈ ၂၈၉ မႈ ရွိေနတယ္လို႔ သိရပါတယ္။ West Nile ေရာဂါျဖစ္ၿပီဆိုရင္ ဦးေႏွာက္ေရာင္ျခင္း၊ ဦးေႏွာက္ပ်က္စီးျခင္း (သို႔မဟုတ္) ေသဆုံးျခင္း စတဲ့ ေနာက္ဆက္တြဲျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။ West Nile အတြက္ ကာကြယ္ေဆး (သို႔မဟုတ္) တိက်တဲ့ ကုသမႈေတြေတာ့ မရွိေသးပါဘူး။ ေရာဂါလကၡဏာ အေနနဲ႔ဆိုရင္လည္း တုပ္ေကြးလကၡဏာေတြ ေပၚလာတတ္ၿပီး တခါတေလ အဖုအပိန႔္ေတြလည္း ထြက္လာတတ္တယ္လို႔ သိရပါတယ္။ West Nile ကူးစက္မႈကို ေရွာင္ရွားဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ ျခင္ေတြနဲ႔ထိေတြ႕မႈကို ေလွ်ာ့ခ်ျခင္းျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

West Nile ဗိုင္းရပ္စ္ကို အဓိကသယ္ေဆာင္တဲ့ ျခင္မ်ိဳးစိတ္ဟာ အထူးသျဖင့္ နံနက္မိုးလင္းခ်ိန္နဲ႔ ေနဝင္ရီတေရာ အခ်ိန္ကိုက္တဲ့ Culex မ်ိဳးစိတ္ ျခင္ ျဖစ္တာေၾကာင့္ အဲဒီအခ်ိန္မွာ ျခင္ကိုက္မခံရေအာင္ သတိထားဖို႔လိုတယ္လို႔ ၎က ဆိုပါတယ္။

Related news

© 2021. All rights reserved.