ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်မှာ ခရီးသည်(၂၂)ဦး လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျောက်ဆုံးနေ
1718
Pika (NP News) - စက်တင်ဘာ ၁
ခရီးသည်(၂၂)ဦးလိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စင်းဟာ ရုရှားနိုင်ငံအရှေ့ဘက်စွန်းမှာရှိတဲ့ Kamchatka ကျွန်းဆွယ်မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက ဩဂုတ်လ(၃၁)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Kamchatka အုပ်ချုပ်ရေးမှူး ဗလာဒီမာဆိုလိုဒေါ့ဗ်က “ဒီနေ့နေ့လည်ပိုင်းမှာ ခရီးသည်(၁၉)ဦးနဲ့ အမှုထမ်း(၃)ဦး စုစုပေါင်း လူ(၂၂)ဦး လိုက်ပါလာတဲ့ Mi-8 ရဟတ်ယာဉ်တစ်စင်းနဲ့ ကျွန်တော်တို့ဆက်သွယ်ရေးပြတ်တောက် သွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ အခြားရဟတ်ယာဉ်တွေနဲ့အတူ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ကို ညတွင်းချင်းပဲ ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ပျံသန်းလာတဲ့လမ်းကြောင်းတစ်လျှောက် မြစ်ချိုင့်ဝှမ်းတွေကို အဓိကထားရှာဖွေနေ တယ်လို့လည်း အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ Mi-8ရဟတ်ယာဉ်ဟာ ဆိုဗီယက်ခေတ်ဒီဇိုင်းထုတ် စစ်ဘက်သုံးရဟတ်ယာဉ်ဖြစ်ပြီး ရုရှားနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြ တယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ရဟတ်ယာဉ်ဟာ တောရိုင်းရှုခင်းတွေနဲ့ လှုပ်ရှားနေတဲ့မီးတောင်တွေရှိတဲ့ Kamchatka ကျွန်းဆွယ်ရဲ့ရှုခင်းသာနေရာကနေ ခရီးသည်တွေကို ပြန်လည်သယ်ဆောင်လာခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ ပျံတက်ပြီးပြီးချင်းမှာပဲ ရေဒါကနေ ပျောက်သွားခဲ့တာဖြစ်ပြီး လေယာဉ်အမှူထမ်းတွေက ပြဿနာတစ်စုံတစ်ရာဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး သတင်းပို့ခဲ့တာမျိုး မရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တစ်ခုက အရေးပေါ်ဝန်ဆောင်မှုဌာနတွေကို ပြောကြားခဲ့ပါတယ်။
ရဟတ်ယာဉ်တွေနဲ့ လေယာဉ်တွေပါဝင်တဲ့ မတော်တဆမှုတွေဟာ နေထိုင်တဲ့ လူဦးရေနည်းပါးပြီး ရာသီဥတုပြင်းထန်တဲ့ ရုရှားနိုင်ငံအရှေ့ဘက်စွန်းဒေသမှာ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့လည်း သိရပါတယ်။
Zawgyi Version;
႐ုရွားႏိုင္ငံ Kamchatka ကြၽန္းဆြယ္မွာ ခရီးသည္(၂၂)ဦး လိုက္ပါလာတဲ့ ရဟတ္ယာဥ္ ေပ်ာက္ဆုံးေန
Pika (NP News) - စက္တင္ဘာ ၁
ခရီးသည္(၂၂)ဦးလိုက္ပါလာတဲ့ ရဟတ္ယာဥ္တစ္စင္းဟာ ႐ုရွားႏိုင္ငံအေရွ႕ဘက္စြန္းမွာရွိတဲ့ Kamchatka ကြၽန္းဆြယ္မွာ ေပ်ာက္ဆုံးသြားခဲ့တယ္လို႔ ေဒသတြင္းအာဏာပိုင္ေတြက ဩဂုတ္လ(၃၁)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
Kamchatka အုပ္ခ်ဳပ္ေရးမႉး ဗလာဒီမာဆိုလိုေဒါ့ဗ္က “ဒီေန႔ေန႔လည္ပိုင္းမွာ ခရီးသည္(၁၉)ဦးနဲ႔ အမႈထမ္း(၃)ဦး စုစုေပါင္း လူ(၂၂)ဦး လိုက္ပါလာတဲ့ Mi-8 ရဟတ္ယာဥ္တစ္စင္းနဲ႔ ကြၽန္ေတာ္တို႔ဆက္သြယ္ေရးျပတ္ေတာက္ သြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အျခားရဟတ္ယာဥ္ေတြနဲ႔အတူ ကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြဟာ ေပ်ာက္ဆုံးေနတဲ့ ရဟတ္ယာဥ္ကို ညတြင္းခ်င္းပဲ ရွာေဖြမႈေတြျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ပ်က္က်သြားတဲ့ ရဟတ္ယာဥ္ပ်ံသန္းလာတဲ့လမ္းေၾကာင္းတစ္ေလွ်ာက္ ျမစ္ခ်ိဳင့္ဝွမ္းေတြကို အဓိကထားရွာေဖြေန တယ္လို႔လည္း အာဏာပိုင္ေတြကေျပာၾကားခဲ့ပါတယ္။ Mi-8ရဟတ္ယာဥ္ဟာ ဆိုဗီယက္ေခတ္ဒီဇိုင္းထုတ္ စစ္ဘက္သုံးရဟတ္ယာဥ္ျဖစ္ၿပီး ႐ုရွားႏိုင္ငံမွာ သယ္ယူပို႔ေဆာင္ေရးအတြက္ က်ယ္က်ယ္ျပန႔္ျပန႔္အသုံးျပဳၾက တယ္လို႔ သိရပါတယ္။
ေပ်ာက္ဆုံးေနတဲ့ရဟတ္ယာဥ္ဟာ ေတာ႐ိုင္းရႈခင္းေတြနဲ႔ လႈပ္ရွားေနတဲ့မီးေတာင္ေတြရွိတဲ့ Kamchatka ကြၽန္းဆြယ္ရဲ႕ရႈခင္းသာေနရာကေန ခရီးသည္ေတြကို ျပန္လည္သယ္ေဆာင္လာခဲ့ၿပီးေနာက္ ေပ်ာက္ဆုံးသြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီရဟတ္ယာဥ္ဟာ ပ်ံတက္ၿပီးၿပီးခ်င္းမွာပဲ ေရဒါကေန ေပ်ာက္သြားခဲ့တာျဖစ္ၿပီး ေလယာဥ္အမႉထမ္းေတြက ျပႆနာတစ္စုံတစ္ရာျဖစ္ပြားခဲ့တာနဲ႔ပတ္သက္ၿပီး သတင္းပို႔ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သတင္းရင္းျမစ္တစ္ခုက အေရးေပၚဝန္ေဆာင္မႈဌာနေတြကို ေျပာၾကားခဲ့ပါတယ္။
ရဟတ္ယာဥ္ေတြနဲ႔ ေလယာဥ္ေတြပါဝင္တဲ့ မေတာ္တဆမႈေတြဟာ ေနထိုင္တဲ့ လူဦးေရနည္းပါးၿပီး ရာသီဥတုျပင္းထန္တဲ့ ႐ုရွားႏိုင္ငံအေရွ႕ဘက္စြန္းေဒသမွာ မၾကာခဏျဖစ္ပြားေလ့ရွိတယ္လို႔လည္း သိရပါတယ္။