ရုရှား၊ မြောက်ကိုရီယားတို့နဲ့ပေါင်းသင်းဆက်ဆံတာက ကောင်းမွန်တဲ့အရာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့် ပြော

 2539

Pika (NP News) - စက်တင်ဘာ ၁

ရုရှား၊ မြောက်ကိုရီးယားနိုင်ငံတို့နဲ့ထိတွေ့ဆက်ဆံပြီး ၎င်းတို့နဲ့ပေါင်းသင်းဆက်ဆံခြင်းဟာ ကောင်းမွန်တဲ့အရာတစ်ခုဖြစ်တယ်လို့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့ဩဂုတ်လ(၃ဝ)ရက်က ကျင်းပခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲတစ်ခုအတွင်းမှာ ဒေါ်နယ်ထရမ့်က ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ၂ဝ၁၉ ခုနှစ်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း နဲ့ ၎င်းတို့ကြားက ဆက်ဆံရေးတွေကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ထရမ့် က “မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့အတူ ကျွန်တော် ဘေးချင်းကပ်ရှိနေခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အတူလမ်းလျှောက်ခဲ့ဖူးပါတယ်။ ပြီးတော့ မြောက်ကိုရီးယားနိုင်ငံတွင်းမှာ ပထမဆုံး လမ်းလျှောက်ဖူးတဲ့လူဟာ ကျွန်တော်ပါ။ မြောက်ကိုရီးယားရဲ့နျူကလီးယားစွမ်းရည်ကိုလည်း ကျွန်တော်တို့ ကြည့်ရှုခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနဲ့ပေါင်းသင်းဆက်ဆံတာက ကောင်းမွန်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ ရုရှားနိုင်ငံနဲ့အတူ ပေါင်းသင်းဆက်ဆံတာကလည်း ဆိုးရွားတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရမယ်ဆိုရင် ရုရှားနဲ့ဆက်ဆံရေးဟာ ယခုလို မျိုးဆက်ဖြစ်နေမှာ မဟုတ်တော့ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က ၎င်းဟာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရမယ်ဆိုရင် ရုရှား-ယူကရိန်းပဋိပက္ခကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်သွားအောင် ဖြေရှင်းပေးနိုင်တယ်လို့လည်း ယခင်က အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့ဖူးပါတယ်။

Zawgyi Version;
႐ုရွား၊ ေျမာက္ကိုရီယားတို႔နဲ႔ေပါင္းသင္းဆက္ဆံတာက ေကာင္းမြန္တဲ့အရာျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္ ေျပာ
Pika (NP News) - စက္တင္ဘာ ၁

႐ုရွား၊ ေျမာက္ကိုရီးယားႏိုင္ငံတို႔နဲ႔ထိေတြ႕ဆက္ဆံၿပီး ၎တို႔နဲ႔ေပါင္းသင္းဆက္ဆံျခင္းဟာ ေကာင္းမြန္တဲ့အရာတစ္ခုျဖစ္တယ္လို႔ ရီပတ္ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ပင္ဆယ္ေဗးနီးယားျပည္နယ္မွာ ၿပီးခဲ့တဲ့ဩဂုတ္လ(၃ဝ)ရက္က က်င္းပခဲ့တဲ့ မဲဆြယ္စည္း႐ုံးပြဲတစ္ခုအတြင္းမွာ ေဒၚနယ္ထရမ့္က ယခုလိုေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ ၂ဝ၁၉ ခုႏွစ္က ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း နဲ႔ ၎တို႔ၾကားက ဆက္ဆံေရးေတြကို ရည္ၫႊန္းၿပီး ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေဒၚနယ္ထရမ့္ က “ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔အတူ ကြၽန္ေတာ္ ေဘးခ်င္းကပ္ရွိေနခဲ့ဖူးပါတယ္။ ကြၽန္ေတာ္တို႔ အတူလမ္းေလွ်ာက္ခဲ့ဖူးပါတယ္။ ၿပီးေတာ့ ေျမာက္ကိုရီးယားႏိုင္ငံတြင္းမွာ ပထမဆုံး လမ္းေလွ်ာက္ဖူးတဲ့လူဟာ ကြၽန္ေတာ္ပါ။ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားစြမ္းရည္ကိုလည္း ကြၽန္ေတာ္တို႔ ၾကည့္ရႈခဲ့ဖူးပါတယ္။ ေျမာက္ကိုရီးယားနဲ႔ေပါင္းသင္းဆက္ဆံတာက ေကာင္းမြန္တဲ့အရာတစ္ခုပဲျဖစ္ပါတယ္။ ၿပီးေတာ့ ႐ုရွားႏိုင္ငံနဲ႔အတူ ေပါင္းသင္းဆက္ဆံတာကလည္း ဆိုး႐ြားတဲ့အရာတစ္ခုေတာ့ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ ေဒၚနယ္ထရမ့္က ၎အေနနဲ႔ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရမယ္ဆိုရင္ ႐ုရွားနဲ႔ဆက္ဆံေရးဟာ ယခုလို မ်ိဳးဆက္ျဖစ္ေနမွာ မဟုတ္ေတာ့ဘူးလို႔လည္း ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က ၎ဟာ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရမယ္ဆိုရင္ ႐ုရွား-ယူကရိန္းပဋိပကၡကို အခ်ိန္(၂၄)နာရီအတြင္း အဆုံးသတ္သြားေအာင္ ေျဖရွင္းေပးႏိုင္တယ္လို႔လည္း ယခင္က အႀကိမ္ႀကိမ္ ကတိျပဳေျပာဆိုခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.