ယူကရိန်းက တာဝေးပစ်ဒုံးကျည်စနစ်တွေကို အမေရိကန်ဆီကနေ ထပ်မံရရှိဖို့ မျှော်လင့်လို့မရတော့ CNN ဖော်ပြ

 2230

Pika (NP News) - စက်တင်ဘာ ၁

လာမယ့်အနာဂတ်မှာ သိသာထင်ရှားတဲ့ MGM-140 Army Tactical Missile Systems (ATACMS) ဒုံးကျည်စနစ်အရေအတွက်ကို ယူကရိန်းထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်းပြောကြားခဲ့တယ်လို့ အမည်မဖော်လိုတဲ့အမေရိကန်အရာရှိတစ်ဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး CNN က ရေးသားဖော်ပြခဲ့ပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး ယူစတန်ယူမာရော့ဗ်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်နဲ့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်မှာ ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ပြီး နောက်ထပ်စစ်ရေးအကူအညီတွေ ပေးဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲအတွင်းမှာ အမေရိကန်ရဲ့စစ်လက်နက် ပစ္စည်းတွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းကို ပစ်ခတ်တိုက်ခိုက်နိုင်ဖို့အတွက် ရုရှားရဲ့တန်ဖိုးကြီး စစ်လက်နက် ပစ္စည်း ပစ်မှတ်တွေရှိတဲ့နေရာတွေနဲ့ပတ်သက်တဲ့စာရင်းကို ယူစတန်ယူမာရော့ဗ်က တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

ယူစတန်ယူမာရော့ဗ်က “ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့အတွက် ATACMS ဒုံးကျည်စနစ်တွေအပေါ် ပိတ်ပင် တားမြစ်ထားတာကို ဖြေလျှော့ပေးဖို့ ကျွန်တော်တို့ တွန်းအားပေးနေပါတယ်။ ကျွန်တော်တို့ရဲ့မြို့တွေကို တိုက်ခိုက်ဖို့အတွက် ရုရှားတွေအသုံးပြုနေတဲ့ လေယာဉ်ကွင်းတွေဟာ ဝေးကွာတဲ့အကွာအဝေးတစ်ခုမှာ ရှိနေတာပါ” လို့ ပြောခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက “ရုရှားက သူတို့ရဲ့တန်ဖိုးကြီးစစ်လက်နက်ပစ္စည်းတွေကို ရှေ့တန်းကနေ ရွှေ့ပြောင်းထားမှုနဲ့အတူ ယူကရိန်းက တင်ပြခဲ့တဲ့ပစ်မှတ်စာရင်းတွေက ဒုံးကျည်တွေ ရောက်ရှိနိုင်တဲ့ အကွာအဝေး အပြင်ဖက်မှာ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

CNN က “အမေရိကန်မှာ သိုလှောင်မှုတွေ နည်းပါးနေတာနဲ့ထုတ်လုပ်မှုကြာမြင့်ချိန်တွေကြောင့် သိသာထင်ရှားတဲ့ ATACMS ဒုံးကျည်စနစ်အရေအတွက်တွေကို ယူကရိန်းဖက်က မမျှော်လင့်ဖို့ အမေရိကန်က ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့ပြင် ယူကရိန်းဟာ ATACMS ဒုံးကျည်စနစ်တွေကို အကန့်အသတ်တစ်ခုအထိ ရရှိထားပြီဖြစ်တယ်လို့လည်း အမေရိကန်အရာရှိတစ်ဦးက မှတ်ချက်ပြုပြောခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းက တာေဝးပစ္ဒုံးက်ည္စနစ္ေတြကို အေမရိကန္ဆီကေန ထပ္မံရရွိဖို႔ ေမွ်ာ္လင့္လို႔မရေတာ့ CNN ေဖာ္ျပ
Pika (NP News) - စက္တင္ဘာ ၁

လာမယ့္အနာဂတ္မွာ သိသာထင္ရွားတဲ့ MGM-140 Army Tactical Missile Systems (ATACMS) ဒုံးက်ည္စနစ္အေရအတြက္ကို ယူကရိန္းေထာက္ပံ့ေပးႏိုင္မွာ မဟုတ္ဘူးလို႔ အေမရိကန္အစိုးရက ရွင္းရွင္းလင္းလင္းေျပာၾကားခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့အေမရိကန္အရာရွိတစ္ဦးရဲ႕ေျပာဆိုခ်က္ကို ကိုးကားၿပီး CNN က ေရးသားေဖာ္ျပခဲ့ပါတယ္။

ယူကရိန္းကာကြယ္ေရးဝန္ႀကီး ယူစတန္ယူမာေရာ့ဗ္ဟာ အေမရိကန္ကာကြယ္ေရးဝန္ႀကီးလြိဳက္ေအာ္စတင္နဲ႔ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္မွာ ယခုသီတင္းပတ္အတြင္း ေတြ႕ဆုံခဲ့ၿပီး ေနာက္ထပ္စစ္ေရးအကူအညီေတြ ေပးဖို႔နဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ အဲဒီေဆြးေႏြးပြဲအတြင္းမွာ အေမရိကန္ရဲ႕စစ္လက္နက္ ပစၥည္းေတြကို အသုံးျပဳၿပီး ႐ုရွားႏိုင္ငံအတြင္းကို ပစ္ခတ္တိုက္ခိုက္ႏိုင္ဖို႔အတြက္ ႐ုရွားရဲ႕တန္ဖိုးႀကီး စစ္လက္နက္ ပစၥည္း ပစ္မွတ္ေတြရွိတဲ့ေနရာေတြနဲ႔ပတ္သက္တဲ့စာရင္းကို ယူစတန္ယူမာေရာ့ဗ္က တင္ျပခဲ့တယ္လို႔လည္း သိရပါတယ္။

ယူစတန္ယူမာေရာ့ဗ္က “ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ဖို႔အတြက္ ATACMS ဒုံးက်ည္စနစ္ေတြအေပၚ ပိတ္ပင္ တားျမစ္ထားတာကို ေျဖေလွ်ာ့ေပးဖို႔ ကြၽန္ေတာ္တို႔ တြန္းအားေပးေနပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ၿမိဳ႕ေတြကို တိုက္ခိုက္ဖို႔အတြက္ ႐ုရွားေတြအသုံးျပဳေနတဲ့ ေလယာဥ္ကြင္းေတြဟာ ေဝးကြာတဲ့အကြာအေဝးတစ္ခုမွာ ရွိေနတာပါ” လို႔ ေျပာခဲ့ပါတယ္။

အေမရိကန္ကာကြယ္ေရးအရာရွိတစ္ဦးက “႐ုရွားက သူတို႔ရဲ႕တန္ဖိုးႀကီးစစ္လက္နက္ပစၥည္းေတြကို ေရွ႕တန္းကေန ေ႐ႊ႕ေျပာင္းထားမႈနဲ႔အတူ ယူကရိန္းက တင္ျပခဲ့တဲ့ပစ္မွတ္စာရင္းေတြက ဒုံးက်ည္ေတြ ေရာက္ရွိႏိုင္တဲ့ အကြာအေဝး အျပင္ဖက္မွာ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

CNN က “အေမရိကန္မွာ သိုေလွာင္မႈေတြ နည္းပါးေနတာနဲ႔ထုတ္လုပ္မႈၾကာျမင့္ခ်ိန္ေတြေၾကာင့္ သိသာထင္ရွားတဲ့ ATACMS ဒုံးက်ည္စနစ္အေရအတြက္ေတြကို ယူကရိန္းဖက္က မေမွ်ာ္လင့္ဖို႔ အေမရိကန္က ရွင္းရွင္းလင္းလင္း ေျပာၾကားထားပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။
ဒါ့ျပင္ ယူကရိန္းဟာ ATACMS ဒုံးက်ည္စနစ္ေတြကို အကန႔္အသတ္တစ္ခုအထိ ရရွိထားၿပီျဖစ္တယ္လို႔လည္း အေမရိကန္အရာရွိတစ္ဦးက မွတ္ခ်က္ျပဳေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.