အသက် ၁၉ နှစ်အရွယ် မလေးရှားအမျိုးသမီးက ၂၄.၆၁ စက္ကန့်အတွင်း ဂဏန်းအရေအတွက် ၅ဝ ထိပါဝင်တဲ့ အမြှောက်ပုစ္ဆာကို တွက်ချက်ဖြေရှင်းနိုင်ခဲ့ပြီး စံချိန်တင်

 142

ရောင်နီ (NP News) - စက်တင်ဘာ ၂

မကြာသေးမီက၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေး မစ္စရက်ပ်ဝမ်မင် ဟာ ဂဏန်းအရေအတွက် တစ်ဖက်ကို ၅၀ စီပါဝင်တဲ့ အမြှောက်ပုစ္ဆာကို ဂဏန်းပေါင်းစက်မလိုပဲ အချိန် ၂၄.၆၁ စက္ကန့်အတွင်း တွက်ချက်ဖြေရှင်းနိုင်ခဲ့ပြီး Malaysia Book of Records (MBR) မှာ စံချိန်တင်နိုင်ခဲ့ပါတယ်။

MBR မှာ စံချိန်သစ်တင်နိုင်ခြင်းဟာ သူမ ရည်မှန်းထားတဲ့ အောင်မြင်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ မစ္စရင်ပ်က ပြောပါတယ်။ "ကျွန်မ သင်ကြားခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတွေကြောင့် ဒီအတွေ့အကြုံ ရလဒ် ရရှိလာ ခြင်းဖြစ်တယ်" လို့ The Star သတင်းဌာနနဲ့ အင်တာဗျူးမှာ သူမက ပြောကြားပါတယ်။ ဂဏန်း ၅၀ ထိ မြှောက်ခြင်း ပုစ္ဆာဟာ ဂဏန်းအရေအတွက်များခြင်းကြောင့် ဒါကိုဖြေရှင်းနိုင်ဖို့ အဆင့်မြင့် သင်္ချာနဲ့ စိတ်ပိုင်းဆိုင်ရာတွက်ချက်မှု စွမ်းရည်ရှိဖို့ လိုအပ်ပါတယ်။ ဒီအောင်မြင်ဖို့အတွက် သူမရင်ဆိုင်ရတဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့ သူမရဲ့အချိန် ကို စီမံခန့်ခွဲရခြင်းဖြစ်တယ်လို့ သူမက ပြောပါတယ်။

မစ္စရက်ပ်ဟာ ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်းကလည်း ပြည်တွင်းနဲ့ နိုင်ငံတကာ သင်္ချာ၊ သိပ္ပံ၊ စကားရည်လုပွဲနဲ့ လူထု စကားပြောပြိုင်ပွဲတွေမှာ ဆုပေါင်း ၁,၀၀၀ ကျော်ထိ ရရှိထားတယ်လို့ သိရပါတယ်။

Zawgyi Version;
အသက္ ၁၉ ႏွစ္အ႐ြယ္ မေလးရွားအမ်ိဳးသမီးက ၂၄.၆၁ စကၠန႔္အတြင္း ဂဏန္းအေရအတြက္ ၅ဝ ထိပါဝင္တဲ့ အေျမႇာက္ပုစာၦကို တြက္ခ်က္ေျဖရွင္းႏိုင္ခဲ့ၿပီး စံခ်ိန္တင္
ေရာင္နီ (NP News) - စက္တင္ဘာ ၂

မၾကာေသးမီက၊ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူမွာ ေနထိုင္တဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ မိန္းကေလး မစၥရက္ပ္ဝမ္မင္ ဟာ ဂဏန္းအေရအတြက္ တစ္ဖက္ကို ၅၀ စီပါဝင္တဲ့ အေျမႇာက္ပုစာၦကို ဂဏန္းေပါင္းစက္မလိုပဲ အခ်ိန္ ၂၄.၆၁ စကၠန႔္အတြင္း တြက္ခ်က္ေျဖရွင္းႏိုင္ခဲ့ၿပီး Malaysia Book of Records (MBR) မွာ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

MBR မွာ စံခ်ိန္သစ္တင္ႏိုင္ျခင္းဟာ သူမ ရည္မွန္းထားတဲ့ ေအာင္ျမင္မႈေတြထဲက တစ္ခုျဖစ္တယ္လို႔ မစၥရင္ပ္က ေျပာပါတယ္။ "ကြၽန္မ သင္ၾကားခဲ့တဲ့ တန္ဖိုးမျဖတ္ႏိုင္တဲ့သင္ခန္းစာေတြေၾကာင့္ ဒီအေတြ႕အႀကဳံ ရလဒ္ ရရွိလာ ျခင္းျဖစ္တယ္" လို႔ The Star သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ သူမက ေျပာၾကားပါတယ္။ ဂဏန္း ၅၀ ထိ ေျမႇာက္ျခင္း ပုစာၦဟာ ဂဏန္းအေရအတြက္မ်ားျခင္းေၾကာင့္ ဒါကိုေျဖရွင္းႏိုင္ဖို႔ အဆင့္ျမင့္ သခ်ၤာနဲ႔ စိတ္ပိုင္းဆိုင္ရာတြက္ခ်က္မႈ စြမ္းရည္ရွိဖို႔ လိုအပ္ပါတယ္။ ဒီေအာင္ျမင္ဖို႔အတြက္ သူမရင္ဆိုင္ရတဲ့အႀကီးမားဆုံးစိန္ေခၚမႈကေတာ့ သူမရဲ႕အခ်ိန္ ကို စီမံခန႔္ခြဲရျခင္းျဖစ္တယ္လို႔ သူမက ေျပာပါတယ္။

မစၥရက္ပ္ဟာ ၿပီးခဲ့တဲ့ ၁၄ ႏွစ္အတြင္းကလည္း ျပည္တြင္းနဲ႔ ႏိုင္ငံတကာ သခ်ၤာ၊ သိပၸံ၊ စကားရည္လုပြဲနဲ႔ လူထု စကားေျပာၿပိဳင္ပြဲေတြမွာ ဆုေပါင္း ၁,၀၀၀ ေက်ာ္ထိ ရရွိထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.