ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ကား တိမ်းမှောက်မှုဖြစ်ပွားရာ တစ်ဦးပွဲချင်းပြီး သေဆုံးကာ (၉)ဦး ဒဏ်ရာရ

 17205

သန့်ဇင် (NP News) - စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ကား ယာဉ်မောင်းအိပ်ငိုက်ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ တစ်ဦးပွဲချင်းပြီး သေဆုံးကာ (၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယနေ့(စက်တင်ဘာလ ၂ ရက်)၊ နံနက် ၅နာရီအချိန်ခန့်က မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် (၃၁၁/၄) ဖာလုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မှောက်တာက ကားသမားအိပ်ငိုက်ပြီးမှောက်တာလို့သိရတယ်ပေါ့။ အဲဒါကလည်း ယာဉ်ပေါ်မှာပါလာတဲ့ ထိခိုက်ဒဏ်ရာရတဲ့လူတွေ မေးကြည့်လို့သိရတာပါ။ လမ်းကလည်း အကောင်းကြီးပါ။ အိပ်ငိုက်လို့ပဲဖြစ်တာပါ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး ဟိန္ဒူမျိုးဆက် သစ်လူမှုကူညီရေးအသင်းမှာ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် တော်ဝင်ထွန်းခရီးသည်တင်ကားပေါ်တွင် စုစုပေါင်း လူ(၁၃)ဦးလိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အသက် (၅၀)ဝန်းကျင် ယာဉ်မောင်းအမျိုးသားမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေဆုံးသူက ယာဉ်မောင်းပါ။ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ ကလေးတွေလည်းပါတယ်။ အဲဒီလူတွေအထဲမှာ အမျိုးသား နည်းတယ်။ အမျိုးသားက (၃)ယောက်လောက်ပဲရှိမယ်။ အမျိုးသမီးက (၆)ဦးလောက်ရှိမယ်။ သေဆုံးသူက ကရိန်းနဲ့ကို မထုတ်ရတယ်။ သူက ကားအောက်မှာပိနေတာလေ။ အခြားလူတွေကတော့ အသက်ကြီးကြီးအမေကြီးကလက်ကျိုးသွားတယ်။ အမျိုးသမီးတစ်ယောက်ကတော့ ခါးရိုးထိသွားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်းက မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ခရီးသည္တင္ကား တိမ္းေမွာက္မႈျဖစ္ပြား ရာ တစ္ဦးပြဲခ်င္းၿပီး ေသဆုံးကာ (၉)ဦး ဒဏ္ရာရ

သန႔္ဇင္ (NP News) - စက္တင္ဘာ ၂

မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ခရီးသည္တင္ကား ယာဥ္ေမာင္းအိပ္ငိုက္ရာမွ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြား၍ တစ္ဦးပြဲခ်င္းၿပီး ေသဆုံးကာ (၉)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး ဟိႏၵဴမ်ိဳးဆက္သစ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔(စက္တင္ဘာလ ၂ ရက္)၊ နံနက္ ၅နာရီအခ်ိန္ခန႔္က မိတၳီလာၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္လမ္း၊ မိုင္တိုင္ (၃၁၁/၄) ဖာလုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ေမွာက္တာက ကားသမားအိပ္ငိုက္ၿပီးေမွာက္တာလို႔သိရတယ္ေပါ့။ အဲဒါကလည္း ယာဥ္ေပၚမွာပါလာတဲ့ ထိခိုက္ဒဏ္ရာရတဲ့လူေတြ ေမးၾကည့္လို႔သိရတာပါ။ လမ္းကလည္း အေကာင္းႀကီးပါ။ အိပ္ငိုက္လို႔ပဲျဖစ္တာပါ”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး ဟိႏၵဴမ်ိဳးဆက္ သစ္လူမႈကူညီေရးအသင္းမွာ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

တိမ္းေမွာက္မႈျဖစ္ပြားခဲ့သည့္ ေတာ္ဝင္ထြန္းခရီးသည္တင္ကားေပၚတြင္ စုစုေပါင္း လူ(၁၃)ဦးလိုက္ပါလာၿပီး ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အသက္ (၅၀)ဝန္းက်င္ ယာဥ္ေမာင္းအမ်ိဳးသားမွာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ေသဆုံးသူက ယာဥ္ေမာင္းပါ။ ထိခိုက္ဒဏ္ရာရတဲ့အထဲမွာ ကေလးေတြလည္းပါတယ္။ အဲဒီလူေတြအထဲမွာ အမ်ိဳးသား နည္းတယ္။ အမ်ိဳးသားက (၃)ေယာက္ေလာက္ပဲရွိမယ္။ အမ်ိဳးသမီးက (၆)ဦးေလာက္ရွိမယ္။ ေသဆုံးသူက ကရိန္းနဲ႔ကို မထုတ္ရတယ္။ သူက ကားေအာက္မွာပိေနတာေလ။ အျခားလူေတြကေတာ့ အသက္ႀကီးႀကီးအေမႀကီးကလက္က်ိဳးသြားတယ္။ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ခါး႐ိုးထိသြားတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးထိခိုက္ဒဏ္ရာရရွိသူမ်ားကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး ဟိႏၵဴမ်ိဳးဆက္သစ္လူမႈကူညီေရးအသင္းက မိတၳီလာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.