ပြန်ပေးဆွဲခံရသူတွေရဲ့ရုပ်အလောင်းကို ပြန်တွေ့ပြီးနောက် အစ္စရေးနိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်

 2773

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂

ဂါဇာဒေသမှာ ဖမ်းဆီးခံထားရသူ ၆ ဦးရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ အစ္စရေး နိုင်ငံအတွင်း ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားလာခဲ့ကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာဒေသကို ပြီးခဲ့တဲ့ ရက်ပိုင်းက စီးနင်းခဲ့ရာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ လက်ထဲဖမ်းဆီးခံထားရသူများအနက်မှ ၆ ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အစ္စရေးမီဒီယာတွေက ဂျေရုဆလင်၊ တဲအဲဗစ်မြို့နဲ့ အခြားမြို့တွေမှာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး ဂါဇာဒေသ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိတဲ့အပေါ် စိတ်ဆိုးဒေါသဖြစ်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အစ္စရေးနိုင်ငံမှာ စက်တင်ဘာလ ၁ ရက်က ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲအတွင်း လူပေါင်း ၅ သိန်းကျော်ဆန္ဒပြခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်ရုံးနဲ့ အိမ်ယာအဆောက်အဦးအပြင်ဘက်မှာ ဆန္ဒပြခဲ့သလို လမ်းတွေ ပိတ်ဆို့ပြီး ဆန္ဒပြခြင်း တွေလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အစ္စရေးရဲတပ်ဖွဲ့တွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြဖို့ ကြိုးပမ်းသူတွေကို မျက်ရည်ယိုဗုံးတွေ အသုံးပြု ဟန့်တားခဲ့ပြီးဆန္ဒပြသူ အနည်းဆုံး ၂၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်က ပြန်လည် တွေ့ရှိခဲ့တဲ့ ရုပ်အလောင်း ၆ ဦးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ပစ်သတ်ခြင်း ခံခဲ့ရသူတွေဖြစ်ကြောင်း ပြောပါတယ်။
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၁၁ လကြာမြင့်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးဘဲ ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲမှာ ဖမ်းဆီးခံရသူ အနည်းဆုံး ၁ဝဝ ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ျပန္ေပးဆြဲခံရသူေတြရဲ႕႐ုပ္အေလာင္းကို ျပန္ေတြ႕ၿပီးေနာက္ အစၥေရးႏိုင္ငံမွာ ဆႏၵျပပြဲေတြ ျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂

ဂါဇာေဒသမွာ ဖမ္းဆီးခံထားရသူ ၆ ဦးရဲ႕႐ုပ္အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာပဲ အစၥေရး ႏိုင္ငံအတြင္း ဆႏၵျပပြဲမ်ား ထပ္မံျဖစ္ပြားလာခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးစစ္တပ္ဟာ ဂါဇာေဒသကို ၿပီးခဲ့တဲ့ ရက္ပိုင္းက စီးနင္းခဲ့ရာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ လက္ထဲဖမ္းဆီးခံထားရသူမ်ားအနက္မွ ၆ ဦးရဲ႕ ႐ုပ္အေလာင္းကို ျပန္ေတြ႕ရွိခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးမီဒီယာေတြက ေဂ်႐ုဆလင္၊ တဲအဲဗစ္ၿမိဳ႕နဲ႔ အျခားၿမိဳ႕ေတြမွာ ဆႏၵျပပြဲေတြျဖစ္ပြားခဲ့ၿပီး ဂါဇာေဒသ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမရွိတဲ့အေပၚ စိတ္ဆိုးေဒါသျဖစ္ကာ ဆႏၵျပခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ အစၥေရးႏိုင္ငံမွာ စက္တင္ဘာလ ၁ ရက္က ျဖစ္ပြားခဲ့တဲ့ဆႏၵျပပြဲအတြင္း လူေပါင္း ၅ သိန္းေက်ာ္ဆႏၵျပခဲ့ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္႐ုံးနဲ႔ အိမ္ယာအေဆာက္အဦးအျပင္ဘက္မွာ ဆႏၵျပခဲ့သလို လမ္းေတြ ပိတ္ဆို႔ၿပီး ဆႏၵျပျခင္း ေတြလည္း ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးရဲတပ္ဖြဲ႕ေတြဟာ လမ္းေတြကို ပိတ္ဆို႔ၿပီး ဆႏၵျပဖို႔ ႀကိဳးပမ္းသူေတြကို မ်က္ရည္ယိုဗုံးေတြ အသုံးျပဳ ဟန႔္တားခဲ့ၿပီးဆႏၵျပသူ အနည္းဆုံး ၂၉ ဦး ဖမ္းဆီးခံခဲ့ရေၾကာင္း သိရပါတယ္။ အစၥေရးစစ္တပ္က ျပန္လည္ ေတြ႕ရွိခဲ့တဲ့ ႐ုပ္အေလာင္း ၆ ဦးဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္သတ္ျခင္း ခံခဲ့ရသူေတြျဖစ္ေၾကာင္း ေျပာပါတယ္။
အစၥေရးနဲ႔ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ၁၁ လၾကာျမင့္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးဘဲ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕လက္ထဲမွာ ဖမ္းဆီးခံရသူ အနည္းဆုံး ၁ဝဝ ေက်ာ္ က်န္ရွိေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.