လာအိုနိုင်ငံက အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၈ ရက်ကနေ ၁၁ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်

 2322

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ လာအိုနိုင်ငံဟာ လာမယ့်အောက်တိုဘာလအတွင်း အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ သတင်းထုတ်ပြန် လိုက်ပါတယ်။
လာအိုနိုင်ငံဟာ အာဆီယံထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် အောက်တိုဘာ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပ သွားမှာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးထားပြီးဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လာအိုနိုင်ငံဟာအောက်တိုဘာလအတွင်းမှာ အာဆီယံခေါင်းဆောင်တွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ထိပ်သီးအစည်းအဝေးကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖွယ်ရှိနေပြီး ကနေဒါ နိုင်ငံဟာ အဲဒီအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ အထူးထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပသွားဖွယ် ရှိနေပါတယ်။

လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်မှာဖြစ်သလို အမေရိကန်၊ တရုတ်၊ ရုရှားနိုင်ငံတို့ရဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ဖွယ်ရှိနေပါတယ်။
လာအိုနိုင်ငံဟာ လက်ရှိအချိန်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပေမယ့် လာမယ့်နှစ်မှာ မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ အဆိုပါထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်တရုတ်ပင်လယ်အရေးကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေချိန်ကာလအတွင်း ASEAN Inter-Parliamentary Assembly၊ ASEAN Youth အစည်းအဝေး၊ ASEAN Business Advisory Council အစည်းအဝေးတွေကိုလည်း ကျင်းပဖွယ်ရှိနေပါ တယ်။

Zawgyi Version;
လာအိုႏိုင္ငံက အာဆီယံထိပ္သီးအစည္းအေဝးကို ေအာက္တိုဘာ ၈ ရက္ကေန ၁၁ ရက္အထိ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂

အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူေနတဲ့ လာအိုႏိုင္ငံဟာ လာမယ့္ေအာက္တိုဘာလအတြင္း အာဆီယံ ထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္အစည္းအေဝးေတြကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမယ္လို႔ သတင္းထုတ္ျပန္ လိုက္ပါတယ္။
လာအိုႏိုင္ငံဟာ အာဆီယံထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္ ေအာက္တိုဘာ ၈ ရက္မွ ၁၁ ရက္အထိ က်င္းပ သြားမွာျဖစ္ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြကို အသိေပးထားၿပီးျဖစ္ေၾကာင္း လာအိုႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ လာအိုႏိုင္ငံဟာေအာက္တိုဘာလအတြင္းမွာ အာဆီယံေခါင္းေဆာင္ေတြနဲ႔ မိတ္ဖက္ႏိုင္ငံေတြရဲ႕ထိပ္သီးအစည္းအေဝးကိုလည္း အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားဖြယ္ရွိေနၿပီး ကေနဒါ ႏိုင္ငံဟာ အဲဒီအစည္းအေဝးအတြင္း အာဆီယံေခါင္းေဆာင္ေတြနဲ႔ အထူးထိပ္သီးအစည္းအေဝးကို ပထမဆုံးအႀကိမ္ က်င္းပသြားဖြယ္ ရွိေနပါတယ္။

လာအိုႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ေခါင္းေဆာင္ေတြ၊ ႏိုင္ငံျခားေရးဝန္ႀကီးေတြတက္ေရာက္မွာျဖစ္သလို အေမရိကန္၊ တ႐ုတ္၊ ႐ုရွားႏိုင္ငံတို႔ရဲ႕ ေခါင္းေဆာင္ေတြလည္း တက္ေရာက္ဖြယ္ရွိေနပါတယ္။
လာအိုႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူေနေပမယ့္ လာမယ့္ႏွစ္မွာ မေလးရွားႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒တာဝန္ကို လႊဲေျပာင္းရယူသြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။ အဆိုပါထိပ္သီးအစည္းအေဝးအတြင္း ျမန္မာအေရးအျပင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥေတြကိုလည္း ထည့္သြင္းေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အာဆီယံထိပ္သီးအစည္းအေဝး က်င္းပေနခ်ိန္ကာလအတြင္း ASEAN Inter-Parliamentary Assembly၊ ASEAN Youth အစည္းအေဝး၊ ASEAN Business Advisory Council အစည္းအေဝးေတြကိုလည္း က်င္းပဖြယ္ရွိေနပါ တယ္။

Related news

© 2021. All rights reserved.