သီပေါမြို့နယ်အတွင်း၌ MNDAA နှင့် TNLA အကြား နယ်မြေလုတိုက်ပွဲများ ဖြစ်လာနိုင်

 3117

သုတကျော် (NP News) - စက်တင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ နယ်အတွင်း MNDAA နှင့် TNLA အကြား တင်းမာကာ နယ်မြေလုတိုက်ပွဲများ ဖြစ်ပွားလာနိုင်ဖွယ် ရှိ နေကြောင်း ဒေသခံတစ်ဦးက NP News ကိုပြောသည်။

လက်ရှိ အနေအထားအရ သီပေါမြို့ပြင် တွင် MNDAA ရှိနေပြီး သီပေါမြို့အတွင်းများရှိနေကာ MNDAA ဘက်က ပလောင်တိုင်းရင်းသားများကို ပေါ်တာဆွဲခြင်းများရှိနေသည့်အတွက် နှစ်ဖက်တင်းမာမှုများရှိနေကြောင်းလည်း သိရသည်။

"လောလောဆယ်တော့ ပလောင်တွေကို ပေါ်တာဆွဲတယ်။ တကယ်လည်း ဆွဲနေတာ။ အဲဒါကြောင့် နှစ်ဖက်ကြားထဲမှာ တင်းမာမှုတွေတော့ ရှိနေ တာပေါ့"ဟု အထက်ပါဒေသခံက ဆိုသည်။

MNDAA အနေဖြင့် သီပေါမြို့နယ် အတွင်းသို့ ဝင်ရောက်လာရာတွင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ခိုအောင်းနေထိုင်မှု များရှိနေကာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှုများရှိနေခြင်းဖြစ်သည်။

"လောလောဆယ်တော့ ပွတ်တိုက်မှုတွေ မတွေ့ရသေးပေမယ့် သီပေါနယ်မှာတော့ MNDAA နဲ့TNLA အကြား ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်။ ကျောက်မဲထက် သီပေါက ပိုကျယ်တယ်။ သီပေါမြို့ နယ်မှာဆိုရင် နမ့်လန်မြို့ဆိုတာရှိတယ်။ နမ့်လန် ဘက်ခြမ်းကို MNDAA က သိမ်းထားတာ ဖြစ်တဲ့ အတွက် နီးတော့နီးနေပြီလို့ ပြောရမယ်" ဟု ၎င်းက ဆိုသည်။

လတ်တလော မြင်တွေ့ရသည့် အခြေအနေအရ MNDAA မှာTNLA ၏ ဆရာသဖွယ်ဖြစ်နေသောကြောင့် မလှန်ရဲသည့် သဘောမျိုးကိုလည်း မြင်တွေ့ရကြောင်း ၎င်းက ရှင်းပြသည်။ လက်ရှိTNLA က ထိန်းချုပ်ထားသည့် ကျောက်မဲမြို့တွင် လည်း ၎င်းတို့က မြို့မဈေးကို အတင်းအကြပ် ပြန်ဖွင့် ခိုင်းနေကာ ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း သိရသည်။

"ကျောက်မဲဈေးဆိုရင် ပြန်ဖွင့်တယ်ပေါ့။ တကယ်က မဖွင့်ရင် မီးရှို့မယ် ဘာညာဆိုတဲ့ ခြိမ်း ခြောက်မှုတွေနဲ့လေ။ ဥပဒေမဲ့ လုပ်ရပ်တွေလည်း ဖြစ် နေတယ်"ဟု ၎င်းက ဒေသအခြေအနေကို ရှင်းပြသည်။

zawgyi version
သီေပါၿမိဳ႕နယ္အတြင္း၌ MNDAA ႏွင့္ TNLA အၾကား နယ္ေျမလုတိုက္ပြဲမ်ား ျဖစ္လာႏိုင္
သုတေက်ာ္ (NP News) - စက္တင္ဘာ ၃

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ နယ္အတြင္း MNDAA ႏွင့္ TNLA အၾကား တင္းမာကာ နယ္ေျမလုတိုက္ပြဲမ်ား ျဖစ္ပြားလာႏိုင္ဖြယ္ ရွိ ေနေၾကာင္း ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိ အေနအထားအရ သီေပါၿမိဳ႕ျပင္ တြင္ MNDAA ရွိေနၿပီး သီေပါၿမိဳ႕အတြင္းမ်ားရွိေနကာ MNDAA ဘက္က ပေလာင္တိုင္းရင္းသားမ်ားကို ေပၚတာဆြဲျခင္းမ်ားရွိေနသည့္အတြက္ ႏွစ္ဖက္တင္းမာမႈမ်ားရွိေနေၾကာင္းလည္း သိရသည္။

"ေလာေလာဆယ္ေတာ့ ပေလာင္ေတြကို ေပၚတာဆြဲတယ္။ တကယ္လည္း ဆြဲေနတာ။ အဲဒါေၾကာင့္ ႏွစ္ဖက္ၾကားထဲမွာ တင္းမာမႈေတြေတာ့ ရွိေန တာေပါ့"ဟု အထက္ပါေဒသခံက ဆိုသည္။

MNDAA အေနျဖင့္ သီေပါၿမိဳ႕နယ္ အတြင္းသို႔ ဝင္ေရာက္လာရာတြင္ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာ ေနရာမ်ားတြင္ ခိုေအာင္းေနထိုင္မႈ မ်ားရွိေနကာ တိုက္ပြဲျဖစ္ပြားမည္ကို စိုးရိမ္မႈမ်ားရွိေနျခင္းျဖစ္သည္။

"ေလာေလာဆယ္ေတာ့ ပြတ္တိုက္မႈေတြ မေတြ႕ရေသးေပမယ့္ သီေပါနယ္မွာေတာ့ MNDAA နဲ႔TNLA အၾကား ပြတ္တိုက္မႈေတြ ျဖစ္လာႏိုင္တယ္။ ေက်ာက္မဲထက္ သီေပါက ပိုက်ယ္တယ္။ သီေပါၿမိဳ႕ နယ္မွာဆိုရင္ နမ့္လန္ၿမိဳ႕ဆိုတာရွိတယ္။ နမ့္လန္ ဘက္ျခမ္းကို MNDAA က သိမ္းထားတာ ျဖစ္တဲ့ အတြက္ နီးေတာ့နီးေနၿပီလို႔ ေျပာရမယ္" ဟု ၎က ဆိုသည္။

လတ္တေလာ ျမင္ေတြ႕ရသည့္ အေျခအေနအရ MNDAA မွာTNLA ၏ ဆရာသဖြယ္ျဖစ္ေနေသာေၾကာင့္ မလွန္ရဲသည့္ သေဘာမ်ိဳးကိုလည္း ျမင္ေတြ႕ရေၾကာင္း ၎က ရွင္းျပသည္။ လက္ရွိTNLA က ထိန္းခ်ဳပ္ထားသည့္ ေက်ာက္မဲၿမိဳ႕တြင္ လည္း ၎တို႔က ၿမိဳ႕မေဈးကို အတင္းအၾကပ္ ျပန္ဖြင့္ ခိုင္းေနကာ ၿခိမ္းေျခာက္မႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။

"ေက်ာက္မဲေဈးဆိုရင္ ျပန္ဖြင့္တယ္ေပါ့။ တကယ္က မဖြင့္ရင္ မီးရႈိ႕မယ္ ဘာညာဆိုတဲ့ ၿခိမ္း ေျခာက္မႈေတြနဲ႔ေလ။ ဥပေဒမဲ့ လုပ္ရပ္ေတြလည္း ျဖစ္ ေနတယ္"ဟု ၎က ေဒသအေျခအေနကို ရွင္းျပသည္။

Related news

© 2021. All rights reserved.