မန္တလေးမြို့ကို လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ လူနေအိမ်များပျက်စီးမှုရှိခဲ့သည့်အပြင် လူတစ်ဦးထိခိုက်ဒဏ်ရာရ

 3549

NP News - စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ကို လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အိမ်များပျက်စီးမှုရှိခဲ့သည့်အပြင် လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်ခံရမှုသည် ယနေ့(စက်တင်ဘာလ ၃ရက်) နံနက် ၄နာရီ ၂၀မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျရောက်ခဲ့သည့်‌ ရှော့တိုက်ဒုံးများအနက် တစ်လုံးသည် အောင်မြေသာစံမြိုနယ်၊ ညောင်ကွဲရပ်ကွက်၊ ၈×၉ လမ်းကြား၊ ၈၉ လမ်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ရှော့တိုက်ဒုံးက ပြတင်းပေါက်ကိုမှန်ပြီး အတွင်းထဲကိုဝင်သွားတာ။ အဲဒီမှာ တစ်ယောက်ဒဏ်ရာရပြီး ဒဏ်ရာရတဲ့လူက အဲဒီတိုက်ရဲ့ နောက်မှာ ငှားနေတဲ့လူလို့ ပြောသံကြားတယ်။ သူက အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူး။ ဒဏ်ရာကတော့ တစ်ကိုယ်လုံးပွနေအောင် ရတာပေါ့လေ။ အပျက်အစီးတွေလွှင့်စင်ရင်းကနေ ဒဏ်ရာရတာပေါ့။ ကျတဲ့တိုက်က (၃)ထပ်တိုက်ပါ”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသည့် ဒေသခံတစ်ဦးက NP News ကိုပြော သည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အခြားနေရာများသို့ ကျရောက်သည့် ရှော့တိုက်ဒုံးများကြောင့်လည်း လူနေအိမ်(၅)လုံးထက်မနည်း ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

“နောက်တစ်ခုက ကျုံးရဲ့အနောက်မြောက်ဘက်ကိုကျတယ်။ နောက်တစ်ခုက ဌာနီရှေ့ခေါ်မလားမသိဘူး။ စတိုးဆိုင်လည်းကျတယ်။ အဲဒီနေရာတွေကျတာတော့ သိရပါတယ်”ဟု အထက်ပါသတင်းအရင်းမြစ်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ NP News သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ“ဟုတ်ပါတယ် ဒီဖြစ်စဉ်က အမှန်ပါ။ လိုင်းပေါ်မှာလည်း ဓာတ်ပုံတွေပျံ့နှံ့နေတာက အမှန်ပါ။ ဒါနဲ့ပတ် သက်ပြီး ဘာမှလည်းမပြောလိုပါဘူး။ ရှော့တိုက်ဒုံးနဲ့ ပစ်တယ်ဆိုတည်းက အကြမ်းဖက်လုပ်ရပ်ပါ။ အခုကကျတာကလည်း မြို့ရဲ့မြောက်ဘက်ပါ။ ကျုံးနဲ့လည်းမဆိုင်သလို မြို့ရိုးနဲ့လည်း မဆိုင်ပါဘူး”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးက ပြော သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Brave Worrier Myanmar (BWM) နှင့် Shadow Mandalay အဖွဲ့တို့က ၎င်းတို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထားသည်။

zawgyi version
မႏၲေလးၿမိဳ႕ကို လက္နက္ကိုင္ပူးေပါင္းအဖြဲ႕က ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ရာ လူေနအိမ္မ်ားပ်က္စီးမႈရွိခဲ့သည့္အျပင္ လူတစ္ဦးထိခိုက္ဒဏ္ရာရ

NP News - စက္တင္ဘာ ၃

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္ကို လက္နက္ကိုင္ပူးေပါင္းအဖြဲ႕က ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ရာ အိမ္မ်ားပ်က္စီးမႈရွိခဲ့သည့္အျပင္ လူတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါပစ္ခတ္တိုက္ခိုက္ခံရမႈသည္ ယေန႔(စက္တင္ဘာလ ၃ရက္) နံနက္ ၄နာရီ ၂၀မိနစ္ခန႔္ကျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး က်ေရာက္ခဲ့သည့္‌ ေရွာ့တိုက္ဒုံးမ်ားအနက္ တစ္လုံးသည္ ေအာင္ေျမသာစံၿမိဳနယ္၊ ေညာင္ကြဲရပ္ကြက္၊ ၈×၉ လမ္းၾကား၊ ၈၉ လမ္းရွိ ေနအိမ္တစ္လုံးေပၚသို႔ က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ေရွာ့တိုက္ဒုံးက ျပတင္းေပါက္ကိုမွန္ၿပီး အတြင္းထဲကိုဝင္သြားတာ။ အဲဒီမွာ တစ္ေယာက္ဒဏ္ရာရၿပီး ဒဏ္ရာရတဲ့လူက အဲဒီတိုက္ရဲ႕ ေနာက္မွာ ငွားေနတဲ့လူလို႔ ေျပာသံၾကားတယ္။ သူက အသက္အႏၲရာယ္ေတာ့မစိုးရိမ္ရပါဘူး။ ဒဏ္ရာကေတာ့ တစ္ကိုယ္လုံးပြေနေအာင္ ရတာေပါ့ေလ။ အပ်က္အစီးေတြလႊင့္စင္ရင္းကေန ဒဏ္ရာရတာေပါ့။ က်တဲ့တိုက္က (၃)ထပ္တိုက္ပါ”ဟု ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသည့္ ေဒသခံတစ္ဦးက NP News ကိုေျပာ သည္။

ျဖစ္စဥ္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမွာ အသက္(၃၀)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး အျခားေနရာမ်ားသို႔ က်ေရာက္သည့္ ေရွာ့တိုက္ဒုံးမ်ားေၾကာင့္လည္း လူေနအိမ္(၅)လုံးထက္မနည္း ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။

“ေနာက္တစ္ခုက က်ဳံးရဲ႕အေနာက္ေျမာက္ဘက္ကိုက်တယ္။ ေနာက္တစ္ခုက ဌာနီေရွ႕ေခၚမလားမသိဘူး။ စတိုးဆိုင္လည္းက်တယ္။ အဲဒီေနရာေတြက်တာေတာ့ သိရပါတယ္”ဟု အထက္ပါသတင္းအရင္းျမစ္က ဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံသို႔ NP News သတင္းဌာနက ဆက္သြယ္ေမးျမန္းခဲ့ရာ“ဟုတ္ပါတယ္ ဒီျဖစ္စဥ္က အမွန္ပါ။ လိုင္းေပၚမွာလည္း ဓာတ္ပုံေတြပ်ံ႕ႏွံ႔ေနတာက အမွန္ပါ။ ဒါနဲ႔ပတ္ သက္ၿပီး ဘာမွလည္းမေျပာလိုပါဘူး။ ေရွာ့တိုက္ဒုံးနဲ႔ ပစ္တယ္ဆိုတည္းက အၾကမ္းဖက္လုပ္ရပ္ပါ။ အခုကက်တာကလည္း ၿမိဳ႕ရဲ႕ေျမာက္ဘက္ပါ။ က်ဳံးနဲ႔လည္းမဆိုင္သလို ၿမိဳ႕႐ိုးနဲ႔လည္း မဆိုင္ပါဘူး”ဟု မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ စီးပြားေရးဝန္ႀကီး ဦးသိန္းေဌးက ေျပာ သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ Brave Worrier Myanmar (BWM) ႏွင့္ Shadow Mandalay အဖြဲ႕တို႔က ၎တို႔တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ဝန္ခံထားသည္။

Related news

© 2021. All rights reserved.