ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အစ္စရေးဝန်ကြီးချုပ်၏ ကြိုးပမ်းမှုများကို အမေရိကန်သမ္မတဝေဖန်
503
ဂျန်ဇက် (NP News) - စက်တင်ဘာ ၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ဖမ်းဆီးခံထားရသူများပြန်လွတ်မြောက်စေရန် အစ္စရေးဝန်ကြီးချုပ်၏ ကြိုးပမ်းအားထုတ်မှုများ လုံလောက်မှုမရှိကြောင်း ဝေဖန်ထားသည်။
အမေရိကန်သမ္မတက "ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်မြောက်စေဖို့ ဟားမတ်စ်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေးရယူဖို့ အစ္စရေးဝန်ကြီးချုပ်ရဲ့ကြိုးပမ်းမှုတွေဟာ လုံလောက်မှုမရှိခဲ့ဘူး။ လက်ရှိအချိန်မှာတော့ ဟားမတ်စ်အဖွဲ့နဲ့ စာချုပ်ချုပ်ဆိုနိုင်ရေး အခြေအနေတွေရဲ့နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး စာချုပ်ဖို့ နီးစပ်မှုတွေရှိနေတယ်"ဟု ပြောသည်။
ဂါဇာဒေသတောင်ပိုင်းတွင်ဖမ်းဆီးခံထားရသူ (၆)ဦး၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့မှုအပေါ်မကျေနပ်သည့်အတွက် အစ္စရေးနိုင်ငံအတွင်း လူပေါင်းသိန်းချီပါဝင်သော ဆန္ဒပြပွဲများဖြစ်ခဲ့ပြီးနောက် အမေရိကန် သမ္မတက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတက" ဖမ်း ဆီးခံရသူတွေ အသက်ရှင်လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်တွေကတော့ ရှိနေဆဲဖြစ်တယ်။ အပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်နေပါတယ်"ဟုပြောသည်။
အမေရိကန်သမ္မတသည် စက်တင်ဘာ ၂ ရက်နေ့တွင် အမေရိကန်ဒုတိယသမ္မတကာမာလာဟာရစ်နှင့်တွေ့ဆုံပြီး ဟားမတ်စ်လက်နက်ကိုင်အဖွဲ့လက်ထဲ ဖမ်းဆီးခံထားရသူများအမြန်ဆုံးပြန်လွတ်မြောက်စေရန်အတွက် သဘောတူညီမှုရရှိစေရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။ အစ္စရေး နှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲက (၁၁)လကြာမြင့်နေပြီး ဟားမတ်စ်လက်နက်ကိုင်အဖွဲ့လက်ထဲတွင်ဖမ်းဆီးခံထားရသူအနည်းဆုံး ၁၀၀ ကျော်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
zawgyi version
ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲရန္ အစၥေရးဝန္ႀကီးခ်ဳပ္၏ ႀကိဳးပမ္းမႈမ်ားကို အေမရိကန္သမၼတေဝဖန္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၃
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ ဖမ္းဆီးခံထားရသူမ်ားျပန္လြတ္ေျမာက္ေစရန္ အစၥေရးဝန္ႀကီးခ်ဳပ္၏ ႀကိဳးပမ္းအားထုတ္မႈမ်ား လုံေလာက္မႈမရွိေၾကာင္း ေဝဖန္ထားသည္။
အေမရိကန္သမၼတက "ဖမ္းဆီးခံထားရသူေတြ ျပန္လြတ္ေျမာက္ေစဖို႔ ဟားမတ္စ္အဖြဲ႕နဲ႔ အပစ္ခတ္ရပ္စဲေရးရယူဖို႔ အစၥေရးဝန္ႀကီးခ်ဳပ္ရဲ႕ႀကိဳးပမ္းမႈေတြဟာ လုံေလာက္မႈမရွိခဲ့ဘူး။ လက္ရွိအခ်ိန္မွာေတာ့ ဟားမတ္စ္အဖြဲ႕နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရး အေျခအေနေတြရဲ႕ေနာက္ဆုံးအဆင့္ကို ေရာက္ရွိေနၿပီး စာခ်ဳပ္ဖို႔ နီးစပ္မႈေတြရွိေနတယ္"ဟု ေျပာသည္။
ဂါဇာေဒသေတာင္ပိုင္းတြင္ဖမ္းဆီးခံထားရသူ (၆)ဦး၏႐ုပ္အေလာင္းကို ျပန္လည္ေတြ႕ရွိခဲ့မႈအေပၚမေက်နပ္သည့္အတြက္ အစၥေရးႏိုင္ငံအတြင္း လူေပါင္းသိန္းခ်ီပါဝင္ေသာ ဆႏၵျပပြဲမ်ားျဖစ္ခဲ့ၿပီးေနာက္ အေမရိကန္ သမၼတက ယင္းကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ အေမရိကန္သမၼတက" ဖမ္း ဆီးခံရသူေတြ အသက္ရွင္လြတ္ေျမာက္ေရးအတြက္ ေမွ်ာ္လင့္ခ်က္ေတြကေတာ့ ရွိေနဆဲျဖစ္တယ္။ အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္လက္မွတ္ေရးထိုးႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္"ဟုေျပာသည္။
အေမရိကန္သမၼတသည္ စက္တင္ဘာ ၂ ရက္ေန႔တြင္ အေမရိကန္ဒုတိယသမၼတကာမာလာဟာရစ္ႏွင့္ေတြ႕ဆုံၿပီး ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕လက္ထဲ ဖမ္းဆီးခံထားရသူမ်ားအျမန္ဆုံးျပန္လြတ္ေျမာက္ေစရန္အတြက္ သေဘာတူညီမႈရရွိေစရန္ ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။ အစၥေရး ႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္ စစ္ပြဲက (၁၁)လၾကာျမင့္ေနၿပီး ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕လက္ထဲတြင္ဖမ္းဆီးခံထားရသူအနည္းဆုံး ၁၀၀ ေက်ာ္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။