မီတာခ တိုးကောက်သည့်အတွက် လျှပ်စစ်မီးပိုမိုရရှိရန် လုပ်ငန်းရှင်များဆန္ဒရှိနေသည့်အပြင် ပျောက်ဆုံး မီတာယူနစ်များကိုလည်း ထိထိရောက်ရောက် ဖော်ထုတ်သင့်

 5006

ယွန်း (NP News) - စက်တင်ဘာ ၄

လုပ်ငန်းရှင်များအ‌နေဖြင့် လျှပ်စစ်မီတာခ တိုးကောက်သည့်အပေါ် ပြဿနာမရှိသော်လည်း လျှပ်စစ်မီး ပိုမိုရရှိနိုင်ရေး ဆန္ဒရှိနေသည့်အပြင် ‌ပျောက်ဆုံးမီတာယူနစ်များကိုလည်း ထိထိရောက် ရောက်ဖော်ထုတ်သင့်ကြောင်း ပြည် တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ထံ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို ပြည်တွင်း၊ ပြည် ပ ရင်းနှီးမြှုပ်နှံမှုများဖြင့်ဆောင်ရွက်ပြီး ဓာတ်အား သုံးစွဲသူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်နေရာ ဘဏ္ဍာနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာသဖြင့် ဓာတ်အားခနှုန်းထားများကို ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ဩဂုတ်(၃၀) ရက် ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများသုံးစွဲနေသည့် ဓာတ်အားတစ် ယူနစ်လျှင် (၆၀)ကျပ်ခန့်ကို နိုင်ငံတော်က စိုက်ထုတ်ကျခံနေရပြီး ယခင်ဘဏ္ဍာနှစ် (၂၀၂၂-၂၀၂၃) ၌ ပြည်သူလူထုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးရာတွင် ကျပ်ဘီလျံ (၁၀ဝဝ)ခန့်ကျခံခဲ့ရကြောင်း ဝန်ကြီးဌာနထံမှသိရသည်။
ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားပျောက်ဆုံးမှုများအတွက် ပျောက်ဆုံးယူနစ်များကို တိတိကျကျ ဖော်ထုတ်ရန်လိုပြီး ထိုသို့ဖော် ထုတ်ပြီးမှသာ ဈေးနှုန်းတွက်ချက်ပြောင်းလဲသင့်ကြောင်း အကြံပြုမှုများလည်း ရှိနေသည်။

“လျှပ်စစ်ဓာတ်အားခကတော့ တိုးရမှာကတော့တိုးရမှာပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံတော်က တကယ့်တကယ်ဆို ရှုံးနေတာလေ။ အမှန်က သူများနိုင်ငံမှာဆိုလည်း ဈေးကြီးတာပဲ။ အဲဒါနဲ့ညီမျှတဲ့ မီးမှန်ဖို့လည်း Infrastructure တွေ ထပ် ဆောက်ဖို့တော့လိုတယ်။ နောက်တစ်ခုက ရှုံးတယ်ဆိုတဲ့အများစုကလည်း မီတာယူနစ် ပျောက်ဆုံးမှုကို ထိထိ ရောက်ရောက်ကာကွယ်သင့်တယ်။ ဓာတ်အားပျောက်ဆုံးမှုတွေများပြီးတော့ ရှုံးလို့ လိုက်တိုးတယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး။ ဓာတ်အားပျောက်ဆုံးတယ် ဆိုတာကလည်း ဥပမာ- စက္ကူစက်တို့၊ ရေခဲစက်တို့၊ KTV တို့ဆိုရင် သုံး၊ လေး သိန်းလောက်ပဲ ဆောင်တာရှိတယ်။ တစ်ညလုံး မီးတွေဖွင့်ထားပြီး အလုပ်လုပ်တဲ့ဟာက သုံး၊ လေး သိန်းဆိုတာ ဘယ်လို မှမဖြစ်နိုင်ဘူးလေ။ အဲဒီလိုဟာတွေမှာ ဆုံးရှုံးမှုတွေရှိနေတယ်လို့ ကျွန်တော်တို့လည်း သိနေရတယ်။ ပျောက်ဆုံး ယူနစ် တွေကို တိတိကျကျ ဖော်ထုတ်ဖို့လိုတယ်။ အဲဒါတွေကို ဖော်ထုတ်ပြီးတော့မှ ဈေးနှုန်း သေချာတွက်သင့်တာပေါ့နော်။ အခုလို တိုးလိုက်တဲ့အတွက် ခံရမှာကတော့ စားသုံးသူတွေကတော့ အဓိကပေါ့” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အဆိုပါထုတ်ပြန်ချက်အရ အိမ်သုံးအမျိုး အစား ဓာတ်အားသုံးစွဲသူများအတွက် ဓာတ်အားခနှုန်းထားကို (၁) ယူနစ်မှ (၅၀) ယူနစ်အထိကို (၅၀) ကျပ်၊ (၅၁) ယူနစ်မှ (၁၀ဝ) ယူနစ်အထိကို (၁၀ဝ)ကျပ်၊ (၁၀၁)ယူနစ်မှ (၂၀ဝ)ယူနစ် အထိ ကို (၁၅၀)ကျပ်နှင့် (၂၀၁)ယူနစ်နှင့် အထက်ကို (၃၀ဝ)ကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် (၁)ယူနစ်မှ (၅၀ဝဝ) ယူနစ် အထိကို (၂၅၀)ကျပ်နှင့် (၅၀ဝ၁) ယူနှစ်မှ(၂၀ဝဝဝ) ယူနစ် အထိကို (၄၀ဝ)ကျပ်၊ (၂၀ဝ၀၁)ယူနစ်နှင့် အထက်ကို (၅၀ဝ)ကျပ်နှုန်းဖြင့် ပြင်ဆင်သတ်မှတ် ထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ပြင်ဆင်သတ်မှတ်လိုက်သည့် ဓာတ်အားခနှုန်းထားများကို စက်တင်ဘာ (၁) ရက်မှစ၍ အကျိုးသက် ရောက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထည့်သွင်းထုတ်ပြန် ထားသည်။ “မီတာခ ပြောင်းတာက ပြဿနာ မရှိပေမယ့် မီးမှန်ဖို့ပဲလိုတာ။ စက်ရုံတွေအနေနဲ့တော့ ပေးနိုင်ပါတယ်။ သာမန်အရပ်သားတွေ အတွက်ကတော့ ပေးနိုင်မလား၊ မပေးနိုင်မလားတော့ မပြောတတ်ဘူး။ မီးမှန်ရင်တော့ ဆီဖိုးအတွက် အများကြီးသက်သာတော့ ပြဿနာမရှိဘူး။ မီတာခလည်းတက်မယ်။ မီးလည်းပျက်မယ်ဆိုရင်တော့ ဘာမှမထူးဘူးပေါ့”ဟု အထည်ချုပ် လုပ်ငန်းရှင်ကြီး တစ်ဦးကဆိုသည်။

လက်ရှိတွင် စက်မှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်မီးမှန် ကန်စွာမရရှိခြင်း ကြောင့် မီးစက်များကိုသာ အဓိကသုံးစွဲနေရပြီး လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံလိုက်သည့် အတွက် မီးရရှိသည့် အချိန်ကိုလည်း ပိုမိုရရှိနိုင်ရေး ဆန္ဒရှိနေကြသည်။ “တိုးတာကတော့ တိုးပေါ့။ မီးကို အချိန်နဲ့‌ပေးတာ ထက်စာရင် သတ် မှတ်ချိန်ပိုတိုးပြီးပေးရင်တော့ ကျွန်တော်တို့လည်း ပေးပျော်တာပေါ့။ အခုဆို မီးစက်ဖိုးက အရမ်းကုန်နေတာဆိုတော့ မီးကို အချိန်ပိုပေးနိုင်တော့ ပိုကောင်းတာပေါ့။ မီးစက် မောင်းရတဲ့အချိန် ကလည်း မနည်းဘူး။ ဆီဝယ်ရတာလည်း ဒုက္ခ ရောက်တယ်။ အဲဒီတော့ မီတာခတိုးရင်လည်း မီး ပေးချိန်တော့ ပိုတိုးပေးပေါ့။ နိုင်ငံသားဆိုတော့ သတ်မှတ်ချက်ကတော့ လိုက်နာရမှာပဲလေ”ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား (၁)မဂ္ဂါဝပ်လျှင် စုစုပေါင်း အိမ်‌ခြေ(၃၅၀ဝ) ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီး ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်တွင် တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်းသည် (၃၇၈) ကီလို ဝပ်ခန့်ရှိခဲ့ကြောင်း သိရသည်။ ယခင်က နိုင်ငံတော် အနေဖြင့် မီတာခနှုန်းထားများကို (၁)ယူနစ်လျှင် (၃၅)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ယူနစ်(၁၀ဝ)နှင့်အထက်လျှင် ငွေကျပ်(၁၂၀) နှုန်းဖြင့်လည်းကောင်း သတ်မှတ်ကောက်ခံခဲ့ကြောင်း သိရသည်။

zawgyi version
မီတာခ တိုးေကာက္သည့္အတြက္ လွ်ပ္စစ္မီးပိုမိုရရွိရန္ လုပ္ငန္းရွင္မ်ားဆႏၵရွိေနသည့္အျပင္ ေပ်ာက္ဆုံး မီတာယူနစ္မ်ားကိုလည္း ထိထိေရာက္ေရာက္ ေဖာ္ထုတ္သင့္
ယြန္း (NP News) - စက္တင္ဘာ ၄

လုပ္ငန္းရွင္မ်ားအ‌ေနျဖင့္ လွ်ပ္စစ္မီတာခ တိုးေကာက္သည့္အေပၚ ျပႆနာမရွိေသာ္လည္း လွ်ပ္စစ္မီး ပိုမိုရရွိႏိုင္ေရး ဆႏၵရွိေနသည့္အျပင္ ‌ေပ်ာက္ဆုံးမီတာယူနစ္မ်ားကိုလည္း ထိထိေရာက္ ေရာက္ေဖာ္ထုတ္သင့္ေၾကာင္း ျပည္ တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕ထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႀကီးမ်ားႏွင့္ ဓာတ္အားလိုင္းႀကီးမ်ား အဆင့္ျမႇင့္တင္ျခင္း၊ တိုးခ်ဲ႕တည္ေဆာက္ျခင္း၊ ျပဳျပင္ထိန္းသိမ္းျခင္းမ်ားကို ျပည္တြင္း၊ ျပည္ ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျဖင့္ေဆာင္႐ြက္ၿပီး ဓာတ္အား သုံးစြဲသူမ်ားသို႔ လွ်ပ္စစ္ဓာတ္အား ပိုမိုထုတ္လုပ္ ျဖန႔္ျဖဴးေပးႏိုင္ေရးေဆာင္႐ြက္ေနရာ ဘ႑ာႏွစ္အလိုက္ ထုတ္လုပ္မႈစရိတ္ျမင့္မားလာသျဖင့္ ဓာတ္အားခႏႈန္းထားမ်ားကို ျပင္ဆင္သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာန၏ ဩဂုတ္(၃၀) ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။

ျပည္သူမ်ားသုံးစြဲေနသည့္ ဓာတ္အားတစ္ ယူနစ္လွ်င္ (၆၀)က်ပ္ခန႔္ကို ႏိုင္ငံေတာ္က စိုက္ထုတ္က်ခံေနရၿပီး ယခင္ဘ႑ာႏွစ္ (၂၀၂၂-၂၀၂၃) ၌ ျပည္သူလူထုကို လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေပးရာတြင္ က်ပ္ဘီလ်ံ (၁၀ဝဝ)ခန႔္က်ခံခဲ့ရေၾကာင္း ဝန္ႀကီးဌာနထံမွသိရသည္။
ထို႔ေၾကာင့္ ဝန္ႀကီးဌာနအေနျဖင့္ ဓာတ္အားေပ်ာက္ဆုံးမႈမ်ားအတြက္ ေပ်ာက္ဆုံးယူနစ္မ်ားကို တိတိက်က် ေဖာ္ထုတ္ရန္လိုၿပီး ထိုသို႔ေဖာ္ ထုတ္ၿပီးမွသာ ေဈးႏႈန္းတြက္ခ်က္ေျပာင္းလဲသင့္ေၾကာင္း အႀကံျပဳမႈမ်ားလည္း ရွိေနသည္။

“လွ်ပ္စစ္ဓာတ္အားခကေတာ့ တိုးရမွာကေတာ့တိုးရမွာပဲ။ ဘာလို႔လဲဆိုေတာ့ ႏိုင္ငံေတာ္က တကယ့္တကယ္ဆို ရႈံးေနတာေလ။ အမွန္က သူမ်ားႏိုင္ငံမွာဆိုလည္း ေဈးႀကီးတာပဲ။ အဲဒါနဲ႔ညီမွ်တဲ့ မီးမွန္ဖို႔လည္း Infrastructure ေတြ ထပ္ ေဆာက္ဖို႔ေတာ့လိုတယ္။ ေနာက္တစ္ခုက ရႈံးတယ္ဆိုတဲ့အမ်ားစုကလည္း မီတာယူနစ္ ေပ်ာက္ဆုံးမႈကို ထိထိ ေရာက္ေရာက္ကာကြယ္သင့္တယ္။ ဓာတ္အားေပ်ာက္ဆုံးမႈေတြမ်ားၿပီးေတာ့ ရႈံးလို႔ လိုက္တိုးတယ္ဆိုတာမ်ိဳးကေတာ့ မျဖစ္သင့္ဘူး။ ဓာတ္အားေပ်ာက္ဆုံးတယ္ ဆိုတာကလည္း ဥပမာ- စကၠဴစက္တို႔၊ ေရခဲစက္တို႔၊ KTV တို႔ဆိုရင္ သုံး၊ ေလး သိန္းေလာက္ပဲ ေဆာင္တာရွိတယ္။ တစ္ညလုံး မီးေတြဖြင့္ထားၿပီး အလုပ္လုပ္တဲ့ဟာက သုံး၊ ေလး သိန္းဆိုတာ ဘယ္လို မွမျဖစ္ႏိုင္ဘူးေလ။ အဲဒီလိုဟာေတြမွာ ဆုံးရႈံးမႈေတြရွိေနတယ္လို႔ ကြၽန္ေတာ္တို႔လည္း သိေနရတယ္။ ေပ်ာက္ဆုံး ယူနစ္ ေတြကို တိတိက်က် ေဖာ္ထုတ္ဖို႔လိုတယ္။ အဲဒါေတြကို ေဖာ္ထုတ္ၿပီးေတာ့မွ ေဈးႏႈန္း ေသခ်ာတြက္သင့္တာေပါ့ေနာ္။ အခုလို တိုးလိုက္တဲ့အတြက္ ခံရမွာကေတာ့ စားသုံးသူေတြကေတာ့ အဓိကေပါ့” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

အဆိုပါထုတ္ျပန္ခ်က္အရ အိမ္သုံးအမ်ိဳး အစား ဓာတ္အားသုံးစြဲသူမ်ားအတြက္ ဓာတ္အားခႏႈန္းထားကို (၁) ယူနစ္မွ (၅၀) ယူနစ္အထိကို (၅၀) က်ပ္၊ (၅၁) ယူနစ္မွ (၁၀ဝ) ယူနစ္အထိကို (၁၀ဝ)က်ပ္၊ (၁၀၁)ယူနစ္မွ (၂၀ဝ)ယူနစ္ အထိ ကို (၁၅၀)က်ပ္ႏွင့္ (၂၀၁)ယူနစ္ႏွင့္ အထက္ကို (၃၀ဝ)က်ပ္ႏႈန္း သတ္မွတ္ထားေၾကာင္း သိရသည္။

ထို႔ျပင္ အိမ္သုံးမဟုတ္သည့္ အမ်ိဳးအစားမ်ားအတြက္ (၁)ယူနစ္မွ (၅၀ဝဝ) ယူနစ္ အထိကို (၂၅၀)က်ပ္ႏွင့္ (၅၀ဝ၁) ယူႏွစ္မွ(၂၀ဝဝဝ) ယူနစ္ အထိကို (၄၀ဝ)က်ပ္၊ (၂၀ဝ၀၁)ယူနစ္ႏွင့္ အထက္ကို (၅၀ဝ)က်ပ္ႏႈန္းျဖင့္ ျပင္ဆင္သတ္မွတ္ ထားေၾကာင္း ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ျပင္ဆင္သတ္မွတ္လိုက္သည့္ ဓာတ္အားခႏႈန္းထားမ်ားကို စက္တင္ဘာ (၁) ရက္မွစ၍ အက်ိဳးသက္ ေရာက္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက ထည့္သြင္းထုတ္ျပန္ ထားသည္။ “မီတာခ ေျပာင္းတာက ျပႆနာ မရွိေပမယ့္ မီးမွန္ဖို႔ပဲလိုတာ။ စက္႐ုံေတြအေနနဲ႔ေတာ့ ေပးႏိုင္ပါတယ္။ သာမန္အရပ္သားေတြ အတြက္ကေတာ့ ေပးႏိုင္မလား၊ မေပးႏိုင္မလားေတာ့ မေျပာတတ္ဘူး။ မီးမွန္ရင္ေတာ့ ဆီဖိုးအတြက္ အမ်ားႀကီးသက္သာေတာ့ ျပႆနာမရွိဘူး။ မီတာခလည္းတက္မယ္။ မီးလည္းပ်က္မယ္ဆိုရင္ေတာ့ ဘာမွမထူးဘူးေပါ့”ဟု အထည္ခ်ဳပ္ လုပ္ငန္းရွင္ႀကီး တစ္ဦးကဆိုသည္။

လက္ရွိတြင္ စက္မႈလုပ္ငန္းမ်ားအပါအဝင္ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ လွ်ပ္စစ္မီးမွန္ ကန္စြာမရရွိျခင္း ေၾကာင့္ မီးစက္မ်ားကိုသာ အဓိကသုံးစြဲေနရၿပီး လွ်ပ္စစ္ဓာတ္အားခတိုးျမႇင့္ေကာက္ခံလိုက္သည့္ အတြက္ မီးရရွိသည့္ အခ်ိန္ကိုလည္း ပိုမိုရရွိႏိုင္ေရး ဆႏၵရွိေနၾကသည္။ “တိုးတာကေတာ့ တိုးေပါ့။ မီးကို အခ်ိန္နဲ႔‌ေပးတာ ထက္စာရင္ သတ္ မွတ္ခ်ိန္ပိုတိုးၿပီးေပးရင္ေတာ့ ကြၽန္ေတာ္တို႔လည္း ေပးေပ်ာ္တာေပါ့။ အခုဆို မီးစက္ဖိုးက အရမ္းကုန္ေနတာဆိုေတာ့ မီးကို အခ်ိန္ပိုေပးႏိုင္ေတာ့ ပိုေကာင္းတာေပါ့။ မီးစက္ ေမာင္းရတဲ့အခ်ိန္ ကလည္း မနည္းဘူး။ ဆီဝယ္ရတာလည္း ဒုကၡ ေရာက္တယ္။ အဲဒီေတာ့ မီတာခတိုးရင္လည္း မီး ေပးခ်ိန္ေတာ့ ပိုတိုးေပးေပါ့။ ႏိုင္ငံသားဆိုေတာ့ သတ္မွတ္ခ်က္ကေတာ့ လိုက္နာရမွာပဲေလ”ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

ျပည္တြင္း၌ လွ်ပ္စစ္ဓာတ္အား (၁)မဂၢါဝပ္လွ်င္ စုစုေပါင္း အိမ္‌ေျခ(၃၅၀ဝ) ခန႔္ကို လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးႏိုင္ၿပီး ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္တြင္ တစ္ဦးခ်င္းပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား သုံးစြဲမႈႏႈန္းသည္ (၃၇၈) ကီလို ဝပ္ခန႔္ရွိခဲ့ေၾကာင္း သိရသည္။ ယခင္က ႏိုင္ငံေတာ္ အေနျဖင့္ မီတာခႏႈန္းထားမ်ားကို (၁)ယူနစ္လွ်င္ (၃၅)က်ပ္ႏႈန္းျဖင့္ လည္းေကာင္း၊ ယူနစ္(၁၀ဝ)ႏွင့္အထက္လွ်င္ ေငြက်ပ္(၁၂၀) ႏႈန္းျဖင့္လည္းေကာင္း သတ္မွတ္ေကာက္ခံခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.