မြောက်ကိုရီးယားမှာ ရေကြီးမှုတွေနဲ့ပတ်သက်ပြီး အရာရှိ(၃၀)ဦးခန့်ကို ကွပ်မျက်ဖို့ ကင်ဂျုံအန်းအမိန့်ပေးခဲ့ဟုဆို

 12101

Pika (NP News) - စက်တင်ဘာ ၄

မြောက်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်လနှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေ၊ မြေပြိုမှုတွေကို တားဆီးကာကွယ်ဖို့ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အရာရှိ(၂၀)ဦးကနေ (၃၀)ဦးကို ကွပ်မျက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအရာရှိတွေဟာ အကျင့်ပျက်ခြစားမှု၊ တာဝန်ပျက်မှုတို့နဲ့ တရားစွဲဆိုခံထားရပြီးနောက် ကွပ်မျက်ဖို့ အမိန့်ပေးခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားအရာရှိတစ်ဦးက "ရေကြီးမှုတွေကို တားဆီးကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့ အရာရှိ(၂၀)ဦးကနေ (၃၀)ဦးကို ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ကွပ်မျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ကွပ်မျက်မှုအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး တိတိကျကျ အတည်ပြုနိုင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံ Chagang ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေကို တင်းတင်းကြပ်ကြပ်အပြစ်ပေးဖို့ ကင်ဂျုံအန်းက အမိန့်ပေးခဲ့တယ်လို့ KCNA သတင်းဌာနက အစောပိုင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ကင်ဂျုံအန်းဟာ ရေဘေးသင့်ဒေသတွေကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ဒေသခံတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် သေဆုံးတဲ့လူအရေအတွက်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားရဲ့အစီရင်ခံစာတွေကို ကင်ဂျုံအန်းက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ ရေကြီးမှုတွေဖြစ်ပွားပြီးနောက် ရေဘေးကယ်ဆယ်ရေးအကူအညီတွေကို တောင်ကိုရီးယားဘက်က ကမ်းလှမ်းခဲ့ပေမယ့်လည်း မြောက်ကိုရီးယားဘက်ကတော့ ပြန်လည်တုံ့ပြန်တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

zawgyi version
ေျမာက္ကိုရီးယားမွာ ေရႀကီးမႈေတြနဲ႔ပတ္သက္ၿပီး အရာရွိ(၃၀)ဦးခန႔္ကို ကြပ္မ်က္ဖို႔ ကင္ဂ်ဳံအန္းအမိန႔္ေပးခဲ့ဟုဆို
Pika (NP News) - စက္တင္ဘာ ၄

ေျမာက္ကိုရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ဇူလိုင္လေႏွာင္းပိုင္းက ျဖစ္ပြားခဲ့တဲ့ ေရႀကီးမႈေတြ၊ ေျမၿပိဳမႈေတြကို တားဆီးကာကြယ္ဖို႔ပ်က္ကြက္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ အရာရွိ(၂၀)ဦးကေန (၃၀)ဦးကို ကြပ္မ်က္ဖို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။

အဲဒီအရာရွိေတြဟာ အက်င့္ပ်က္ျခစားမႈ၊ တာဝန္ပ်က္မႈတို႔နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္ ကြပ္မ်က္ဖို႔ အမိန႔္ေပးခံရတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားအရာရွိတစ္ဦးက "ေရႀကီးမႈေတြကို တားဆီးကာကြယ္ဖို႔ ပ်က္ကြက္ခဲ့တဲ့ အရာရွိ(၂၀)ဦးကေန (၃၀)ဦးကို ၿပီးခဲ့တဲ့လေႏွာင္းပိုင္းမွာ ကြပ္မ်က္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါေပမဲ့လည္း ကြပ္မ်က္မႈအစီရင္ခံစာေတြနဲ႔ပတ္သက္ၿပီး တိတိက်က် အတည္ျပဳႏိုင္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံ Chagang ျပည္နယ္မွာျဖစ္ပြားခဲ့တဲ့ ေရႀကီးမႈေတြနဲ႔ပတ္သက္ၿပီး အာဏာပိုင္ေတြကို တင္းတင္းၾကပ္ၾကပ္အျပစ္ေပးဖို႔ ကင္ဂ်ဳံအန္းက အမိန႔္ေပးခဲ့တယ္လို႔ KCNA သတင္းဌာနက အေစာပိုင္းမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့လတုန္းက ကင္ဂ်ဳံအန္းဟာ ေရေဘးသင့္ေဒသေတြကို သြားေရာက္စစ္ေဆးၾကည့္ရႈခဲ့ၿပီး ေဒသခံေတြနဲ႔ ထိေတြ႕ဆက္ဆံခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေသဆုံးတဲ့လူအေရအတြက္နဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားရဲ႕အစီရင္ခံစာေတြကို ကင္ဂ်ဳံအန္းက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံမွာ ေရႀကီးမႈေတြျဖစ္ပြားၿပီးေနာက္ ေရေဘးကယ္ဆယ္ေရးအကူအညီေတြကို ေတာင္ကိုရီးယားဘက္က ကမ္းလွမ္းခဲ့ေပမယ့္လည္း ေျမာက္ကိုရီးယားဘက္ကေတာ့ ျပန္လည္တုံ႔ျပန္တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.