မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ

 4262

သန့်ဇင် (NP News) - စက်တင်ဘာ ၈

မြို့ပြနေလူထုအကြား အချင်းချင်းယုံကြည်မှုကျ ဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေကြောင်း NP News က ဆက်သွယ်မေးမြန်းစုံစမ်း ထားသည့်အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ လူဦးရေအထူထပ်ဆုံး စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ယခုနောက်ပိုင်းကာလ၌ လူဦးရေပိုမိုများပြားလာမှုနှင့်အတူ လုယက်ဖောက် ထွင်းခိုးယူသည့်ဖြစ်စဉ်များ လာသည့်အပြင် အကြမ်းဖက်သမားများ စိမ့်ဝင်လာမည်ကိုလည်း စိုးရိမ်မှုများရှိနေခြင်း ဖြစ်သည်။

ယခုအခါ နေ့ခင်းကြောင်တောင်ကိုပင် ဘတ်စ်ကားမှတ်တိုင်များ၊ လူပြတ်သောနေရာများ၌ မျက်နှာစိမ်းများ၊ မသင်္ကာဖွယ်အပြုမူရှိသူများကို ယခင်ထက် ပိုမိုသတိထား စောင့်ကြည့်လာကြခြင်း ဖြစ်သည်။

“ စိုးရိမ်စိတ်တွေကရှိနေတယ်။ သွားတာလာတာကမှအစ သတိထားနေရတယ်။ လူစိမ်းတွေ ဆိုတာက လူဆိုးလား လူကောင်းလားဆိုတာ မသိနိုင်ဘူး‌လေ။ နောက်ပြီး ကျွန်မတို့လုံခြုံရေးနဲ့ ကျွန်မတို့ ပတ်ဝန်းကျင်ရဲ့လုံခြုံရေးက အသံကြားတာကမှအစ ထကြည့် ရတာမျိုးပေါ့။ ဘာလို့ဆို အခုနောက်ပိုင်း က မြို့ထဲမှာ ဖောက်ထွင်းတာတွေက များတယ်လေ။ ကျွန်မတို့ရဲ့ နေအိမ်တွေ၊ ရပ်ကွက်တွေကို အစစ အရာရာ စောင့်ကြည့်နေရတယ်ပေါ့” ဟု ရန်ကုန်မြို့ခံအမျိုးသမီး တစ်ဦးက ပြောသည်။

ယခင်က လွတ်လပ်စွာသွားလာနေထိုင်သူများအနေဖြင့်လည်း ယခုနောက်ပိုင်းကာလတွင် လူတစ်ဦးနှင့်တစ်ဦးအကြား အခြေအနေစောင့်ကြည့်ကာ စိုးရိမ်စိတ်များဖြင့် သွားလာနေကြရကြောင်း အထက်ပါဒေသခံက ဆိုသည်။

“အရင်ကတော့ လွတ်လွတ်လပ်လပ်သွားလို့လာလို့ရသေးတယ်။ အခုနောက်ပိုင်းက သွားလို့ လာလို့မရတော့ဘူး။ ဘာလို့ဆို လူစိမ်းတစ်ယောက် ယောက်က အနားရောက်လာရင် လုယက်မှာလည်း ကြောက်ရတယ်လေ။ ပစ္စည်းမရလို့ ဓားနဲ့ထိုးသွားရင် လည်း ခံရမှာလေ။ အဲဒါမျိုးတွေက တကယ်လည်း ဖြစ်နေတာ။ လုယက်မှုတွေလည်းဖြစ်တယ်။ ဓားထိုးမှုတွေ လည်းဖြစ်နေတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် အုပ်စုဖွဲ့၍ နေအိမ်အတွင်းဝင်ရောက် လုယက်မှုများပိုမိုဖြစ်ပွားလာနေကြောင်း ဒေသခံများက ၎င်းတို့၏လူမှုကွန်ရက် Facebook စာမျက်နှာများထက်တွင် ဖော်ပြရေးသားထားချက်များအရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း တာမွေမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် အဖွားအိုတစ်ဦး တည်းရှိ နေစဉ် လူ(၂)ဦးမှဝင်ရောက် ထိုးကြိတ် လုယက်မှု ဖြစ်ပွာခဲ့ရာ ကျူးလွန်သူ တစ်ဦးကို ဖမ်းဆီးရမိခဲ့သော် လည်း တစ်ဦးမှာ ရွှေထည် ပစ္စည်းများအပါအဝင် ငွေကြေးအချို့နှင့် ထွက်ပြေးလွတ်မြောက်သွား ခဲ့သည်။

အဆိုပါအခြေအနေများနှင့်စပ်လျှင်း၍ ရန်ကုန်မြို့တွင်လူဦးရေထူထပ်လာသည့် အပေါ် အချင်း ချင်း ယုံကြည်မှုကျဆင်းလာကာ စိုးရိမ်စိတ်များမြင့် တက် လာသည့်အခြေအနေ ကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ က အဓိကစစ်ဆေးရန်လိုအပ်ပြီး အများပြည်သူများလည်း ပြည်သူ့လုံခြုံ ရေးစနစ် တစ်ခုအနေ နှင့် ဝိုင်းဝန်းပါဝင်ရန်လိုအပ်ကြောင်း ပြည်သူ့ပါ တီမှ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက သုံးသပ်ပြောကြားသည်။

“ ရန်ကုန်မြို့အနေနဲ့ကတော့ အနယ်နယ် အရပ် ရပ်မှာ အဆင်မပြေလို့ရောက်လာတဲ့ လူတွေကို တော့ ကြိုဆိုရမယ်။ ကူညီရမယ်။ အဲဒီလိုကြိုဆို ကူညီစောင့်ရှောက်တာကို စနစ်ကနေ ယန္တရားတစ်ခု လုပ်ဖို့တော့ လိုတယ်။ နောက်ပြီးထပ်ရောက်လာရင် တော်တော်ကြီးကို ရှုပ်ရှုပ်ထွေးထွေးဖြစ် လာနိုင် တယ်။ မမျှော်လင့် တဲ့ အန္တရာယ်တွေ၊ ထုတ်ပြောလို့မရတဲ့ အန္တရာယ်တွေလည်း ကြုံကောင်း ကြုံလာရနိုင်တယ်။

အဲဒါကြောင့် ဖြစ်စေချင်တာက ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ပြည်သူ့လုံခြုံရေးလို့ပဲ ကျွန်တော် တို့ကတော့ ပြောပါတယ်။ ပြည်သူ့လုံခြုံရေးစနစ် မျိုးတွေကို စနစ်တကျအကောင်အထည်ဖော် လုပ် မယ်။ အဓိက ပြည်သူ့လုံခြုံရေးဆိုတာက ရပ်ရွာတည်ငြိမ်‌ အေးချမ်းရမယ်၊ တရားဥပဒေစိုးမိုးရ မယ်။ ကိုယ့်အရပ် ဒေသမှာရှိတဲ့ ပြည်သူလူထုတွေက ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်ကို စောင့် ရှောက်ကြရမယ်။ အချင်းချင်းရိုင်းပင်းကူညီကြရမယ်။ အဲဒီလို ပြည်သူ့လုံခြုံရေးစနစ်မျိုးကို လုပ်နိုင် မယ်ဆိုရင်တော့ ယုံကြည်စိတ်ချစွာနေထိုင် လို့ရတဲ့ အနေအထားတစ်ခုတော့ နေထိုင်လို့ ရမှာပါ” ဟု ၎င်းကဆိုသည်။

zawgyi version
ၿမိဳ႕ ျပေနလူထုအၾကား အခ်င္းခ်င္း ယုံၾကည္မႈက်ဆင္းေနကာ စိုးရိမ္စိတ္မ်ား ျမင့္တက္ေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၈

ၿမိဳ႕ျပေနလူထုအၾကား အခ်င္းခ်င္းယုံၾကည္မႈက် ဆင္းေနကာ စိုးရိမ္စိတ္မ်ား ျမင့္တက္ေနေၾကာင္း NP News က ဆက္သြယ္ေမးျမန္းစုံစမ္း ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံ လူဦးေရအထူထပ္ဆုံး စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ၿမိဳ႕တြင္ ယခုေနာက္ပိုင္းကာလ၌ လူဦးေရပိုမိုမ်ားျပားလာမႈႏွင့္အတူ လုယက္ေဖာက္ ထြင္းခိုးယူသည့္ျဖစ္စဥ္မ်ား လာသည့္အျပင္ အၾကမ္းဖက္သမားမ်ား စိမ့္ဝင္လာမည္ကိုလည္း စိုးရိမ္မႈမ်ားရွိေနျခင္း ျဖစ္သည္။

ယခုအခါ ေန႔ခင္းေၾကာင္ေတာင္ကိုပင္ ဘတ္စ္ကားမွတ္တိုင္မ်ား၊ လူျပတ္ေသာေနရာမ်ား၌ မ်က္ႏွာစိမ္းမ်ား၊ မသကၤာဖြယ္အျပဳမူရွိသူမ်ားကို ယခင္ထက္ ပိုမိုသတိထား ေစာင့္ၾကည့္လာၾကျခင္း ျဖစ္သည္။

“ စိုးရိမ္စိတ္ေတြကရွိေနတယ္။ သြားတာလာတာကမွအစ သတိထားေနရတယ္။ လူစိမ္းေတြ ဆိုတာက လူဆိုးလား လူေကာင္းလားဆိုတာ မသိႏိုင္ဘူး‌ေလ။ ေနာက္ၿပီး ကြၽန္မတို႔လုံၿခဳံေရးနဲ႔ ကြၽန္မတို႔ ပတ္ဝန္းက်င္ရဲ႕လုံၿခဳံေရးက အသံၾကားတာကမွအစ ထၾကည့္ ရတာမ်ိဳးေပါ့။ ဘာလို႔ဆို အခုေနာက္ပိုင္း က ၿမိဳ႕ထဲမွာ ေဖာက္ထြင္းတာေတြက မ်ားတယ္ေလ။ ကြၽန္မတို႔ရဲ႕ ေနအိမ္ေတြ၊ ရပ္ကြက္ေတြကို အစစ အရာရာ ေစာင့္ၾကည့္ေနရတယ္ေပါ့” ဟု ရန္ကုန္ၿမိဳ႕ခံအမ်ိဳးသမီး တစ္ဦးက ေျပာသည္။

ယခင္က လြတ္လပ္စြာသြားလာေနထိုင္သူမ်ားအေနျဖင့္လည္း ယခုေနာက္ပိုင္းကာလတြင္ လူတစ္ဦးႏွင့္တစ္ဦးအၾကား အေျခအေနေစာင့္ၾကည့္ကာ စိုးရိမ္စိတ္မ်ားျဖင့္ သြားလာေနၾကရေၾကာင္း အထက္ပါေဒသခံက ဆိုသည္။

“အရင္ကေတာ့ လြတ္လြတ္လပ္လပ္သြားလို႔လာလို႔ရေသးတယ္။ အခုေနာက္ပိုင္းက သြားလို႔ လာလို႔မရေတာ့ဘူး။ ဘာလို႔ဆို လူစိမ္းတစ္ေယာက္ ေယာက္က အနားေရာက္လာရင္ လုယက္မွာလည္း ေၾကာက္ရတယ္ေလ။ ပစၥည္းမရလို႔ ဓားနဲ႔ထိုးသြားရင္ လည္း ခံရမွာေလ။ အဲဒါမ်ိဳးေတြက တကယ္လည္း ျဖစ္ေနတာ။ လုယက္မႈေတြလည္းျဖစ္တယ္။ ဓားထိုးမႈေတြ လည္းျဖစ္ေနတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ျပင္ ယခုရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕တြင္ အုပ္စုဖြဲ႕၍ ေနအိမ္အတြင္းဝင္ေရာက္ လုယက္မႈမ်ားပိုမိုျဖစ္ပြားလာေနေၾကာင္း ေဒသခံမ်ားက ၎တို႔၏လူမႈကြန္ရက္ Facebook စာမ်က္ႏွာမ်ားထက္တြင္ ေဖာ္ျပေရးသားထားခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းကလည္း တာေမြၿမိဳ႕နယ္ရွိ တိုက္ခန္းတစ္ခုတြင္ အဖြားအိုတစ္ဦး တည္းရွိ ေနစဥ္ လူ(၂)ဦးမွဝင္ေရာက္ ထိုးႀကိတ္ လုယက္မႈ ျဖစ္ပြာခဲ့ရာ က်ဴးလြန္သူ တစ္ဦးကို ဖမ္းဆီးရမိခဲ့ေသာ္ လည္း တစ္ဦးမွာ ေ႐ႊထည္ ပစၥည္းမ်ားအပါအဝင္ ေငြေၾကးအခ်ိဳ႕ႏွင့္ ထြက္ေျပးလြတ္ေျမာက္သြား ခဲ့သည္။

အဆိုပါအေျခအေနမ်ားႏွင့္စပ္လွ်င္း၍ ရန္ကုန္ၿမိဳ႕တြင္လူဦးေရထူထပ္လာသည့္ အေပၚ အခ်င္း ခ်င္း ယုံၾကည္မႈက်ဆင္းလာကာ စိုးရိမ္စိတ္မ်ားျမင့္ တက္ လာသည့္အေျခအေန ကို သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးမ်ား က အဓိကစစ္ေဆးရန္လိုအပ္ၿပီး အမ်ားျပည္သူမ်ားလည္း ျပည္သူ႔လုံၿခဳံ ေရးစနစ္ တစ္ခုအေန ႏွင့္ ဝိုင္းဝန္းပါဝင္ရန္လိုအပ္ေၾကာင္း ျပည္သူ႔ပါ တီမွ ရန္ကုန္တိုင္းေဒသႀကီး ဥကၠ႒ ဦးလွေဌးက သုံးသပ္ေျပာၾကားသည္။

“ ရန္ကုန္ၿမိဳ႕အေနနဲ႔ကေတာ့ အနယ္နယ္ အရပ္ ရပ္မွာ အဆင္မေျပလို႔ေရာက္လာတဲ့ လူေတြကို ေတာ့ ႀကိဳဆိုရမယ္။ ကူညီရမယ္။ အဲဒီလိုႀကိဳဆို ကူညီေစာင့္ေရွာက္တာကို စနစ္ကေန ယႏၲရားတစ္ခု လုပ္ဖို႔ေတာ့ လိုတယ္။ ေနာက္ၿပီးထပ္ေရာက္လာရင္ ေတာ္ေတာ္ႀကီးကို ရႈပ္ရႈပ္ေထြးေထြးျဖစ္ လာႏိုင္ တယ္။ မေမွ်ာ္လင့္ တဲ့ အႏၲရာယ္ေတြ၊ ထုတ္ေျပာလို႔မရတဲ့ အႏၲရာယ္ေတြလည္း ႀကဳံေကာင္း ႀကဳံလာရႏိုင္တယ္။

အဲဒါေၾကာင့္ ျဖစ္ေစခ်င္တာက ျပည္သူလူထု ပူးေပါင္းပါဝင္တဲ့ ျပည္သူ႔လုံၿခဳံေရးလို႔ပဲ ကြၽန္ေတာ္ တို႔ကေတာ့ ေျပာပါတယ္။ ျပည္သူ႔လုံၿခဳံေရးစနစ္ မ်ိဳးေတြကို စနစ္တက်အေကာင္အထည္ေဖာ္ လုပ္ မယ္။ အဓိက ျပည္သူ႔လုံၿခဳံေရးဆိုတာက ရပ္႐ြာတည္ၿငိမ္‌ ေအးခ်မ္းရမယ္၊ တရားဥပေဒစိုးမိုးရ မယ္။ ကိုယ့္အရပ္ ေဒသမွာရွိတဲ့ ျပည္သူလူထုေတြက ကိုယ့္ပတ္ဝန္းက်င္ ကိုယ့္လမ္း၊ ကိုယ့္ရပ္ကြက္ကို ေစာင့္ ေရွာက္ၾကရမယ္။ အခ်င္းခ်င္း႐ိုင္းပင္းကူညီၾကရမယ္။ အဲဒီလို ျပည္သူ႔လုံၿခဳံေရးစနစ္မ်ိဳးကို လုပ္ႏိုင္ မယ္ဆိုရင္ေတာ့ ယုံၾကည္စိတ္ခ်စြာေနထိုင္ လို႔ရတဲ့ အေနအထားတစ္ခုေတာ့ ေနထိုင္လို႔ ရမွာပါ” ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.