မြင်းစိုင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် တိုက်တွန်း

 296

စော (NP News) - စက်တင်ဘာ ၈

သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး အဖိုးမဖြတ် နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များရှိရာ မြင်စိုင်း ဒေသကို ခရီးသွားဒေသတစ်ခုအဖြစ် ဖော်ဆောင်စေလိုကြောင်း‌ ဒေသခံတစ်ဦးက NP News မှတစ်ဆင့် အကြံပြုပြောကြားထားသည်။

မြင်စိုင်းဒေသသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင်တည်ရှိကာ အဆိုပါ ဒေသတွင် ရှေးဟောင်းလက်ရာ စေတီပုထိုးများ အပြင် လိုဏ်ဂူများတည်ရှိခြင်းကြောင့်လည်း ကျော် ကြားသောဒေသတစ်ခု ဖြစ်သည်။ သို့သော် လက်ရှိ အနေအထားအရ ကျောက်မိုင်းခွဲခြင်းအပါအဝင် ရာသီဥတုဖြစ်စဉ်များကြောင့် လိုဏ်ဂူအချို့ ပြိုကျပိတ် ဆို့သည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ကာ ရေအိုင်၊ ရေကန်ကဲ့သို့ ဖြစ်ပေါ်နေခြင်းများရှိကြောင်း အထက်ပါ ဒေသ ခံကဆိုသည်။

“စာထဲမှာတော့ ဂူ(၉၉)လုံးရှိတယ်လို့ ရေးထားတယ်။ ကျွန်တော်ရှာရသလောက်တော့ (၆၀)ကျော်လောက်ပဲရှိသေးတယ်။ ပြိုတာတွေနဲ့ ချုံတွေဖုံး နေတာမျိုးတွေကြောင့် ဖြစ်လိမ့်မယ်။ ပယင်းဂူ တချို့ နေရာကလည်း ပြိုကုန်ကျပြီဖြစ်သလို အဲဒီဂူနဲ့ဆက် သွယ်ထားတယ်လို့ထင်ရတဲ့တောင်တွေကလည်း ဖြိုပစ်ကြပြီ။ တောင်လို့ပြောတာထက် အခုဆို ကမူ လေးတွေလိုဖြစ်သွားကြပြီ”ဟု ၎င်းကပြောသည်။ မြင် စိုင်းဒေသသည် ရှေးလက်ရာ စေတီပုထိုးများ၊ ဘုရား၊ ကျောင်းကန်များ၊ မြိုးရိုးများရှိနေရာ မြင်စိုင်းဒေသကို ခရီးသွားဒေသအဖြစ် ဖော်ဆောင်သင့်ကြောင်း ၎င်းကပြောသည်။

“ခရီးသွားဒေသအဖြစ်က ဖြစ်ကိုဖြစ်သင့် တယ်။ သမိုင်းဝင်နေရာတစ်ခုဖြစ်တယ်။ ပင်းယဆိုတဲ့ ခေတ်ဖြစ်ဖို့ အုတ်မြစ်ချခဲ့တဲ့နေရာဖြစ်တယ်။ ပြီးတော့ ပျူ၊ ပုဂံ၊ မြင်စိုင်းအပြင် နောက်ထပ် ခေတ်အဆက် ဆက်ဘုရင်တွေ ထိန်းသိမ်းခဲ့တဲ့ မြို့ရိုးကြီးတွေ၊ ကျုံး တွေ အခုထိ ရှိနေသေးတယ်။ ပြန်လည် တူးဖော်မယ် ဆိုရင် အများကြီးတွေ့ရမယ်။ ဒါပေမဲ့ ပြန်လည်တူး ဖော်တာ ခဏထားပါ။ လက်ရှိမြေပြင်မှာကို မြို့ရိုးကြီး တွေမြင်နေရဆဲပါ။ မြို့ရိုးထောင့်ချွန်းတွေဆို လက်ရှိ မန္တလေးမြို့ရိုးထက်မြင့်ဆဲပဲ” ဟု ၎င်းက ပြောသည်။

zawgyi version
ျမင္းစိုင္းယဥ္ေက်းမႈ အေမြအႏွစ္ေဒသကို ခရီးသြားလုပ္ငန္းေဖာ္ေဆာင္ရန္ တိုက္တြန္း
ေစာ (NP News) - စက္တင္ဘာ ၈

သမိုင္းဝင္ေနရာတစ္ခုျဖစ္ၿပီး အဖိုးမျဖတ္ ႏိုင္ေသာ ယဥ္ေက်းမႈအေမြအႏွစ္မ်ားရွိရာ ျမင္စိုင္း ေဒသကို ခရီးသြားေဒသတစ္ခုအျဖစ္ ေဖာ္ေဆာင္ေစ လိုေၾကာင္း‌ ေဒသခံတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကားထားသည္။

ျမင္စိုင္းေဒသသည္ မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕နယ္တြင္တည္ရွိကာ အဆိုပါ ေဒသတြင္ ေရွးေဟာင္းလက္ရာ ေစတီပုထိုးမ်ား အျပင္ လိုဏ္ဂူမ်ားတည္ရွိျခင္းေၾကာင့္လည္း ေက်ာ္ ၾကားေသာေဒသတစ္ခု ျဖစ္သည္။ သို႔ေသာ္ လက္ရွိ အေနအထားအရ ေက်ာက္မိုင္းခြဲျခင္းအပါအဝင္ ရာသီဥတုျဖစ္စဥ္မ်ားေၾကာင့္ လိုဏ္ဂူအခ်ိဳ႕ ၿပိဳက်ပိတ္ ဆို႔သည့္ျဖစ္စဥ္မ်ားျဖစ္ပြားခဲ့ကာ ေရအိုင္၊ ေရကန္ကဲ့သို႔ ျဖစ္ေပၚေနျခင္းမ်ားရွိေၾကာင္း အထက္ပါ ေဒသ ခံကဆိုသည္။

“စာထဲမွာေတာ့ ဂူ(၉၉)လုံးရွိတယ္လို႔ ေရးထားတယ္။ ကြၽန္ေတာ္ရွာရသေလာက္ေတာ့ (၆၀)ေက်ာ္ေလာက္ပဲရွိေသးတယ္။ ၿပိဳတာေတြနဲ႔ ခ်ဳံေတြဖုံး ေနတာမ်ိဳးေတြေၾကာင့္ ျဖစ္လိမ့္မယ္။ ပယင္းဂူ တခ်ိဳ႕ ေနရာကလည္း ၿပိဳကုန္က်ၿပီျဖစ္သလို အဲဒီဂူနဲ႔ဆက္ သြယ္ထားတယ္လို႔ထင္ရတဲ့ေတာင္ေတြကလည္း ၿဖိဳပစ္ၾကၿပီ။ ေတာင္လို႔ေျပာတာထက္ အခုဆို ကမူ ေလးေတြလိုျဖစ္သြားၾကၿပီ”ဟု ၎ကေျပာသည္။ ျမင္ စိုင္းေဒသသည္ ေရွးလက္ရာ ေစတီပုထိုးမ်ား၊ ဘုရား၊ ေက်ာင္းကန္မ်ား၊ ၿမိဳး႐ိုးမ်ားရွိေနရာ ျမင္စိုင္းေဒသကို ခရီးသြားေဒသအျဖစ္ ေဖာ္ေဆာင္သင့္ေၾကာင္း ၎ကေျပာသည္။

“ခရီးသြားေဒသအျဖစ္က ျဖစ္ကိုျဖစ္သင့္ တယ္။ သမိုင္းဝင္ေနရာတစ္ခုျဖစ္တယ္။ ပင္းယဆိုတဲ့ ေခတ္ျဖစ္ဖို႔ အုတ္ျမစ္ခ်ခဲ့တဲ့ေနရာျဖစ္တယ္။ ၿပီးေတာ့ ပ်ဴ၊ ပုဂံ၊ ျမင္စိုင္းအျပင္ ေနာက္ထပ္ ေခတ္အဆက္ ဆက္ဘုရင္ေတြ ထိန္းသိမ္းခဲ့တဲ့ ၿမိဳ႕႐ိုးႀကီးေတြ၊ က်ဳံး ေတြ အခုထိ ရွိေနေသးတယ္။ ျပန္လည္ တူးေဖာ္မယ္ ဆိုရင္ အမ်ားႀကီးေတြ႕ရမယ္။ ဒါေပမဲ့ ျပန္လည္တူး ေဖာ္တာ ခဏထားပါ။ လက္ရွိေျမျပင္မွာကို ၿမိဳ႕႐ိုးႀကီး ေတြျမင္ေနရဆဲပါ။ ၿမိဳ႕႐ိုးေထာင့္ခြၽန္းေတြဆို လက္ရွိ မႏၲေလးၿမိဳ႕႐ိုးထက္ျမင့္ဆဲပဲ” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.