အပ်ထည်အကျီပုံစံမကျမှုကြောင့် စကားများကြရင်း ကိုယ်ဝန်ဆောင်သည်ဒီဇိုင်နာ ဓါးထိုးခံရပြီး သေဆုံး

 14449

သန့်ဇင် (NP News) - စက်တင်ဘာ ၈

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် အပ်ချုပ်ထည်ကိစ္စ စကားများသောကြောင့် ဓားဖြင့်အထိုးခံရသည့် အတွက် ဒီဇိုင်နာကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၇ ရက်)၊ မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ သီရိဇေယျာ (၁၈)လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူမှုကွန်ယက် ဖေ့စ်စဘွတ်ခ်စာမျက်နှာထက်တွင် တွေ့ရှိရသော အချက်အလက်များအရ ဓားဖြင့်ထိုးခုတ်ခံရသူ (၂)ဦးမှာ အပ်ချုပ်သူ အမျိုးသမီးနှင့် ဖခင်ဖြစ်သူတို့ဖြစ်ပြီး အထည်အပ်သူအမျိုးသမီးက ၎င်း၏အကျီချုပ်ပေးတာကို ပုံစံမကျသဖြင့် အပြန်အလှန်စကားများ ရန်ဖြစ်နေစဉ် အထည်အပ်သူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ဓားဖြင့် ဝင်ရောက် ထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်သည်မိန်းကလေးကို ဓါးနဲ့ခုတ်သွားသူတွေက လင်မယားပါ။ အမျိူးသားက ထွက်ပြေးနေတယ်။ ဝိုင်းပြီး Blacklist သွင်းပေးကြပါဦး။ ဒီလင်မယားပုံဖြစ်ကြောင်း အိမ်နား ဝန်းကျင်နေထိုင်သူနဲ့ အတည်ပြုပြီးပါပြီ။ အမြန်ဆုံး ဖမ်းမိပါစေ လူရိုက်တာထက် အလ္လာဟ်ရိုက်တာခံရပါစေ”ဟု အဆိုပါဖြစ်စဉ်ပတ်သက်၍ မျက်မြင် တွေ့ရှိ သူတစ်ဦးက ၎င်း၏လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားထားသည်ကိုတွေ့ရသည်။

အဆိုပါအချက်အလက်များနှင့် NP News သတင်းဌာနက ရရှိထားသည့်အချက်အလက်များအရ သေဆုံးသူ အမျိုးသမီးမှာ အသက်(၂၇) နှစ်အရွယ် ကိုယ်ဝန်(၃)လ လွယ်ထားရသူဖြစ်ပြီး ဓားဖြင့်ထိုးခုတ်ခံရမှုကြောင့် လည်ပင်းအောက်ထိုးသွင်းဒဏ်ရာဖြင့် စံပြပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ခေါ်လို့ သွားခဲ့တာပါ။ ဖြစ်စဉ်ကိုတော့ မသိခဲ့ရပါဘူး။ ဓားထိုးခံရတဲ့အမျိုးသမီးက လည်ပင်း အောက်ဘက်မှာ ထိုးသွင်းဒဏ်ရာနဲ့ ဆေးရုံမှာပဲ ဆုံးသွားပါတယ်။ သူ့ရဲ့အဖေကတော့ အသက်(၅ဝ)ဝန်းကျင်ပါ။ သူကတော့ ပြတ်ရှဒဏ်ရာရပါတယ်” ဟု မေတ္တာသီတာရေစင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီး နှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို မေတ္တာသီတာရေစင်ပရဟိတအသင်းက စံပြ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်သူအမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဆီးရမိရေး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
အပ္ထည္အက်ီပုံစံမက်မႈေၾကာင့္ စကားမ်ားၾကရင္း ကိုယ္ဝန္ေဆာင္သည္ဒီဇိုင္နာ ဓါးထိုးခံရၿပီး ေသဆုံး
သန႔္ဇင္ (NP News) - စက္တင္ဘာ ၈

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ အပ္ခ်ဳပ္ထည္ကိစၥ စကားမ်ားေသာေၾကာင့္ ဓားျဖင့္အထိုးခံရသည့္ အတြက္ ဒီဇိုင္နာကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ေသဆုံးသြားခဲ့ေၾကာင္း ျဖစ္စဥ္ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၇ ရက္)၊ မြန္းလြဲပိုင္းက ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၇) ရပ္ကြက္၊ သီရိေဇယ်ာ (၁၈)လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လူမႈကြန္ယက္ ေဖ့စ္စဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေတြ႕ရွိရေသာ အခ်က္အလက္မ်ားအရ ဓားျဖင့္ထိုးခုတ္ခံရသူ (၂)ဦးမွာ အပ္ခ်ဳပ္သူ အမ်ိဳးသမီးႏွင့္ ဖခင္ျဖစ္သူတို႔ျဖစ္ၿပီး အထည္အပ္သူအမ်ိဳးသမီးက ၎၏အက်ီခ်ဳပ္ေပးတာကို ပုံစံမက်သျဖင့္ အျပန္အလွန္စကားမ်ား ရန္ျဖစ္ေနစဥ္ အထည္အပ္သူအမ်ိဳးသမီး၏ ခင္ပြန္းျဖစ္သူက ဓားျဖင့္ ဝင္ေရာက္ ထိုးခုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကိုယ္ဝန္ေဆာင္သည္မိန္းကေလးကို ဓါးနဲ႔ခုတ္သြားသူေတြက လင္မယားပါ။ အမ်ိဴးသားက ထြက္ေျပးေနတယ္။ ဝိုင္းၿပီး Blacklist သြင္းေပးၾကပါဦး။ ဒီလင္မယားပုံျဖစ္ေၾကာင္း အိမ္နား ဝန္းက်င္ေနထိုင္သူနဲ႔ အတည္ျပဳၿပီးပါၿပီ။ အျမန္ဆုံး ဖမ္းမိပါေစ လူ႐ိုက္တာထက္ အလႅာဟ္႐ိုက္တာခံရပါေစ”ဟု အဆိုပါျဖစ္စဥ္ပတ္သက္၍ မ်က္ျမင္ ေတြ႕ရွိ သူတစ္ဦးက ၎၏လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေရးသားထားသည္ကိုေတြ႕ရသည္။

အဆိုပါအခ်က္အလက္မ်ားႏွင့္ NP News သတင္းဌာနက ရရွိထားသည့္အခ်က္အလက္မ်ားအရ ေသဆုံးသူ အမ်ိဳးသမီးမွာ အသက္(၂၇) ႏွစ္အ႐ြယ္ ကိုယ္ဝန္(၃)လ လြယ္ထားရသူျဖစ္ၿပီး ဓားျဖင့္ထိုးခုတ္ခံရမႈေၾကာင့္ လည္ပင္းေအာက္ထိုးသြင္းဒဏ္ရာျဖင့္ စံျပျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈခံယူစဥ္ ေသဆုံးသြားခဲ့ ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ကို ေခၚလို႔ သြားခဲ့တာပါ။ ျဖစ္စဥ္ကိုေတာ့ မသိခဲ့ရပါဘူး။ ဓားထိုးခံရတဲ့အမ်ိဳးသမီးက လည္ပင္း ေအာက္ဘက္မွာ ထိုးသြင္းဒဏ္ရာနဲ႔ ေဆး႐ုံမွာပဲ ဆုံးသြားပါတယ္။ သူ႔ရဲ႕အေဖကေတာ့ အသက္(၅ဝ)ဝန္းက်င္ပါ။ သူကေတာ့ ျပတ္ရွဒဏ္ရာရပါတယ္” ဟု ေမတၱာသီတာေရစင္ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီး ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ေမတၱာသီတာေရစင္ပရဟိတအသင္းက စံျပ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားမွာ ထြက္ေျပးတိမ္းေရွာင္ေနေသာေၾကာင့္ ဖမ္းဆီးရမိေရး သက္ဆိုင္ရာက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.