အိန္ဒိယအမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းကမြို့ပေါင်း(၁၃၀)ကျော်မှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်နေ
4458
Pika (NP News) - စက်တင်ဘာ ၉
ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံ Kolkata မြို့မှာ အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး တရားမျှတမှုကိုတောင်းဆိုတဲ့အနေနဲ့ စက်တင်ဘာလ(၈)ရက်နေ့မှာ ထောင်နဲ့ချီတဲ့အိန္ဒိယလူမျိုးတွေဟာ နိုင်ငံပေါင်း(၂၅)နိုင်ငံမှာရှိတဲ့ မြို့ပေါင်း(၁၃၀)ကျော်မှာ ဆန္ဒပြပွဲတွေလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဂျပန်၊ ဩစတြေးလျ၊ ထိုင်ဝမ် နဲ့ စင်ကာပူတို့မှာ အိန္ဒိယလူမျိုးတွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဥရောပနိုင်ငံအများအပြားမှာရှိတဲ့ မြို့တွေကို ဆန္ဒပြပွဲတွေ ပျံ့နှံ့သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အိန္ဒိယလူမျိုးတွေဟာ အမေရိကန်မှာလည်း ဆန္ဒပြပွဲတွေလုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ(၉)ရက်နေ့က အသက် (၃၁)နှစ်အရွယ် အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်ခံရကာ သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေ စတင်ပေါ် ပေါက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးအလုပ်သင်ဆရာဝန် လေ့လာသင်ယူနေတဲ့ R.G. Kar ဆေးဘက်ဆိုင်ရာကောလိပ်ရဲ့ ကျောင်းအုပ်ဟောင်းတစ်ဦးနဲ့အတူ သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပြီး အဲဒီရာဇဝတ်မှုကို ဖြေရှင်းပေးဖို့နဲ့ အိန္ဒိယအမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူကြဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာဆန္ဒပြပွဲတွေကို စီစဉ်သူ ဒစ်ပ်တီဂျိမ်းက 'အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ဒီသတင်းဟာ ကျွန်မတို့အားလုံးကို တုန်လှုပ်စေပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ် အမျိုး သမီးအလုပ်သင်ဆရာဝန်၏အမှုကို စက်တင်ဘာလ(၁၀)ရက်နေ့တွင် ကြားနာရန် အိန္ဒိယတရားရုံးချုပ်က စီစဉ်ထားကြောင်းလည်း သိရသည်။
zawgyi version
အိႏၵိယအမ်ိဳးသမီးအလုပ္သင္ဆရာဝန္တစ္ဦး အဓမၼျပဳက်င့္သတ္ျဖတ္ခံရမႈနဲ႔ပတ္သက္ၿပီး ကမာၻတစ္ဝန္းကၿမိဳ႕ေပါင္း(၁၃၀)ေက်ာ္မွာ ဆႏၵျပပြဲေတြျဖစ္ေပၚေန
Pika (NP News) - စက္တင္ဘာ ၉
ၿပီးခဲ့တဲ့လက အိႏၵိယႏိုင္ငံ Kolkata ၿမိဳ႕မွာ အမ်ိဳးသမီးအလုပ္သင္ဆရာဝန္တစ္ဦး အဓမၼျပဳက်င့္သတ္ျဖတ္ခံရမႈနဲ႔ပတ္သက္ၿပီး တရားမွ်တမႈကိုေတာင္းဆိုတဲ့အေနနဲ႔ စက္တင္ဘာလ(၈)ရက္ေန႔မွာ ေထာင္နဲ႔ခ်ီတဲ့အိႏၵိယလူမ်ိဳးေတြဟာ ႏိုင္ငံေပါင္း(၂၅)ႏိုင္ငံမွာရွိတဲ့ ၿမိဳ႕ေပါင္း(၁၃၀)ေက်ာ္မွာ ဆႏၵျပပြဲေတြလုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။
ဂ်ပန္၊ ဩစေၾတးလ်၊ ထိုင္ဝမ္ နဲ႔ စင္ကာပူတို႔မွာ အိႏၵိယလူမ်ိဳးေတြဦးေဆာင္တဲ့ဆႏၵျပပြဲေတြ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ ဥေရာပႏိုင္ငံအမ်ားအျပားမွာရွိတဲ့ ၿမိဳ႕ေတြကို ဆႏၵျပပြဲေတြ ပ်ံ႕ႏွံ႔သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အိႏၵိယလူမ်ိဳးေတြဟာ အေမရိကန္မွာလည္း ဆႏၵျပပြဲေတြလုပ္ေဆာင္ဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ဩဂုတ္လ(၉)ရက္ေန႔က အသက္ (၃၁)ႏွစ္အ႐ြယ္ အမ်ိဳးသမီးအလုပ္သင္ဆရာဝန္တစ္ဦး အဓမၼျပဳက်င့္ခံရကာ သတ္ျဖတ္ခံရၿပီးေနာက္ အိႏၵိယႏိုင္ငံတစ္ဝန္းမွာ ဆႏၵျပပြဲေတြ စတင္ေပၚ ေပါက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အဓမၼျပဳက်င့္ခံရတဲ့အမ်ိဳးသမီးအလုပ္သင္ဆရာဝန္ ေလ့လာသင္ယူေနတဲ့ R.G. Kar ေဆးဘက္ဆိုင္ရာေကာလိပ္ရဲ႕ ေက်ာင္းအုပ္ေဟာင္းတစ္ဦးနဲ႔အတူ သံသယရွိသူတစ္ဦးကို ဖမ္းဆီးခဲ့တယ္လို႔လည္း သိရပါတယ္။
ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕မွာ အနက္ေရာင္ဝတ္စုံကို ဝတ္ဆင္ထားတဲ့ အမ်ိဳးသမီးေတြဟာ ဆိုင္းဘုတ္ေတြကို ကိုင္ေဆာင္ထားၿပီး အဲဒီရာဇဝတ္မႈကို ေျဖရွင္းေပးဖို႔နဲ႔ အိႏၵိယအမ်ိဳးသမီးေတြရဲ႕ လုံၿခဳံေရးအတြက္ တာဝန္ယူၾကဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔လည္းသိရပါတယ္။ ကမာၻလုံးဆိုင္ရာဆႏၵျပပြဲေတြကို စီစဥ္သူ ဒစ္ပ္တီဂ်ိမ္းက 'အမ်ိဳးသမီးအလုပ္သင္ဆရာဝန္တစ္ဦးကို အဓမၼျပဳက်င့္ၿပီး သတ္ျဖတ္ခဲ့တဲ့ ဒီသတင္းဟာ ကြၽန္မတို႔အားလုံးကို တုန္လႈပ္ေစပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။ အသက္(၃၁)ႏွစ္အ႐ြယ္ အမ်ိဳး သမီးအလုပ္သင္ဆရာဝန္၏အမႈကို စက္တင္ဘာလ(၁၀)ရက္ေန႔တြင္ ၾကားနာရန္ အိႏၵိယတရား႐ုံးခ်ဳပ္က စီစဥ္ထားေၾကာင္းလည္း သိရသည္။