မလေးရှားမှာ အသက် ၁ဝ နှစ်အရွယ် သားဖြစ်သူကို ကားမောင်းခွင့်ပေးတဲ့အတွက် မိခင်ကို ဒေါ်လာ ၂၁ဝ ဒဏ်ရိုက်

 1287

ရောင်နီ (NP News) - စက်တင်ဘာ ၁ဝ

မလေးရှားနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ အသက် ၁ဝ နှစ်အရွယ် သားဖြစ်သူကို ကားမောင်းခွင့်ပေးခဲ့ခြင်းကြောင့် RM 700 (စင်ကာပူဒေါ်လာ ၂၁ဝ) ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

နာဂါရီဆမ်ဘီလန် ပြည်နယ်၊ ဆီရမ်ဘွန် လူနေရပ်ကွက်မှာ စက်တင်ဘာ ၃ ရက် ညက အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး မောင်းနှင်တဲ့ကားကြောင့် အခြားယာဉ် ၂ စီး မတော်တဆဖြစ်ခဲ့ရပါတယ်။ အဲဒီယာဉ်မှာ ကလေး ၂ ဦးတည်းသာ လိုက်ပါလာတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရခြင်းတော့ မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဟက်စ်ရီမက်ဟ် ပါရာမက်စ်ဝါရီ အက်ဒူလက်ဟ် အမည်ရှိ မိခင်ဖြစ်သူ အမျိုးသမီးကို ကုန်းလမ်းပို့ဆောင်ရေးအက်ဥပဒေပုဒ်မ ၃၉(၅) အရ အသက်မပြည့်သေးသူကို ကားမောင်းခွင့်ပေးခြင်းအတွက် အပြစ်ရှိကြောင်း တရားရုံးက သတ်မှတ်ခဲ့ပြီးနောက် ဒဏ်ကြေးငွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဟက်ရီမက်ဟ်ဟာ သားဖြစ်သူကို စောင့်ကြည့်ကြီးကြပ်ဖို့ တာဝန်ကို လျစ်လျူရှုခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။
မစ္စဟက်စ်ရီမက်ဟ် ဟာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး တစ်လကို RM1,500 သာ ရရှိသူ ဖြစ်တာကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းပန်ထားတယ်လို့ သိရပါတယ်။

Zawgyi Version;
မေလးရွားမွာ အသက္ ၁ဝ ႏွစ္အ႐ြယ္ သားျဖစ္သူကို ကားေမာင္းခြင့္ေပးတဲ့အတြက္ မိခင္ကို ေဒၚလာ ၂၁ဝ ဒဏ္႐ိုက္
ေရာင္နီ (NP News) - စက္တင္ဘာ ၁ဝ

မေလးရွားႏိုင္ငံမွာ အမ်ိဳးသမီးတစ္ဦးဟာ အသက္ ၁ဝ ႏွစ္အ႐ြယ္ သားျဖစ္သူကို ကားေမာင္းခြင့္ေပးခဲ့ျခင္းေၾကာင့္ RM 700 (စင္ကာပူေဒၚလာ ၂၁ဝ) ဒဏ္႐ိုက္ခဲ့တယ္လို႔ သိရပါတယ္။

နာဂါရီဆမ္ဘီလန္ ျပည္နယ္၊ ဆီရမ္ဘြန္ လူေနရပ္ကြက္မွာ စက္တင္ဘာ ၃ ရက္ ညက အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလးတစ္ဦး ေမာင္းႏွင္တဲ့ကားေၾကာင့္ အျခားယာဥ္ ၂ စီး မေတာ္တဆျဖစ္ခဲ့ရပါတယ္။ အဲဒီယာဥ္မွာ ကေလး ၂ ဦးတည္းသာ လိုက္ပါလာတာျဖစ္ၿပီး ထိခိုက္ဒဏ္ရာရျခင္းေတာ့ မရွိဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ ဟက္စ္ရီမက္ဟ္ ပါရာမက္စ္ဝါရီ အက္ဒူလက္ဟ္ အမည္ရွိ မိခင္ျဖစ္သူ အမ်ိဳးသမီးကို ကုန္းလမ္းပို႔ေဆာင္ေရးအက္ဥပေဒပုဒ္မ ၃၉(၅) အရ အသက္မျပည့္ေသးသူကို ကားေမာင္းခြင့္ေပးျခင္းအတြက္ အျပစ္ရွိေၾကာင္း တရား႐ုံးက သတ္မွတ္ခဲ့ၿပီးေနာက္ ဒဏ္ေၾကးေငြ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။
ဟက္ရီမက္ဟ္ဟာ သားျဖစ္သူကို ေစာင့္ၾကည့္ႀကီးၾကပ္ဖို႔ တာဝန္ကို လ်စ္လ်ဴရႈခဲ့တယ္လို႔ တရား႐ုံးက ဆိုပါတယ္။
မစၥဟက္စ္ရီမက္ဟ္ ဟာ သန႔္ရွင္းေရးဝန္ထမ္းအျဖစ္ အလုပ္လုပ္ေနသူျဖစ္ၿပီး တစ္လကို RM1,500 သာ ရရွိသူ ျဖစ္တာေၾကာင့္ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးဖို႔ ေတာင္းပန္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.