အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရန် အလားအလာများနေဟု ဆို

 719

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁ဝ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် နိုဝင်ဘာလအတွင်းကျင်းပမည့် အမေရိကန် သမ္မတ ရွေး ကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကာမာလာဟာရစ်ကို အနိုင်ရဖွယ်ရှိနေကြောင်း အမေရိကန် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေသူများထဲတွင်ဩဇာကြီးမားသူ တစ်ဦးက သုံးသပ်ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူများတွင် ဩဇာကြီးမားသူတစ်ဦးဖြစ်သည့် နာတီဆေးလ်ဗားက ရီပတ်ဘလီကန်ပါတီ၏သမ္မတလောင်းသည် ရွေး ကောက်ပွဲအတွင်း အနိုင်ရရှိ ရန်(၅၈)ရာခိုင်နှုန်းရှိနေကြောင်း ပြောသည်။ မကြာ သေးမီကပြုလုပ်ခဲ့သော စစ်တမ်းအချို့တွင် အမေရိ ကန်ဒုတိယသမ္မတဖြစ်သူ ကာမာလာဟာရစ်သည် ဒေါ်နယ်ထရမ့်ထက် အနည်းငယ်အသာရရှိထား ကြောင်း ဖော်ပြကြသော်လည်း နာတီဆေးလ်ဗားကမူ ဒေါ်နယ်ထရမ့် အနိုင်ရမည်ဟု ခန့်မှန်းထား သည်။ နာတီဆေးလ်ဗားသည် မကြာသေးမီက ဒေါ် နယ်ထရမ့် နှင့် ကာမာလာဟာရစ်ကြား ရွေးကောက်ပွဲ တွင် မည်သူအနိုင်ရနိုင်ခြေများသည်ဆိုသောအချက် ကို စစ်တမ်းကောက်ယူခဲ့ရာ ဒေါ်နယ်ထရမ့် အနိုင်ရ နိုင်ခြေများသည်ဟု ဖြေဆိုခဲ့သူအရေအတွက် (၅၈ ဒသမ ၂)ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။ နာတီ ဆေးလ်ဗားက ကာမာလာဟာရစ်သည် ပြီးခဲ့သော သီတင်းပတ်သုံးပတ်ကျော်တွင် ဒီမိုကရက်တစ်ပါတီ ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရသော်လည်း သမ္မတလောင်းအချင်းချင်း နှိုင်းယှဉ်မည်ဆိုလျှင် ဒေါ်နယ်ထရမ့်လောက် အားကောင်းမှုမရှိကြောင်း ပြောသည်။

ဆေးလ်ဗားက လက်ရှိအချိန်တွင် ပြုလုပ် သော စစ်တမ်းများနှင့်ပတ်သက်ပြီး အခက်ခဲအရှုပ် ထွေးများရှိနေရာ အတိအကျပြောဆိုသတ်မှတ်ရန်မ ဖြစ်နိုင်ကြောင်း ပြောသည်။ လက်ရှိအချိန်တွင် ကောက်ယူထားသည့် စစ်တမ်းများအရ ကာမာလာ ဟာရစ်သည် ရေပန်းစားနေသော်လည်း ရွေးကောက် ပွဲကျင်းပမည့်အချိန်တွင် ရေပန်းစားမှုလျော့နည်းကျဆင်းလာဖွယ်ရှိနေကြောင်း နာတီဆေးလ်ဗားက ပြောသည်။ နာတီဆေးလ်ဗား တည်ထောင်ထားသည့် စစ် တမ်းကောက်ယူရေးအဖွဲ့ဖြစ်သောFive Thirty Eight အဖွဲ့ကလည်း လက်ရှိအချိန်တွင် သမ္မတရွေး ကောက်ပွဲကို ကျင်းပမည်ဆိုလျှင် ကာမာလာဟာရစ် အနိုင်ရနိုင်ခြေ (၅၅)ရာခိုင်နှုန်းရှိနေပြီး ဒေါ်နယ်ထရမ့် အနိုင်ရနိုင်ခြေ(၄၄)ရာခိုင်နှုန်းသာရှိကြောင်းဖော်ပြထားသည်။

သို့သော်လည်း ရွေးကောက်ပွဲကျင်းပရန် တစ်လကျော်ကြာ လိုသေးသည့်အတွက် နိုဝင်ဘာလ အတွင်းတွင် အပြောင်းအလဲများစွာ ဖြစ်လာနိုင်ဖွယ် ရှိနေပြီး ဒေါ်နယ်ထရမ့်အနိုင်ရရန် အလားအလာများ ဖွယ်ရှိနေသည်ဟု နာတီဆေးလ်ဗားက သုံးသပ်ပြောဆိုထားသည်။

zawgyi version
အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ ေဒၚနယ္ထရမ့္ အႏိုင္ရရန္ အလားအလာမ်ားေနဟု ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁ဝ

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္သည္ ႏိုဝင္ဘာလအတြင္းက်င္းပမည့္ အေမရိကန္ သမၼတ ေ႐ြး ေကာက္ပြဲတြင္ ၿပိဳင္ဘက္ျဖစ္သူ ဒီမိုကရက္တစ္ပါတီသမၼတေလာင္း ကာမာလာဟာရစ္ကို အႏိုင္ရဖြယ္ရွိေနေၾကာင္း အေမရိကန္ ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေနသူမ်ားထဲတြင္ဩဇာႀကီးမားသူ တစ္ဦးက သုံးသပ္ေျပာဆိုလိုက္သည္။

အေမရိကန္သမၼတေ႐ြးေကာက္ပြဲေလ့လာ ေစာင့္ၾကည့္သူမ်ားတြင္ ဩဇာႀကီးမားသူတစ္ဦးျဖစ္သည့္ နာတီေဆးလ္ဗားက ရီပတ္ဘလီကန္ပါတီ၏သမၼတေလာင္းသည္ ေ႐ြး ေကာက္ပြဲအတြင္း အႏိုင္ရရွိ ရန္(၅၈)ရာခိုင္ႏႈန္းရွိေနေၾကာင္း ေျပာသည္။ မၾကာ ေသးမီကျပဳလုပ္ခဲ့ေသာ စစ္တမ္းအခ်ိဳ႕တြင္ အေမရိ ကန္ဒုတိယသမၼတျဖစ္သူ ကာမာလာဟာရစ္သည္ ေဒၚနယ္ထရမ့္ထက္ အနည္းငယ္အသာရရွိထား ေၾကာင္း ေဖာ္ျပၾကေသာ္လည္း နာတီေဆးလ္ဗားကမူ ေဒၚနယ္ထရမ့္ အႏိုင္ရမည္ဟု ခန႔္မွန္းထား သည္။ နာတီေဆးလ္ဗားသည္ မၾကာေသးမီက ေဒၚ နယ္ထရမ့္ ႏွင့္ ကာမာလာဟာရစ္ၾကား ေ႐ြးေကာက္ပြဲ တြင္ မည္သူအႏိုင္ရႏိုင္ေျခမ်ားသည္ဆိုေသာအခ်က္ ကို စစ္တမ္းေကာက္ယူခဲ့ရာ ေဒၚနယ္ထရမ့္ အႏိုင္ရ ႏိုင္ေျခမ်ားသည္ဟု ေျဖဆိုခဲ့သူအေရအတြက္ (၅၈ ဒသမ ၂)ရာခိုင္ႏႈန္းရွိေနေၾကာင္း သိရသည္။ နာတီ ေဆးလ္ဗားက ကာမာလာဟာရစ္သည္ ၿပီးခဲ့ေသာ သီတင္းပတ္သုံးပတ္ေက်ာ္တြင္ ဒီမိုကရက္တစ္ပါတီ ၏ သမၼတေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံရေသာ္လည္း သမၼတေလာင္းအခ်င္းခ်င္း ႏႈိင္းယွဥ္မည္ဆိုလွ်င္ ေဒၚနယ္ထရမ့္ေလာက္ အားေကာင္းမႈမရွိေၾကာင္း ေျပာသည္။

ေဆးလ္ဗားက လက္ရွိအခ်ိန္တြင္ ျပဳလုပ္ ေသာ စစ္တမ္းမ်ားႏွင့္ပတ္သက္ၿပီး အခက္ခဲအရႈပ္ ေထြးမ်ားရွိေနရာ အတိအက်ေျပာဆိုသတ္မွတ္ရန္မ ျဖစ္ႏိုင္ေၾကာင္း ေျပာသည္။ လက္ရွိအခ်ိန္တြင္ ေကာက္ယူထားသည့္ စစ္တမ္းမ်ားအရ ကာမာလာ ဟာရစ္သည္ ေရပန္းစားေနေသာ္လည္း ေ႐ြးေကာက္ ပြဲက်င္းပမည့္အခ်ိန္တြင္ ေရပန္းစားမႈေလ်ာ့နည္းက်ဆင္းလာဖြယ္ရွိေနေၾကာင္း နာတီေဆးလ္ဗားက ေျပာသည္။ နာတီေဆးလ္ဗား တည္ေထာင္ထားသည့္ စစ္ တမ္းေကာက္ယူေရးအဖြဲ႕ျဖစ္ေသာFive Thirty Eight အဖြဲ႕ကလည္း လက္ရွိအခ်ိန္တြင္ သမၼတေ႐ြး ေကာက္ပြဲကို က်င္းပမည္ဆိုလွ်င္ ကာမာလာဟာရစ္ အႏိုင္ရႏိုင္ေျခ (၅၅)ရာခိုင္ႏႈန္းရွိေနၿပီး ေဒၚနယ္ထရမ့္ အႏိုင္ရႏိုင္ေျခ(၄၄)ရာခိုင္ႏႈန္းသာရွိေၾကာင္းေဖာ္ျပထားသည္။

သို႔ေသာ္လည္း ေ႐ြးေကာက္ပြဲက်င္းပရန္ တစ္လေက်ာ္ၾကာ လိုေသးသည့္အတြက္ ႏိုဝင္ဘာလ အတြင္းတြင္ အေျပာင္းအလဲမ်ားစြာ ျဖစ္လာႏိုင္ဖြယ္ ရွိေနၿပီး ေဒၚနယ္ထရမ့္အႏိုင္ရရန္ အလားအလာမ်ား ဖြယ္ရွိေနသည္ဟု နာတီေဆးလ္ဗားက သုံးသပ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.