အိန္ဒိယက အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာပေါ်၌ ဒုတိယအကြီးဆုံး 5G စမတ်ဖုန်းဈေးကွက် ဖြစ်လာ
 1631
Pika (NP News) - စက်တင်ဘာလ ၁၁
အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံကိုကျော်တက်ကာ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး 5G စမတ်ဖုန်းဈေးကွက်ဖြစ်လာခဲ့ကြောင်း Counterpoint Research ၏ အစီရင်ခံစာအရသိရသည်။
ထို့ပြင် တရုတ်နိုင်ငံသည် 5G စမတ်ဖုန်းများအတွက် အကြီးဆုံးဈေးကွက်အဖြစ် ဆက်လက်လွှမ်းမိုးထားဆဲဖြစ် ကြောင်း အဆိုပါအစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။ အိန္ဒိယတွင် ယခုကဲ့သို့ကြီးထွားလာမှုသည် Samsung ၊ Vivo ၊ Xiaomi နှင့်ဈေးသက်သာသော အခြားစမတ်ဖုန်းအမှတ်တံဆိပ်များ၏ ရောင်းအားများကြောင့်ဖြစ်နိုင်ဖွယ်ရှိ ကြောင်း Counterpoint Research မှ အကြီးတန်း ခွဲခြမ်းစိတ်ဖြာသူ ပရာချာဆင်းဂျ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ 5G စမတ်ဖုန်း ဈေးကွက်၏ ရှယ်ယာ(၃၂)ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီး အိန္ဒိယနိုင်ငံက 5G စမတ်ဖုန်းဈေးကွက်၏ ရှယ်ယာ (၁၃) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ၏ 5G စမတ်ဖုန်းဈေးကွက် ကြီးထွားလာမှုကြောင့် အမေရိကန်သည် ဈေးကွက်တွင် ရှယ်ယာ(၁၀) ရာ ခိုင်နှုန်းဖြင့် တတိယနေရာသို့ ကျဆင်းသွားခဲ့ကြောင်းလည်းသိရသည်။ ပရာချာ ဆင်းဂျ်က " 5G စမတ်ဖုန်း ဝင်ရောက်လာမှုတွေ တဖြည်းဖြည်းကြီးထွားလာနေပြီး ဈေးသက်သာတဲ့ 5G စမတ်ဖုန်းတွေ ပိုမိုရရှိလာနိုင်မှုနဲ့အတူ မြင့်မားတဲ့ တိုး တက်မှုတွေကို ထွန်းသစ်စဈေးကွက်တွေမှာ တွေ့မြင်ခဲ့ရပါတယ်"ဟု မှတ်ချက်ပြုပြောဆိုခဲ့သည်။
Xiaomi ဖုန်းသည် အိန္ဒိယတွင် သိသိသာသာကြီး ထွားလာနေပြီး Vivo ဖုန်းသည်လည်း အိန္ဒိယဈေးကွက်တွင် သိသိသာသာချဲ့ထွင်လာခဲ့ကြောင်း ပရာချာဆင်းဂျ်က ပြောကြားခဲ့သည်။ ထို့ပြင် ပိုမိုဈေးသက်သာသော 5G စမတ်ဖုန်းများရရှိလာနိုင်မှုနှင့်အတူ ကွန်ရက်များတိုးချဲ့လာသည်နှင့်အမျှ ဈေး ကွက်ပိုမိုကြီးထွားလာမည့်လမ်းကြောင်းက ဆက်လက်ရှိနေဦးမည်ဟု ပရာချာဆင်းဂျ်က ခန့်မှန်းပြောဆိုခဲ့ကြောင်းလည်းသိရသည်။
zawgyi version
Xiaomi ဖုန်းသည် အိန္ဒိယတွင် သိသိသာသာကြီး ထွားလာနေပြီး Vivo ဖုန်းသည်လည်း အိန္ဒိယဈေးကွက်တွင် သိသိသာသာချဲ့ထွင်လာခဲ့ကြောင်း ပရာချာဆင်းဂ်ျက ပြောကြားခဲ့သည်။ ထို့ပြင် ပိုမိုဈေးသက်သာသော 5G စမတ်ဖုန်းများရရှိလာနိုင်မှုနှင့်အတူ ကွန်ရက်များတိုးချဲ့လာသည်နှင့်အမျှ ဈေး ကွက်ပိုမိုကြီးထွားလာမည့်လမ်းကြောင်းက ဆက်လက်ရှိနေဦးမည်ဟု ပရာချာဆင်းဂ်ျက ခန့်မှန်းပြောဆိုခဲ့ကြောင်းလည်းသိရသည်။
Related news
© 2021. All rights reserved.