နစက၏ NSPNC နှင့် EAOs တို့ လာမည့် အောက်တိုဘာလ လယ်ပိုင်းတွင် ထပ်မံတွေ့ဆုံဖွယ်ရှိ

 1878

မြူနစ် (NP News) - စက်တင်ဘာ ၁၁

နစက၏ NSPNC အဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် EAOs တို့ သည် လာမည့်အောက်တိုဘာလလယ်ပိုင်းတွင် ထပ်မံတွေ့ဆုံဆွေးနွေးသွား ဖွယ်ရှိကြောင်း သတင်းရရှိသည်။

လာမည့် အောက်တိုဘာ(၁၅)ရက်နေ့တွင် နေပြည်တော်၌ NCA လက်မှတ်ရေးထိုးခြင်း(၉)နှစ် ပြည့်အခမ်း အနားကို ကျင်းပသွားရန်ရှိကြောင်း သိရသည်။

‘‘လာမယ့် အောက်တိုဘာမှာ နောက်ထပ်တွေ့ ဆုံမှုရှိပါတယ်။ လာမယ့်အောက်တိုဘာ တွေ့ဆုံမှုဆိုတာက လည်း အထူးတော့မဟုတ်ပါဘူး။ အောက်တိုဘာ(၁၅) ရက်နေ့ဆိုတာက NCA လက်မှတ်ရေးထိုးခြင်း (၉)နှစ်ပြည့် အခမ်းအနားရှိတယ်လေ။ အဲဒီ (၉)နှစ်ပြည့် လက်မှတ်ရေးထိုးတဲ့အခမ်းအနားတက် ရောက်ရင်းနဲ့ ဆွေးနွေးပွဲတွေ၊ ဘာတွေလည်း ဖြစ် မြောက်အောင်လို့ အဲဒီလိုမျိုးတွေ့ဆုံဖို့ နားလည်မှု ယူထားတာတော့ရှိတယ်။ အဲဒါကတော့ NSPNC နဲ့ပေါ့”ဟု KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က NP News ကို ပြောသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း၌ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တချို့၊ နစက၏ NSPNC နှင့် နိုင်ငံရေးပါတီတို့သည် နေပြည်တော်၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

‘‘ကျွန်တော်တို့ တိုင်းပြည်ကို ဒီမိုကရေစီပဲ ပြောင်းလဲ ပြောင်းလဲ။ ဖက်ဒရယ်စနစ်နဲ့ပဲ ပြောင်းလဲ၊ ပြောင်းလဲ။ ဒီပြောင်းလဲမှုတွေက ငြိမ်းချမ်းသောနည်းနဲ့ နိုင်ငံရေးနည်းနဲ့ ပြောင်းလဲရမှာဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခနဲ့ ကျွန်တော်တို့ ပြောင်းလဲ ဖို့ဆိုတာတော့ အင်မတန်ခက်ခဲတယ်။ အင်မတန် နစ်နာဆုံးရှုံး မှုများတယ်။ အဲဒါကြောင့် နစ်နာဆုံးရှုံးမှုတွေ တိုင်းသူ ပြည်သားတွေ၊ အောက်ခြေလူတန်းစားတွေ ခံနေရတဲ့ ဒုက္ခတွေ လျော့အောင် ကျွန်တော်တို့ နိုင်ငံရေးနည်းနဲ့ ပြောင်းလဲဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ပါတယ်။ ဒီအပေါ်မှာ လက်ရှိ SAC ဘက်ကလည်း သဘောပေါက်လာပြီးတော့ ဆွေးနွေးခွင့်၊ တွေ့ဆုံခွင့်၊ နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ အတွက် လုပ်ဆောင်မှုတွေကို အားပေးလာတာလို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း NP News ကို သုံးသပ်ပြောကြားသည်။

နစက၏ NSPNC အဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် RCSS, KNU/KNLA-PC, ALP, DKBA, LDU, NMSP, PNLO အဖွဲ့တို့ သည် ပြီးခဲ့သောကာလများ၌ မကြာခဏဆိုသကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ဖူးသည်။

zawgyi version
နစက၏ NSPNC ႏွင့္ EAOs တို႔ လာမည့္ ေအာက္တိုဘာလ လယ္ပိုင္းတြင္ ထပ္မံေတြ႕ဆုံဖြယ္ရွိ
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၁

နစက၏ NSPNC အဖြဲ႕ႏွင့္ NCA လက္မွတ္ ေရးထိုးထားသည့္ EAOs တို႔ သည္ လာမည့္ေအာက္တိုဘာလလယ္ပိုင္းတြင္ ထပ္မံေတြ႕ဆုံေဆြးေႏြးသြား ဖြယ္ရွိေၾကာင္း သတင္းရရွိသည္။

လာမည့္ ေအာက္တိုဘာ(၁၅)ရက္ေန႔တြင္ ေနျပည္ေတာ္၌ NCA လက္မွတ္ေရးထိုးျခင္း(၉)ႏွစ္ ျပည့္အခမ္း အနားကို က်င္းပသြားရန္ရွိေၾကာင္း သိရသည္။

‘‘လာမယ့္ ေအာက္တိုဘာမွာ ေနာက္ထပ္ေတြ႕ ဆုံမႈရွိပါတယ္။ လာမယ့္ေအာက္တိုဘာ ေတြ႕ဆုံမႈဆိုတာက လည္း အထူးေတာ့မဟုတ္ပါဘူး။ ေအာက္တိုဘာ(၁၅) ရက္ေန႔ဆိုတာက NCA လက္မွတ္ေရးထိုးျခင္း (၉)ႏွစ္ျပည့္ အခမ္းအနားရွိတယ္ေလ။ အဲဒီ (၉)ႏွစ္ျပည့္ လက္မွတ္ေရးထိုးတဲ့အခမ္းအနားတက္ ေရာက္ရင္းနဲ႔ ေဆြးေႏြးပြဲေတြ၊ ဘာေတြလည္း ျဖစ္ ေျမာက္ေအာင္လို႔ အဲဒီလိုမ်ိဳးေတြ႕ဆုံဖို႔ နားလည္မႈ ယူထားတာေတာ့ရွိတယ္။ အဲဒါကေတာ့ NSPNC နဲ႔ေပါ့”ဟု KNU/KNLA-PC မွ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က NP News ကို ေျပာသည္။

ၿပီးခဲ့ေသာရက္ပိုင္းအတြင္း၌ NCA လက္မွတ္ ေရးထိုးထားသည့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕ တခ်ိဳ႕၊ နစက၏ NSPNC ႏွင့္ ႏိုင္ငံေရးပါတီတို႔သည္ ေနျပည္ေတာ္၌ သုံးပြင့္ဆိုင္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။

‘‘ကြၽန္ေတာ္တို႔ တိုင္းျပည္ကို ဒီမိုကေရစီပဲ ေျပာင္းလဲ ေျပာင္းလဲ။ ဖက္ဒရယ္စနစ္နဲ႔ပဲ ေျပာင္းလဲ၊ ေျပာင္းလဲ။ ဒီေျပာင္းလဲမႈေတြက ၿငိမ္းခ်မ္းေသာနည္းနဲ႔ ႏိုင္ငံေရးနည္းနဲ႔ ေျပာင္းလဲရမွာျဖစ္ပါတယ္။ လက္နက္ကိုင္ပဋိပကၡနဲ႔ ကြၽန္ေတာ္တို႔ ေျပာင္းလဲ ဖို႔ဆိုတာေတာ့ အင္မတန္ခက္ခဲတယ္။ အင္မတန္ နစ္နာဆုံးရႈံး မႈမ်ားတယ္။ အဲဒါေၾကာင့္ နစ္နာဆုံးရႈံးမႈေတြ တိုင္းသူ ျပည္သားေတြ၊ ေအာက္ေျခလူတန္းစားေတြ ခံေနရတဲ့ ဒုကၡေတြ ေလ်ာ့ေအာင္ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးနည္းနဲ႔ ေျပာင္းလဲဖို႔အတြက္ ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးရျခင္းျဖစ္ပါတယ္။ ဒီအေပၚမွာ လက္ရွိ SAC ဘက္ကလည္း သေဘာေပါက္လာၿပီးေတာ့ ေဆြးေႏြးခြင့္၊ ေတြ႕ဆုံခြင့္၊ ႏိုင္ငံေရးနည္းနဲ႔ ႏိုင္ငံေရးျပႆနာကို ေျဖရွင္းဖို႔ အတြက္ လုပ္ေဆာင္မႈေတြကို အားေပးလာတာလို႔ ကြၽန္ေတာ္တို႔ ယူဆပါတယ္”ဟု PNLO ဦးေဆာင္နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာကလည္း NP News ကို သုံးသပ္ေျပာၾကားသည္။

နစက၏ NSPNC အဖြဲ႕ႏွင့္ NCA လက္မွတ္ ေရးထိုးထားသည့္ RCSS, KNU/KNLA-PC, ALP, DKBA, LDU, NMSP, PNLO အဖြဲ႕တို႔ သည္ ၿပီးခဲ့ေသာကာလမ်ား၌ မၾကာခဏဆိုသကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့ဖူးသည္။

Related news

© 2021. All rights reserved.