ပြည်ပသို့ နိုင်ငံခြားငွေစီးဆင်းမှုများရှိနေသော်လည်း Export လုပ်ငန်းများအ‌ပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့ကာ နိုင်ငံခြားငွေရှာဖွေသင့်ကြောင်း အကြံပြု

 1958

ယွန်း (NP News) - စက်တင်ဘာ ၁၁

ပြည်ပသို့နိုင်ငံခြားငွေ စီးဆင်းမှုများရှိနေသော်လည်း Export လုပ်ငန်းများအ‌ပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့ကာ နိုင်ငံခြားငွေရှာဖွေသင့်ကြောင်း ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်အချို့က NP News ကို အကြံပြုပြောထားသည်။

လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားငွေလိုအပ်ချက်ဖြစ်ပေါ်လျက်ရှိပြီး ပြည်ပသို့တရားမဝင်သွားရောက်ခြင်းများအပါအဝင် အာမခံကဏ္ဍများနှင့် ခရီးသွား ကဏ္ဍများမှလည်း နိုင်ငံခြားငွေယိုစိမ့်မှုများရှိနေကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ထို့ကြောင့် နိုင်ငံခြားငွေပြန်လည်ရရှိရေးအတွက် ပြည်တွင်းရှိထုတ် ကုန်များကို Export တင်ပို့နိုင်ရေး နိုင်ငံတော်မှကြိုးပမ်းလျက်ရှိသော်လည်း Export လုပ်ငန်များပေါ်တွင် ချမှတ်ထားသည့် အချက်များကိုလည်း ဖြေ လျှော့ပေးမှသာ ထိရောက်မှုရှိနိုင်ကြောင်း အကြံပြုမှုများလည်းရှိနေသည်။

" Export လုပ်ပါလို့ပြောနေပေမယ့် ဖြေလျှော့သင့်တာတွေကို ဖြေ လျှော့ပေးဖို့လိုတယ်။ Export ပို့လိုက်ပြီးတော့ ပြန်ဝင်လာတဲ့ဒေါ်လာကို တစ်လ အတွင်း ပြန်သုံးရမယ်။ မသုံးရင် ဗဟိုဘဏ်ပေါက် ဈေးနဲ့ဖြတ်ယူလိုက်တယ်။ အဲဒီအခါကျတော့ ဒီကနေ Export လုပ်လိုက်တယ် အဲဒါကိုImport ပြန်လုပ်ချင်တယ်ပဲထားဦး။ Import ပြန်လုပ်ဖို့ အတွက်ကို လိုင်စင်ရဖို့က အနည်းဆုံး (၂) လ၊ (၃) လ ကြာတယ်။ အခုဆိုရင် Export တောင် ပို့တဲ့သူက မရှိတော့ဘူးဖြစ်နေတာ။ Export ပို့နိုင်အောင် လုပ်ပေးရမယ့် အချက်ထဲမှာ ခုနဟာလည်းပါတယ်။ အဲဒီကာလကို တစ်လကနေ (၃) လတိုးပေးသင့်တယ်"ဟု ပို့ကုန်လုပ်ငန်းရှင်ကြီးတစ်ဦးကဆိုသည်။

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွက် ပို့ကုန်ရငွေကို (၁၀ဝ) ရာခိုင်နှုန်းဖြေလျှော့ပေးမည်ဆိုပါက ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ပြီး နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချပေးနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။

"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ဒီလိုအချိန်မှာ မလာနိုင်ဘူးဆိုပေမယ့် တချို့နိုင်ငံခြားကုမ္ပဏီတွေက ဒီလိုအချိန်မှာလုပ်မှ ပိုပြီးအကျိုးအမြတ် ရှိတယ်လို့သိတဲ့ ကုမ္ပဏီတွေလည်းရှိတယ်။ တရား ဥပဒေစိုးမိုးရေးနည်းတဲ့အချိန်မှာ လာလုပ်ချင်တဲ့ ကုမ္ပဏီတွေလည်း များတယ်။ ဖွံ့ဖြိုးပြီးသားနိုင်ငံ တစ်ခုမှာသွားလုပ်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက သိပ်ပြီးတော့ အကျိုးမရှိဘူး။ ဒီလိုမျိုးမစုံသေးတဲ့နိုင်ငံ မျိုးမှာ လာလုပ်ရင် အကျိုးအမြတ်များများရမယ် ဆိုတာကို နိုင်ငံခြားကုမ္ပဏီ တော်တော်များများ ကသိတယ်။ ဒါပေမဲ့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လာ ရင်းတာကို ဒီလောက်ကိုတော့ ဒီဈေးနဲ့လဲ၊ ဒီလောက် ကိုတော့ ဟိုဈေးနဲ့လဲရမယ်ဆိုရင်တော့ မလာနိုင်ကြ ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်တဲ့အခါ မှာလည်း ၂၅ တွေ ၇၅ တွေထားရင်တော့ ဘယ်သူမှ မလာချင်ဘူး"ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ပြည်တွင်း၌ နိုင်ငံခြားငွေရရှိနိုင်သည့် အခွင့် အလမ်းများမှာ ပို့ကုန်ဝင်ငွေများ၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုများနှင့် ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုများမှရငွေများ၊ ပြည် တွင်းသို့ လွှဲပို့ငွေများ၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဝန်ဆောင်မှုမှ ဝင်ငွေများ၊ ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့်ငှားရမ်းခြင်း၊ ‌ရောင်းချခြင်း၊ ချေးငွေရရှိငွေ နှင့် ပြည်ပထောက်ပံ့ငွေများဖြစ်သည်။

ထို့ကြောင့် နိုင်ငံခြားငွေရရှိနိုင်မည့် လုပ်ငန်း များကို အစိုးရအနေဖြင့် ဖန်တီးပေးသင့်ပြီး နိုင်ငံခြား ငွေအလုံးအရင်းဖြင့် ရရှိနိုင်မည့် ကွန်ဒိုမီနီယမ်Law အပြင် ပြည်တွင်း၌ စီးပွားရေးအတွက် လုပ်သာကိုင် သာရှိမည့် ဥပဒေကို ဖြေလျှော့ပေးသင့်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်ကြီးတစ်ဦးက အကြံပြုထားသည်။

"ကွန်ဒိုမီနီယမ် Law ကိုလည်း သေချာထည့်ပြီး ကွန်ဒိုတွေကိုလည်း ရောင်းချခွင့်ပေးသင့်တယ်။ ယိုးဒယားတို့၊ စင်ကာပူတို့မှာဆိုရင် စီးပွားရေး ကျပ်သွားတယ်ဆိုရင် နိုင်ငံခြားသားတွေကို ကွန်ဒို တွေပဲရောင်းခိုင်းကြတာ။ ဒီလိုအချိန်မှာ မြန်မာကျပ်ငွေအရမ်းကျတာဖြစ်တဲ့အတွက် ဝယ်ကြမှာ။ ဝယ်မယ့် သူတွေလည်း ရှိတယ်။ နိုင်ငံခြားငွေရှာရခက်တဲ့ အချိန်မှာ ရန်ကုန်လိုမြို့ကြီးတွေ၊ မန္တလေးလိုမြို့ ကြီးတွေမှာ ကွန်ဒိုမီနီယမ်Law ကို သေချာအား ထည့်သင့်တယ်။ နိုင်ငံခြားငွေ တိုက်ရိုက်ဝင်ပြီး ပိုက်ဆံများများရမယ့် လုပ်ငန်းမျိုးတွေပေါ့။ နိုင်ငံခြား ငွေရမယ့် လုပ်ငန်းတွေကို အစိုးရအနေနဲ့ ဖန်တီး သင့် တယ်။ အဓိကက ပြည်ပကိုထွက်ကြလို့ ပိုက်ဆံတွေဘယ်လိုလျော့သွားတယ်ဆိုပြီး ထိုင်ပြီးအပြစ်ပြောနေ လို့မရဘူး။ နိုင်ငံထဲမှာ စီးပွားရေး လုပ်သာကိုင်သာရှိ အောင် ဥပဒေတွေကို ဒီအချိန်မှာ အကုန်ဖြေလျှော့ ပစ်ဖို့လိုတယ်"ဟု အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

သို့သော် နိုင်ငံခြားငွေတရားမဝင် စီးထွက်နေ သည့် ကဏ္ဍများတွင် အာမခံကဏ္ဍများလည်း ပါဝင် နေပြီး နိုင်ငံငွေဖြင့် ပေးချေရသည့် အာမခံ ထားသူများအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းမှတစ်ဆင့် နိုင်ငံခြား အာမခံကုမ္ပဏီများထံသို့ ချိတ်ဆက်ဆောင် ရွက်ခြင်းမပြုဘဲ တိုက်ရိုက်ချိတ်ဆက်ပြီး အာမခံထား ရှိနေသည့်အတွက် တရားဝင်နည်းလမ်းမဟုတ်ဘဲ ပြည်ပသို့ နိုင်ငံခြားငွေတရားမဝင် စီးဆင်းမှုများရှိနေကြောင်း သိရသည်။

ထို့ပြင် ခရီးသွားကာလပေါ်မူတည်၍ ခရီးသွား ကုမ္ပဏီတစ်ခုတွင် တစ်လလျှင် ပြည်ပသွားရောက် သည့် ခရီးသွားဦးရေ ၃၀ မှ ၅၀ ကြားရှိနိုင်ပြီး တစ်ဦးလျှင် အာမခံကြေး အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၈ ‌ဒေါ်လာဖြင့် တစ်နှစ်လျှင် ခန့်မှန်းအားဖြင့် ခရီးသွားကုမ္ပဏီတစ်ခုတွင် အမေရိကန်ဒေါ်လာ (၁၀ဝဝဝ) ကျော်ပြည်ပသို့ စီးဆင်းလျက်ရှိကြောင်း နစက၏ ဖော်ပြချက်များအရ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်း‌ဒေသကြီးတွင် ခရီးသွားကုမ္ပဏီ ၂၈၆၂ ခုရှိသည့်အတွက် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၂ သန်းခန့် ပြည်ပသို့ စီးဆင်းနိုင်ကြောင်း နစကမှ ခန့်မှန်းဖော်ပြထားသည်။

zawgyi version
ျပည္ပသို႔ ႏိုင္ငံျခားေငြစီးဆင္းမႈမ်ားရွိေနေသာ္လည္း Export လုပ္ငန္းမ်ားအ‌ေပၚ ခ်မွတ္ထားသည့္ ကန႔္သတ္ခ်က္မ်ားကို ေျဖေလွ်ာ့ကာ ႏိုင္ငံျခားေငြရွာေဖြသင့္ေၾကာင္း အႀကံျပဳ
ယြန္း (NP News) - စက္တင္ဘာ ၁၁

ျပည္ပသို႔ႏိုင္ငံျခားေငြ စီးဆင္းမႈမ်ားရွိေနေသာ္လည္း Export လုပ္ငန္းမ်ားအ‌ေပၚ ခ်မွတ္ထားသည့္ ကန႔္သတ္ခ်က္မ်ားကို ေျဖေလွ်ာ့ကာ ႏိုင္ငံျခားေငြရွာေဖြသင့္ေၾကာင္း ျပည္တြင္းရွိစီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က NP News ကို အႀကံျပဳေျပာထားသည္။

လက္ရွိတြင္ ျပည္တြင္း၌ ႏိုင္ငံျခားေငြလိုအပ္ခ်က္ျဖစ္ေပၚလ်က္ရွိၿပီး ျပည္ပသို႔တရားမဝင္သြားေရာက္ျခင္းမ်ားအပါအဝင္ အာမခံက႑မ်ားႏွင့္ ခရီးသြား က႑မ်ားမွလည္း ႏိုင္ငံျခားေငြယိုစိမ့္မႈမ်ားရွိေနေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

ထို႔ေၾကာင့္ ႏိုင္ငံျခားေငြျပန္လည္ရရွိေရးအတြက္ ျပည္တြင္းရွိထုတ္ ကုန္မ်ားကို Export တင္ပို႔ႏိုင္ေရး ႏိုင္ငံေတာ္မွႀကိဳးပမ္းလ်က္ရွိေသာ္လည္း Export လုပ္ငန္မ်ားေပၚတြင္ ခ်မွတ္ထားသည့္ အခ်က္မ်ားကိုလည္း ေျဖ ေလွ်ာ့ေပးမွသာ ထိေရာက္မႈရွိႏိုင္ေၾကာင္း အႀကံျပဳမႈမ်ားလည္းရွိေနသည္။

" Export လုပ္ပါလို႔ေျပာေနေပမယ့္ ေျဖေလွ်ာ့သင့္တာေတြကို ေျဖ ေလွ်ာ့ေပးဖို႔လိုတယ္။ Export ပို႔လိုက္ၿပီးေတာ့ ျပန္ဝင္လာတဲ့ေဒၚလာကို တစ္လ အတြင္း ျပန္သုံးရမယ္။ မသုံးရင္ ဗဟိုဘဏ္ေပါက္ ေဈးနဲ႔ျဖတ္ယူလိုက္တယ္။ အဲဒီအခါက်ေတာ့ ဒီကေန Export လုပ္လိုက္တယ္ အဲဒါကိုImport ျပန္လုပ္ခ်င္တယ္ပဲထားဦး။ Import ျပန္လုပ္ဖို႔ အတြက္ကို လိုင္စင္ရဖို႔က အနည္းဆုံး (၂) လ၊ (၃) လ ၾကာတယ္။ အခုဆိုရင္ Export ေတာင္ ပို႔တဲ့သူက မရွိေတာ့ဘူးျဖစ္ေနတာ။ Export ပို႔ႏိုင္ေအာင္ လုပ္ေပးရမယ့္ အခ်က္ထဲမွာ ခုနဟာလည္းပါတယ္။ အဲဒီကာလကို တစ္လကေန (၃) လတိုးေပးသင့္တယ္"ဟု ပို႔ကုန္လုပ္ငန္းရွင္ႀကီးတစ္ဦးကဆိုသည္။

ထို႔ျပင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား အတြက္ ပို႔ကုန္ရေငြကို (၁၀ဝ) ရာခိုင္ႏႈန္းေျဖေလွ်ာ့ေပးမည္ဆိုပါက ျပည္တြင္းသို႔ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္လာႏိုင္ၿပီး ႏိုင္ငံျခားေငြလိုအပ္ခ်က္ကို ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ထားသည္။

"ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြက ဒီလိုအခ်ိန္မွာ မလာႏိုင္ဘူးဆိုေပမယ့္ တခ်ိဳ႕ႏိုင္ငံျခားကုမၸဏီေတြက ဒီလိုအခ်ိန္မွာလုပ္မွ ပိုၿပီးအက်ိဳးအျမတ္ ရွိတယ္လို႔သိတဲ့ ကုမၸဏီေတြလည္းရွိတယ္။ တရား ဥပေဒစိုးမိုးေရးနည္းတဲ့အခ်ိန္မွာ လာလုပ္ခ်င္တဲ့ ကုမၸဏီေတြလည္း မ်ားတယ္။ ဖြံ႕ၿဖိဳးၿပီးသားႏိုင္ငံ တစ္ခုမွာသြားလုပ္ရင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက သိပ္ၿပီးေတာ့ အက်ိဳးမရွိဘူး။ ဒီလိုမ်ိဳးမစုံေသးတဲ့ႏိုင္ငံ မ်ိဳးမွာ လာလုပ္ရင္ အက်ိဳးအျမတ္မ်ားမ်ားရမယ္ ဆိုတာကို ႏိုင္ငံျခားကုမၸဏီ ေတာ္ေတာ္မ်ားမ်ား ကသိတယ္။ ဒါေပမဲ့ ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္လာ ရင္းတာကို ဒီေလာက္ကိုေတာ့ ဒီေဈးနဲ႔လဲ၊ ဒီေလာက္ ကိုေတာ့ ဟိုေဈးနဲ႔လဲရမယ္ဆိုရင္ေတာ့ မလာႏိုင္ၾက ဘူး။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဆြဲေဆာင္တဲ့အခါ မွာလည္း ၂၅ ေတြ ၇၅ ေတြထားရင္ေတာ့ ဘယ္သူမွ မလာခ်င္ဘူး"ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။

ျပည္တြင္း၌ ႏိုင္ငံျခားေငြရရွိႏိုင္သည့္ အခြင့္ အလမ္းမ်ားမွာ ပို႔ကုန္ဝင္ေငြမ်ား၊ ျပည္ပရင္းႏွီးျမႇဳပ္ႏွံ မႈမ်ားႏွင့္ ျပည္ပ၌ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွရေငြမ်ား၊ ျပည္ တြင္းသို႔ လႊဲပို႔ေငြမ်ား၊ ခရီးသြားလုပ္ငန္းႏွင့္ ေလေၾကာင္းဝန္ေဆာင္မႈမွ ဝင္ေငြမ်ား၊ ျပည္တြင္း၌ ႏိုင္ငံျခားေငြျဖင့္ငွားရမ္းျခင္း၊ ‌ေရာင္းခ်ျခင္း၊ ေခ်းေငြရရွိေငြ ႏွင့္ ျပည္ပေထာက္ပံ့ေငြမ်ားျဖစ္သည္။

ထို႔ေၾကာင့္ ႏိုင္ငံျခားေငြရရွိႏိုင္မည့္ လုပ္ငန္း မ်ားကို အစိုးရအေနျဖင့္ ဖန္တီးေပးသင့္ၿပီး ႏိုင္ငံျခား ေငြအလုံးအရင္းျဖင့္ ရရွိႏိုင္မည့္ ကြန္ဒိုမီနီယမ္Law အျပင္ ျပည္တြင္း၌ စီးပြားေရးအတြက္ လုပ္သာကိုင္ သာရွိမည့္ ဥပေဒကို ေျဖေလွ်ာ့ေပးသင့္ေၾကာင္း စီးပြား ေရးလုပ္ငန္းရွင္ႀကီးတစ္ဦးက အႀကံျပဳထားသည္။

"ကြန္ဒိုမီနီယမ္ Law ကိုလည္း ေသခ်ာထည့္ၿပီး ကြန္ဒိုေတြကိုလည္း ေရာင္းခ်ခြင့္ေပးသင့္တယ္။ ယိုးဒယားတို႔၊ စင္ကာပူတို႔မွာဆိုရင္ စီးပြားေရး က်ပ္သြားတယ္ဆိုရင္ ႏိုင္ငံျခားသားေတြကို ကြန္ဒို ေတြပဲေရာင္းခိုင္းၾကတာ။ ဒီလိုအခ်ိန္မွာ ျမန္မာက်ပ္ေငြအရမ္းက်တာျဖစ္တဲ့အတြက္ ဝယ္ၾကမွာ။ ဝယ္မယ့္ သူေတြလည္း ရွိတယ္။ ႏိုင္ငံျခားေငြရွာရခက္တဲ့ အခ်ိန္မွာ ရန္ကုန္လိုၿမိဳ႕ႀကီးေတြ၊ မႏၲေလးလိုၿမိဳ႕ ႀကီးေတြမွာ ကြန္ဒိုမီနီယမ္Law ကို ေသခ်ာအား ထည့္သင့္တယ္။ ႏိုင္ငံျခားေငြ တိုက္႐ိုက္ဝင္ၿပီး ပိုက္ဆံမ်ားမ်ားရမယ့္ လုပ္ငန္းမ်ိဳးေတြေပါ့။ ႏိုင္ငံျခား ေငြရမယ့္ လုပ္ငန္းေတြကို အစိုးရအေနနဲ႔ ဖန္တီး သင့္ တယ္။ အဓိကက ျပည္ပကိုထြက္ၾကလို႔ ပိုက္ဆံေတြဘယ္လိုေလ်ာ့သြားတယ္ဆိုၿပီး ထိုင္ၿပီးအျပစ္ေျပာေန လို႔မရဘူး။ ႏိုင္ငံထဲမွာ စီးပြားေရး လုပ္သာကိုင္သာရွိ ေအာင္ ဥပေဒေတြကို ဒီအခ်ိန္မွာ အကုန္ေျဖေလွ်ာ့ ပစ္ဖို႔လိုတယ္"ဟု အထက္ပါစီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။

သို႔ေသာ္ ႏိုင္ငံျခားေငြတရားမဝင္ စီးထြက္ေန သည့္ က႑မ်ားတြင္ အာမခံက႑မ်ားလည္း ပါဝင္ ေနၿပီး ႏိုင္ငံေငြျဖင့္ ေပးေခ်ရသည့္ အာမခံ ထားသူမ်ားအေနျဖင့္ ျမန္မာ့အာမခံလုပ္ငန္းမွတစ္ဆင့္ ႏိုင္ငံျခား အာမခံကုမၸဏီမ်ားထံသို႔ ခ်ိတ္ဆက္ေဆာင္ ႐ြက္ျခင္းမျပဳဘဲ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး အာမခံထား ရွိေနသည့္အတြက္ တရားဝင္နည္းလမ္းမဟုတ္ဘဲ ျပည္ပသို႔ ႏိုင္ငံျခားေငြတရားမဝင္ စီးဆင္းမႈမ်ားရွိေနေၾကာင္း သိရသည္။

ထို႔ျပင္ ခရီးသြားကာလေပၚမူတည္၍ ခရီးသြား ကုမၸဏီတစ္ခုတြင္ တစ္လလွ်င္ ျပည္ပသြားေရာက္ သည့္ ခရီးသြားဦးေရ ၃၀ မွ ၅၀ ၾကားရွိႏိုင္ၿပီး တစ္ဦးလွ်င္ အာမခံေၾကး အနည္းဆုံး အေမရိကန္ ေဒၚလာ ၁၈ ‌ေဒၚလာျဖင့္ တစ္ႏွစ္လွ်င္ ခန႔္မွန္းအားျဖင့္ ခရီးသြားကုမၸဏီတစ္ခုတြင္ အေမရိကန္ေဒၚလာ (၁၀ဝဝဝ) ေက်ာ္ျပည္ပသို႔ စီးဆင္းလ်က္ရွိေၾကာင္း နစက၏ ေဖာ္ျပခ်က္မ်ားအရ သိရသည္။

လက္ရွိတြင္ ရန္ကုန္တိုင္း‌ေဒသႀကီးတြင္ ခရီးသြားကုမၸဏီ ၂၈၆၂ ခုရွိသည့္အတြက္ တစ္ႏွစ္ လွ်င္ အေမရိကန္ေဒၚလာ ၂၈ ဒသမ ၆၂ သန္းခန႔္ ျပည္ပသို႔ စီးဆင္းႏိုင္ေၾကာင္း နစကမွ ခန႔္မွန္းေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.