ရုရှားက ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးရေတပ်စစ်ရေးလေ့ကျင့်မှုတွေကို စတင်ပြုလုပ်

 1092

Pika (NP News) - စက်တင်ဘာ ၁၁

ရုရှားနိုင်ငံဟာ ၎င်းရဲ့ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံး ရေတပ်စစ်ရေးလေ့ ကျင့်မှုတွေကို စတင်လုပ်ဆောင်နေပြီလို့ သမ္မတပူတင်က ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။

‘Ocean-2024’ စစ်ရေးလေ့ကျင့်ခန်းကို စက်တင်ဘာလ(၁၀)ရက်နေ့မှာစတင်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာ၊ အာတိတ်သမုဒ္ဒရာအပြင် မြေထဲပင်လယ်၊ ကတ်စပီယန်ပင်လယ် နဲ့ ဘော်လ်တစ်ပင်လယ်တို့မှာ တပြိုင်နက်တည်းလုပ်ဆောင်ဖို့ မျှော်မှန်းထားတယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ဟာ ရုရှားရေတပ်နဲ့ လေတပ်တို့ရဲ့တိုက်ခိုက်ရေးနဲ့ပတ်သက်ပြီး အဆင်သင့်ဖြစ်မှုတွေကို အကဲဖြတ်ဖို့အပြင် ၎င်းတို့ရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုတွေကို စစ်ဆေးဖို့ဖြစ်တယ်လို့ ပူတင်ကပြောကြားခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ တိုက်ခိုက်ရေးသင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေ အစီးရေ(၄၀၀)ကျော်အပြင် အရန်ရေယာဉ်တွေ၊ တိုက်လေယာဉ်အစင်းရေ(၁၂၀) နဲ့ အမှုထမ်း(၉)သောင်းကျော်ပါဝင်တယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။ဒါ့ပြင် စစ်ရေးလေ့ကျင့်မှုအတွင်း ပစ်မှတ်အတုတွေကို တိကျတဲ့စစ်လက် နက်ပစ္စည်းတွေအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာမျိုးတွေလုပ်ဆောင်မယ့် စစ်ဆင်ရေးတွေလည်း ပါဝင်တယ်လို့ ပူတင်ကပြောကြားခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေအတွင်း ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းမှာ ရုရှားတပ်ဖွဲ့တွေရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချသွားမယ်လို့လည်း ပူတင်ကပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရုရှားရဲ့စစ်ရေးလေ့ကျင့်မှုတွေမှာ တရုတ်စစ်တပ်လည်း ပါဝင်တယ်လို့သိရပါတယ်။ တရုတ်စစ်တပ်ရဲ့ သင်္ဘော(၄)စင်းနဲ့ တိုက်လေယာဉ်(၁၅)စင်းတို့ဟာ ရုရှားရဲ့စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ ရုရှားရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Aleksandr Moiseev ကပြောကြားခဲ့ပါတယ်။ ပြီးတော့ စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်နေချိန်အတွင်း နိုင်ငံပေါင်း (၁၅) နိုင်ငံက ကိုယ်စားလှယ်တွေကို လေ့လာစောင့်ကြည့်သူအဖြစ်နဲ့ ပါဝင်ဖို့ ဖိတ်ကြားခဲ့တယ်လို့လည်း ပူတင်ကပြောကြားခဲ့ပါတယ်။

zawgyi version
႐ုရွားက ဆယ္စုႏွစ္မ်ားအတြင္း အႀကီးမားဆုံးေရတပ္စစ္ေရးေလ့က်င့္မႈေတြကို စတင္ျပဳလုပ္
Pika (NP News) - စက္တင္ဘာ ၁၁

႐ုရွားႏိုင္ငံဟာ ၎ရဲ႕ေခတ္သစ္သမိုင္းမွာ အႀကီးမားဆုံး ေရတပ္စစ္ေရးေလ့ က်င့္မႈေတြကို စတင္လုပ္ေဆာင္ေနၿပီလို႔ သမၼတပူတင္က ထုတ္ျပန္ေၾက ညာခဲ့ပါတယ္။

‘Ocean-2024’ စစ္ေရးေလ့က်င့္ခန္းကို စက္တင္ဘာလ(၁၀)ရက္ေန႔မွာစတင္ခဲ့ၿပီး ပစိဖိတ္သမုဒၵရာ၊ အာတိတ္သမုဒၵရာအျပင္ ေျမထဲပင္လယ္၊ ကတ္စပီယန္ပင္လယ္ နဲ႔ ေဘာ္လ္တစ္ပင္လယ္တို႔မွာ တၿပိဳင္နက္တည္းလုပ္ေဆာင္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ ပူတင္က ေျပာၾကားခဲ့ပါတယ္။ အဲဒီစစ္ေရးေလ့က်င့္မႈရဲ႕ ရည္႐ြယ္ခ်က္ဟာ ႐ုရွားေရတပ္နဲ႔ ေလတပ္တို႔ရဲ႕တိုက္ခိုက္ေရးနဲ႔ပတ္သက္ၿပီး အဆင္သင့္ျဖစ္မႈေတြကို အကဲျဖတ္ဖို႔အျပင္ ၎တို႔ရဲ႕ ပူးေပါင္းလုပ္ေဆာင္ႏိုင္မႈေတြကို စစ္ေဆးဖို႔ျဖစ္တယ္လို႔ ပူတင္ကေျပာၾကားခဲ့ပါတယ္။

အဲဒီစစ္ေရးေလ့က်င့္မႈမွာ တိုက္ခိုက္ေရးသေဘၤာနဲ႔ ေရငုပ္သေဘၤာေတြ အစီးေရ(၄၀၀)ေက်ာ္အျပင္ အရန္ေရယာဥ္ေတြ၊ တိုက္ေလယာဥ္အစင္းေရ(၁၂၀) နဲ႔ အမႈထမ္း(၉)ေသာင္းေက်ာ္ပါဝင္တယ္လို႔ ပူတင္က ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ စစ္ေရးေလ့က်င့္မႈအတြင္း ပစ္မွတ္အတုေတြကို တိက်တဲ့စစ္လက္ နက္ပစၥည္းေတြအသုံးျပဳၿပီး ပစ္ခတ္တိုက္ခိုက္တာမ်ိဳးေတြလုပ္ေဆာင္မယ့္ စစ္ဆင္ေရးေတြလည္း ပါဝင္တယ္လို႔ ပူတင္ကေျပာၾကားခဲ့ပါတယ္။ စစ္ေရးေလ့က်င့္မႈေတြအတြင္း ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲအတြင္းမွာ ႐ုရွားတပ္ဖြဲ႕ေတြရရွိခဲ့တဲ့ အေတြ႕အႀကဳံေတြကို အသုံးခ်သြားမယ္လို႔လည္း ပူတင္ကေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွားရဲ႕စစ္ေရးေလ့က်င့္မႈေတြမွာ တ႐ုတ္စစ္တပ္လည္း ပါဝင္တယ္လို႔သိရပါတယ္။ တ႐ုတ္စစ္တပ္ရဲ႕ သေဘၤာ(၄)စင္းနဲ႔ တိုက္ေလယာဥ္(၁၅)စင္းတို႔ဟာ ႐ုရွားရဲ႕စစ္ေရးေလ့က်င့္မႈေတြမွာ ပါဝင္ခဲ့တယ္လို႔ ႐ုရွားေရတပ္အႀကီးအကဲ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Aleksandr Moiseev ကေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ စစ္ေရးေလ့က်င့္မႈလုပ္ေဆာင္ေနခ်ိန္အတြင္း ႏိုင္ငံေပါင္း (၁၅) ႏိုင္ငံက ကိုယ္စားလွယ္ေတြကို ေလ့လာေစာင့္ၾကည့္သူအျဖစ္နဲ႔ ပါဝင္ဖို႔ ဖိတ္ၾကားခဲ့တယ္လို႔လည္း ပူတင္ကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.