နေပြည်တော်၌ အကောင်အထည်ဖော်မည့် ဝါးအထူးစံပြဇုန် ဖြစ်ပေါ်လာပါက ဝါးလက်မှုပစ္စည်းများကို နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်သည် အထိ ကြိုးပမ်းမည်

 326

ယွန်း (NP News) - စက်တင်ဘာ ၁၂

နေပြည်တော်၌ အကောင်အထည်ဖော်မည့် ဝါးအထူးစံပြဇုန် ဖြစ်ပေါ်လာပါက ဝါးလက်မှုပစ္စည်းများကို နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝါးစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင် ဦးကျော်ဝင်းထံ NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။

လက်ရှိတွင် ဝါးနှင့်ပတ်သက်သည့် လက်မှုပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများအပါအဝင် ပြည်တွင်းမှ တောင်းဆိုမှုများရှိနေ သော် လည်း ဈေးကွက်နှင့် နေ့စားခရရှိမှုမကိုက်ညီခြင်းကြောင့် ထုတ်လုပ်သူအရေအတွက်မှာ အနည်းငယ်သာရှိကြောင်း သိရသည်။

“လက်မှုပစ္စည်းလုပ်တဲ့လူလည်းရှိတယ်။ စျေးကွက်လည်းရှိတယ်။ ပြည်ပကရော၊ ပြည်တွင်းကပါ တောင်းဆိုမှုတွေရှိတယ်။ ဒါပေမဲ့ လုပ်တဲ့သူက နည်းနေတာ။ အသေးစားစက်မှုလက်မှုအိမ်တွင်းမှုဦးစီးဌာနဆိုတာ ရှိတယ်လေ။ အဲဒီက သင်တန်းပေးပြီး ဝါးနဲ့လက်မှုပစ္စည်းလေးတွေ လုပ်ကြတယ်။ ဝါးလက်မှုပစ္စည်းက အနုစိပ်တယ်။ ဈေးကွက်နဲ့ နေ့စားခနဲ့က အရမ်းမကိုက်ဘူး။ တချို့နိုင်ငံတွေမှာက လက်မှုပစ္စည်းကို သူ့ရဲ့တန်ရာတန်ကြေးရကြတယ်။ တချို့ကျတော့လည်း လက်ရာကောင်းတော့ ဈေးကောင်းရပေမယ့် တချို့ကကျတော့ လက်ရာကတန်းမဝင်သေးတော့ ရတာနည်းတော့ ဈေး ကွက်လိုအပ်ချက်ကများပြီး လုပ်တဲ့သူကနည်းနေတာပေါ့”ဟု ဦးကျော်ဝင်းက ဆိုသည်။

ထို့ကြောင့် အဆိုပါလက်မှုပစ္စည်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက် နေပြည်တော်၌ အကောင်အထည်ဖော်မည့် ဝါးအထူးစံပြဇုန်ကို အောင်မြင်ရေးကြိုးပမ်းရန်လိုပြီး အဆိုပါဝါးအထူးဇုန် ဖြစ်ပေါ်လာပါက လက်မှုပစ္စည်းများကို နိုင်ငံတကာဈေးကွက် ထိုး‌ဖောက်နိုင်သည်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“တိုးချဲ့ဖို့ကတော့ လုပ်သွားမှာပါ။ နေပြည်တော်မှာ ဝါးနဲ့ပတ်သက်တဲ့ ဇုန်တစ်ခုဖြစ်အောင် ကြိုးစားနေတာရှိတယ်။ အောင်မြင်သွားမယ်ဆိုရင် အဲဒီကနေပြီးတော့ မျိုးဆက်သစ်တွေမွေးတာတို့၊ ဈေးကွက်ရှာတာတို့ လုပ်ရမှာပေါ့။ ဝါးဇုန်တစ်ခုလောက်ပေါ်မှ ပိုအဆင်ပြေနိုင်မှာပေါ့။ သူ့နည်းသူ့ဟန်နဲ့တော့ ရပ်တည်နေကြတာပေါ့။ တကယ့်နိုင်ငံတကာဈေးကွက်ကို သွားချင်ရင်တော့ ဝါးဇုန်မရှိရင်တော့ မလွယ်ဘူးလေ။ နေပြည်တော်က ဝါးဇုန်ဖြစ်မြောက်လာရင်တော့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်တဲ့အထိ လုပ်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ဝါးလက်မှုပစ္စည်းများကို ပြည်ပနိုင်ငံများကို တစ်နိုင်တစ်ပိုင်တင်ပို့လျက်ရှိပြီး ဥရောပနိုင်ငံများကို အဓိကတင်ပို့နေကြောင်း သိရသည်။

ဝါးအထူးစံပြဇုန်အတွင်း မျှစ်နှင့်ပတ်သက်သော ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် နည်းပညာများ ဖြန့်ဝေခြင်း၊ မျိုးများဖြန့်ချိခြင်း၊ ဝါးလက်မှု စင်တာများပါဝင်မည်ဖြစ်ကာ လက်ရှိတွင် တာဝန်ရှိသူများထံ လျှောက်ထားတင်ပြထားဆဲ အနေအထားဖြစ်ကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္၌ အေကာင္အထည္ေဖာ္မည့္ ဝါးအထူးစံျပဇုန္ ျဖစ္ေပၚလာပါက ဝါးလက္မႈပစၥည္းမ်ားကို ႏိုင္ငံတကာေဈးကြက္ ထိုးေဖာက္ႏိုင္သည္ အထိ ႀကိဳးပမ္းမည္

ယြန္း (NP News) - စက္တင္ဘာ ၁၂

ေနျပည္ေတာ္၌ အေကာင္အထည္ေဖာ္မည့္ ဝါးအထူးစံျပဇုန္ ျဖစ္ေပၚလာပါက ဝါးလက္မႈပစၥည္းမ်ားကို ႏိုင္ငံတကာေဈးကြက္ ထိုးေဖာက္ႏိုင္သည္အထိ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ဝါးစိုက္ပ်ိဳးထုတ္လုပ္သည့္လုပ္ငန္းရွင္ ဦးေက်ာ္ဝင္းထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။

လက္ရွိတြင္ ဝါးႏွင့္ပတ္သက္သည့္ လက္မႈပစၥည္းမ်ား ထုတ္လုပ္ႏိုင္ေရးအတြက္ ျပည္ပႏိုင္ငံမ်ားအပါအဝင္ ျပည္တြင္းမွ ေတာင္းဆိုမႈမ်ားရွိေန ေသာ္ လည္း ေဈးကြက္ႏွင့္ ေန႔စားခရရွိမႈမကိုက္ညီျခင္းေၾကာင့္ ထုတ္လုပ္သူအေရအတြက္မွာ အနည္းငယ္သာရွိေၾကာင္း သိရသည္။

“လက္မႈပစၥည္းလုပ္တဲ့လူလည္းရွိတယ္။ ေစ်းကြက္လည္းရွိတယ္။ ျပည္ပကေရာ၊ ျပည္တြင္းကပါ ေတာင္းဆိုမႈေတြရွိတယ္။ ဒါေပမဲ့ လုပ္တဲ့သူက နည္းေနတာ။ အေသးစားစက္မႈလက္မႈအိမ္တြင္းမႈဦးစီးဌာနဆိုတာ ရွိတယ္ေလ။ အဲဒီက သင္တန္းေပးၿပီး ဝါးနဲ႔လက္မႈပစၥည္းေလးေတြ လုပ္ၾကတယ္။ ဝါးလက္မႈပစၥည္းက အႏုစိပ္တယ္။ ေဈးကြက္နဲ႔ ေန႔စားခနဲ႔က အရမ္းမကိုက္ဘူး။ တခ်ိဳ႕ႏိုင္ငံေတြမွာက လက္မႈပစၥည္းကို သူ႔ရဲ႕တန္ရာတန္ေၾကးရၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း လက္ရာေကာင္းေတာ့ ေဈးေကာင္းရေပမယ့္ တခ်ိဳ႕ကက်ေတာ့ လက္ရာကတန္းမဝင္ေသးေတာ့ ရတာနည္းေတာ့ ေဈး ကြက္လိုအပ္ခ်က္ကမ်ားၿပီး လုပ္တဲ့သူကနည္းေနတာေပါ့”ဟု ဦးေက်ာ္ဝင္းက ဆိုသည္။

ထို႔ေၾကာင့္ အဆိုပါလက္မႈပစၥည္းမ်ား တိုးခ်ဲ႕ထုတ္လုပ္ႏိုင္ေရးအတြက္ ေနျပည္ေတာ္၌ အေကာင္အထည္ေဖာ္မည့္ ဝါးအထူးစံျပဇုန္ကို ေအာင္ျမင္ေရးႀကိဳးပမ္းရန္လိုၿပီး အဆိုပါဝါးအထူးဇုန္ ျဖစ္ေပၚလာပါက လက္မႈပစၥည္းမ်ားကို ႏိုင္ငံတကာေဈးကြက္ ထိုး‌ေဖာက္ႏိုင္သည္အထိ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

“တိုးခ်ဲ႕ဖို႔ကေတာ့ လုပ္သြားမွာပါ။ ေနျပည္ေတာ္မွာ ဝါးနဲ႔ပတ္သက္တဲ့ ဇုန္တစ္ခုျဖစ္ေအာင္ ႀကိဳးစားေနတာရွိတယ္။ ေအာင္ျမင္သြားမယ္ဆိုရင္ အဲဒီကေနၿပီးေတာ့ မ်ိဳးဆက္သစ္ေတြေမြးတာတို႔၊ ေဈးကြက္ရွာတာတို႔ လုပ္ရမွာေပါ့။ ဝါးဇုန္တစ္ခုေလာက္ေပၚမွ ပိုအဆင္ေျပႏိုင္မွာေပါ့။ သူ႔နည္းသူ႔ဟန္နဲ႔ေတာ့ ရပ္တည္ေနၾကတာေပါ့။ တကယ့္ႏိုင္ငံတကာေဈးကြက္ကို သြားခ်င္ရင္ေတာ့ ဝါးဇုန္မရွိရင္ေတာ့ မလြယ္ဘူးေလ။ ေနျပည္ေတာ္က ဝါးဇုန္ျဖစ္ေျမာက္လာရင္ေတာ့ ႏိုင္ငံတကာေဈးကြက္ကို ထိုးေဖာက္ႏိုင္တဲ့အထိ လုပ္သြားမွာပါ” ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ဝါးလက္မႈပစၥည္းမ်ားကို ျပည္ပႏိုင္ငံမ်ားကို တစ္ႏိုင္တစ္ပိုင္တင္ပို႔လ်က္ရွိၿပီး ဥေရာပႏိုင္ငံမ်ားကို အဓိကတင္ပို႔ေနေၾကာင္း သိရသည္။

ဝါးအထူးစံျပဇုန္အတြင္း မွ်စ္ႏွင့္ပတ္သက္ေသာ ထုတ္ကုန္မ်ား ထုတ္လုပ္ရန္အတြက္ နည္းပညာမ်ား ျဖန႔္ေဝျခင္း၊ မ်ိဳးမ်ားျဖန႔္ခ်ိျခင္း၊ ဝါးလက္မႈ စင္တာမ်ားပါဝင္မည္ျဖစ္ကာ လက္ရွိတြင္ တာဝန္ရွိသူမ်ားထံ ေလွ်ာက္ထားတင္ျပထားဆဲ အေနအထားျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.