YouTuber တစ်ဦးက ကမ္ဘာ့အကြီးဆုံး iPhone ကို ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်

 1536

Pika (NP News) - စက်တင်ဘာ ၁၂

YouTuber တစ်ဦးဖြစ်သူ Mrwhosetheboss သည် အမြင့် (၆ ဒသမ ၇၄) ပေရှိသော ကမ္ဘာ့အကြီးဆုံး iPhone 15 Pro Max ကို တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
YouTuber Mrwhosetheboss (ခေါ်) Arun Maini သည် အခြား YouTuber တစ်ဦးဖြစ်သူ Matthew Perks ၏ အကူအညီဖြင့် အဆိုပါ iPhone 15 Pro Max ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Arun Maini က ၎င်း၏ YouTube တွင် ဖော်လိုဝါအရေအတွက် (၂၆ ဒသမ ၄) သန်းထိရှိခဲ့ပြီးနောက် ဂုဏ်ပြုရန် အတွက် ကမ္ဘာ့အကြီးဆုံး iPhone 15 Pro Max ကို ဖန်တီးလိုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဖုန်းသည် စာတိုပေးပို့ခြင်းအပြင် ဓါတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများအပြင် သာမန်ဖုန်းတစ်လုံးတွင် တွေ့မြင်နိုင်သော အပ်ပ်အားလုံးကို အသုံးပြုနိုင်ကြောင်းလည်း သိရသည်။ Arun Maini “ဒီလိုကမ္ဘာ့အကြီးဆုံး ဖုန်းကို ဖန်တီးနိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ အရင်တုန်းက ဘယ်သူမှမလုပ်ခဲ့ဖူးတဲ့အရာကို လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့တစ်ဖွဲ့လုံးအတွက်လည်း ဂုဏ်ယူမိပါတယ်” ဟု ပြောခဲ့သည်။

Arun Maini သည် ၂၀၁၁ ခုနှစ်တွင် YouTuber အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏နည်းပညာ သုံးသပ်ချက်များကြောင့် တဖြည်းဖြည်းနာမည်ကြီးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
YouTuber တစ္ဦးက ကမာၻ႔အႀကီးဆုံး iPhone ကို ဖန္တီးခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - စက္တင္ဘာ ၁၂

YouTuber တစ္ဦးျဖစ္သူ Mrwhosetheboss သည္ အျမင့္ (၆ ဒသမ ၇၄) ေပရွိေသာ ကမာၻ႔အႀကီးဆုံး iPhone 15 Pro Max ကို တည္ေဆာက္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။
YouTuber Mrwhosetheboss (ေခၚ) Arun Maini သည္ အျခား YouTuber တစ္ဦးျဖစ္သူ Matthew Perks ၏ အကူအညီျဖင့္ အဆိုပါ iPhone 15 Pro Max ကို တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Arun Maini က ၎၏ YouTube တြင္ ေဖာ္လိုဝါအေရအတြက္ (၂၆ ဒသမ ၄) သန္းထိရွိခဲ့ၿပီးေနာက္ ဂုဏ္ျပဳရန္ အတြက္ ကမာၻ႔အႀကီးဆုံး iPhone 15 Pro Max ကို ဖန္တီးလိုခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုပါဖုန္းသည္ စာတိုေပးပို႔ျခင္းအျပင္ ဓါတ္ပုံ႐ိုက္ျခင္း၊ ဗီဒီယို႐ိုက္ျခင္းမ်ားအျပင္ သာမန္ဖုန္းတစ္လုံးတြင္ ေတြ႕ျမင္ႏိုင္ေသာ အပ္ပ္အားလုံးကို အသုံးျပဳႏိုင္ေၾကာင္းလည္း သိရသည္။ Arun Maini “ဒီလိုကမာၻ႔အႀကီးဆုံး ဖုန္းကို ဖန္တီးႏိုင္ခဲ့တဲ့အတြက္ တကယ္ကို ဝမ္းသာမိပါတယ္။ အရင္တုန္းက ဘယ္သူမွမလုပ္ခဲ့ဖူးတဲ့အရာကို လုပ္ေဆာင္ႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္တို႔တစ္ဖြဲ႕လုံးအတြက္လည္း ဂုဏ္ယူမိပါတယ္” ဟု ေျပာခဲ့သည္။

Arun Maini သည္ ၂၀၁၁ ခုႏွစ္တြင္ YouTuber အျဖစ္ စတင္လုပ္ကိုင္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ၎၏နည္းပညာ သုံးသပ္ခ်က္မ်ားေၾကာင့္ တျဖည္းျဖည္းနာမည္ႀကီးလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.