စစ်ရေးအရ နယ်မြေတချို့ကို လွှမ်းမိုးနိုင်သော်လည်း နိုင်ငံရေးအာဏာ အမှန်တကယ် ရ၊ မရ ဗိုလ်မှူးကြီးခွန်ဥက္ကာ မေးခွန်းထုတ်

 5988

မြူနစ် (NP News) - စက်တင်ဘာ ၁၂

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့အနေဖြင့် စစ်ရေးအရ နယ်မြေတချို့ကို လွှမ်းမိုးထိန်းချုပ်နိုင်သော်လည်း နိုင်ငံရေးအာဏာ အမှန်တကယ်ရရှိခြင်း ရှိ၊ မရှိကို ဗိုလ်မှူးကြီးခွန်ဥက္ကာက မေးခွန်းထုတ်ထားသည်။

လက်ရှိတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော MNDAA၊ TNLA၊ AA နှင့် KIA အဖွဲ့တို့သည် တိုက်ပွဲများ ဖော်ဆောင်ကာ နယ်မြေတချို့ကို ထိန်းချုပ်နိုင်နေသည့်သဘောတွင် ရှိနေသည်။

ယင်းကဲ့သို့အခြေအနေများနှင့်ပတ်သက်၍ NP News က PNLO အဖွဲ့၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းကြည့်ရာ တွင် ၎င်းက လက်နက်ကိုင်အဖွဲ့များအနေဖြင့် မြေပြင်ကို ထိန်းချုပ်ထားသော်လည်း အချုပ်အခြာအာဏာပိုင်သွားပြီဟု ပြောဆို၍ မရကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

“ကျွန်တော်တို့က မြေပြင်မှာ လက်တွေ့လုပ်နေပါတယ်။ မြေပြင်ကို အဲဒီလိုထိန်းချုပ်ထားတဲ့အတွက် အချုပ်အခြာအာဏာပိုင်သွားပြီလို့ ပြောလို့မရဘူး။ အချုပ်အခြာအာဏာပိုင်တယ်ဆိုတာက နိုင်ငံရေးစကားဖြစ်တယ်။ နိုင်ငံတကာအသိအမှတ်ပြုမှု၊ နိုင်ငံတကာနဲ့ ဒေသတွင်းပေါ့ဗျာ။ ဥပမာ-အာဆီယံလိုပေါ့။ ဒီလိုဒေသတွင်းအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂတွေ ဒီအဖွဲ့အစည်းတွေက အသိအမှတ်ပြုမှ အချုပ်အခြာ အာဏာပိုင်တဲ့ ထိန်းချုပ်မှုလို့ ပြောရမယ်။ စစ်ရေးအရ အကြောင်းကြောင်းကြောင့် နယ်မြေတချို့ကို လွှမ်းမိုးထိန်းချုပ်နိုင်ပေမယ့် နိုင်ငံရေးအာဏာ တကယ်ရ၊ မရဆိုတာ ကျွန်တော်တို့က နောက်ထပ်မေးခွန်းတစ်ခုပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် နယ်မြေတချို့အား လက်လွှတ်လိုက်ရသည့်အခြေအနေမျိုး ရှိကောင်းရှိနေနိုင်သော်လည်း အချုပ်အခြာအာဏာကို ၎င်းတို့ကသာ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း PNLO ဦးဆောင်နာယကက ဆိုသည်။

“အဲဒီတော့ ကျွန်တော်တို့က နယ်မြေထိန်းချုပ်တာနဲ့ တရားဝင်မှုနဲ့က နည်းနည်းလေးကွာသေးတယ်ဆိုတာ ပြောပြချင်ပါတယ်။ နယ်မြေဆုံးရှုံးတာတော့ ဖြစ်ကောင်းဖြစ်မယ်။ လက်ရှိကတော့ အချုပ်အခြာအာဏာကို သုံးနေတာကတော့ လက်ရှိ SAC ပဲ ဖြစ်နေသေးတယ်။ အဲဒါကတော့ စဉ်းစားစရာဖြစ်တာပေါ့”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများကို နစကအစိုးရ၏ မြို့တချို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

ထို့ပြင် ၎င်း(၃)ဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း ထပ်မံဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကာလတွင်လည်း လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ လားရှိုးမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။၎င်းကဲ့သို့ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် မြို့များကို နစက၏ တပ်မတော်ဘက်ကလည်း လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်မှုများရှိနေသည်။

zawgyi version
စစ္ေရးအရ နယ္ေျမတခ်ိဳ႕ကို လႊမ္းမိုးႏိုင္ေသာ္လည္း ႏိုင္ငံေရးအာဏာ အမွန္တကယ္ ရ၊ မရ ဗိုလ္မႉးႀကီးခြန္ဥကၠာ ေမးခြန္းထုတ္
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၂

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တခ်ိဳ႕အေနျဖင့္ စစ္ေရးအရ နယ္ေျမတခ်ိဳ႕ကို လႊမ္းမိုးထိန္းခ်ဳပ္ႏိုင္ေသာ္လည္း ႏိုင္ငံေရးအာဏာ အမွန္တကယ္ရရွိျခင္း ရွိ၊ မရွိကို ဗိုလ္မႉးႀကီးခြန္ဥကၠာက ေမးခြန္းထုတ္ထားသည္။

လက္ရွိတြင္ ႏိုင္ငံအတြင္းရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေသာ MNDAA၊ TNLA၊ AA ႏွင့္ KIA အဖြဲ႕တို႔သည္ တိုက္ပြဲမ်ား ေဖာ္ေဆာင္ကာ နယ္ေျမတခ်ိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ေနသည့္သေဘာတြင္ ရွိေနသည္။

ယင္းကဲ့သို႔အေျခအေနမ်ားႏွင့္ပတ္သက္၍ NP News က PNLO အဖြဲ႕၏ ဦးေဆာင္နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာကို ဆက္သြယ္ေမးျမန္းၾကည့္ရာ တြင္ ၎က လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ေျမျပင္ကို ထိန္းခ်ဳပ္ထားေသာ္လည္း အခ်ဳပ္အျခာအာဏာပိုင္သြားၿပီဟု ေျပာဆို၍ မရေၾကာင္း ျပန္လည္တုံ႔ျပန္ခဲ့သည္။

“ကြၽန္ေတာ္တို႔က ေျမျပင္မွာ လက္ေတြ႕လုပ္ေနပါတယ္။ ေျမျပင္ကို အဲဒီလိုထိန္းခ်ဳပ္ထားတဲ့အတြက္ အခ်ဳပ္အျခာအာဏာပိုင္သြားၿပီလို႔ ေျပာလို႔မရဘူး။ အခ်ဳပ္အျခာအာဏာပိုင္တယ္ဆိုတာက ႏိုင္ငံေရးစကားျဖစ္တယ္။ ႏိုင္ငံတကာအသိအမွတ္ျပဳမႈ၊ ႏိုင္ငံတကာနဲ႔ ေဒသတြင္းေပါ့ဗ်ာ။ ဥပမာ-အာဆီယံလိုေပါ့။ ဒီလိုေဒသတြင္းအဖြဲ႕အစည္းေတြ၊ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ၊ ကုလသမဂၢေတြ ဒီအဖြဲ႕အစည္းေတြက အသိအမွတ္ျပဳမွ အခ်ဳပ္အျခာ အာဏာပိုင္တဲ့ ထိန္းခ်ဳပ္မႈလို႔ ေျပာရမယ္။ စစ္ေရးအရ အေၾကာင္းေၾကာင္းေၾကာင့္ နယ္ေျမတခ်ိဳ႕ကို လႊမ္းမိုးထိန္းခ်ဳပ္ႏိုင္ေပမယ့္ ႏိုင္ငံေရးအာဏာ တကယ္ရ၊ မရဆိုတာ ကြၽန္ေတာ္တို႔က ေနာက္ထပ္ေမးခြန္းတစ္ခုေပါ့” ဟု ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

လက္ရွိတြင္ နစကအစိုးရအေနျဖင့္ နယ္ေျမတခ်ိဳ႕အား လက္လႊတ္လိုက္ရသည့္အေျခအေနမ်ိဳး ရွိေကာင္းရွိေနႏိုင္ေသာ္လည္း အခ်ဳပ္အျခာအာဏာကို ၎တို႔ကသာ ဆက္လက္က်င့္သုံးေနဆဲျဖစ္ေၾကာင္း PNLO ဦးေဆာင္နာယကက ဆိုသည္။

“အဲဒီေတာ့ ကြၽန္ေတာ္တို႔က နယ္ေျမထိန္းခ်ဳပ္တာနဲ႔ တရားဝင္မႈနဲ႔က နည္းနည္းေလးကြာေသးတယ္ဆိုတာ ေျပာျပခ်င္ပါတယ္။ နယ္ေျမဆုံးရႈံးတာေတာ့ ျဖစ္ေကာင္းျဖစ္မယ္။ လက္ရွိကေတာ့ အခ်ဳပ္အျခာအာဏာကို သုံးေနတာကေတာ့ လက္ရွိ SAC ပဲ ျဖစ္ေနေသးတယ္။ အဲဒါကေတာ့ စဥ္းစားစရာျဖစ္တာေပါ့”ဟု ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ျဖစ္သည့္ MNDAA၊ TNLA ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔သည္ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာ ၂၇ ရက္ေန႔တြင္ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တိုက္ပြဲမ်ားကို နစကအစိုးရ၏ ၿမိဳ႕တခ်ိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။

ထို႔ျပင္ ၎(၃)ဖြဲ႕က ၂၀၂၄ ခုႏွစ္အတြင္း ထပ္မံေဖာ္ေဆာင္သည့္ ၁၀၂၇ စစ္ဆင္ေရးအပိုင္း(၂)ကာလတြင္လည္း လားရႈိးရွိ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ကို တိုက္ခိုက္သိမ္းပိုက္ကာ လားရႈိးၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။၎ကဲ့သို႔ လက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္ထားသည့္ ၿမိဳ႕မ်ားကို နစက၏ တပ္မေတာ္ဘက္ကလည္း ေလေၾကာင္းျဖင့္ ျပန္လည္တိုက္ခိုက္မႈမ်ားရွိေနသည္။

Related news

© 2021. All rights reserved.