TNLA အကျအဆုံးများနေသော တောင်ခမ်းတိုက်ပွဲတွင် TNLA ယူနီဖောင်း ဝတ်ထားသူများအနက် ပလောင်အရေအတွက်မှာနည်းပါးပြီး PDF အများစု ပါဝင်နေ
37628
သုတကျော် (NP News) - စက်တင်ဘာ ၁၂
TNLA အကျအဆုံး များနေသော တောင်ခမ်းတိုက်ပွဲတွင် TNLA ယူနီးဖောင်း ဝတ်ထားသူများအနက် ပလောင်အရေအတွက်မှာနည်းပါးပြီး PDF အများစု ပါဝင်နေကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် သိရှိစောင့်ကြည့်နေသော သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
နောင်ချိုမြို့နယ်က တောင်ခမ်းကျေးရွာအနီး တပ်မတော်စခန်းများကို TNLA က တိုက်ခိုက်နေသည့် တစ်လကျော်ကာလအတွင်း TNLA ဘက်က အကျအဆုံး များပြားနေခြင်း ဖြစ်သည်။ “တောင်ခမ်းကို စစ်ဆင်ရေး ဆင်တာက ကျွန်တော်တို့ မျက်စိနဲ့မြင်တာပေါ့နော်။ အနီးအနားက ရွာတွေကလည်း ပြောပြတာရောပေါ့။ TNLA ကတော့ နည်းတယ်။ TNLA ရဲ့ ဗိုလ်ကြီးတို့ ဘာတို့ပေါ့။ ပြီးတော့ (ဗမာ) PDF တွေ ပါတယ်။ ယူနီဖောင်း လဲထားတာပေါ့။ ရပ်စောက်နားမှာ ရှိတဲ့ ဓနု PDF တွေပါတယ်။ နောင်ချိုနားမှာ ရှိတဲ့ PDF တွေ ပါတယ်။ MNDAA က အနည်းငယ်ပါတယ်။ အဲဒီလို ပူးပေါင်း အဖွဲ့နဲ့ ထိုးစစ်ဆင်တယ်”ဟု ၎င်းက ဆိုသည်။
တောင်ခမ်း ဖြစ်စဉ်တွင် AA ပါသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အဆိုပါ အချက်မှာမူ အတည်ပြုရန် ခက်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ “Dead Body ကတော့ TNLA ဝတ်စုံနဲ့တော့ မြင်ရတာများပါတယ်” ဟု အ ထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ သိရှိရသော အခြေအနေအရ တောင်ခမ်းတွင် အများဆုံးတိုက်ပွဲဝင်နေသော တပ်ဖွဲ့ မှာ PDF များဟု သိရကြောင်းလည်း ၎င်းက ဆိုသည်။
“TNLA ဝတ်စုံဝတ်ထားပြီးတော့ ဗမာစကားပြောပြီး ဗမာမျက်နှာတွေနော်။ အဲဒီလိုပဲ သိတယ်။ မြင်လည်း မြင်နေရတယ်”ဟု ၎င်းက ထပ်မံ ရှင်းလင်း ပြောကြားသည်။ NP News က သိရသော သတင်းအချက်အလက်များအရ တပ်မတော်အနေဖြင့် တောင်ခမ်း မကျရေး အားသွန်ခွန်စိုက် တိုက်ပွဲဝင်၊ ဖြည့်တင်းမှုများ ဆောင်ရွက်နေကာ တပ်မတော်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် TNLA ဘက်မှ အကျအဆုံး များပြားကြောင်းလည်း သိရသည်။
တောင်ခမ်းသည် TNLA အတွက် အရေးပါသော စစ်မျက်နှာဖြစ်ပြီး တပ်မ တော်အတွက်လည်း အရေးပါသော နေရာဖြစ်သည်။
zawgyi version
TNLA အက်အဆုံးမ်ားေနေသာ ေတာင္ခမ္းတိုက္ပြဲတြင္ TNLA ယူနီေဖာင္း ဝတ္ထားသူမ်ားအနက္ ပေလာင္အေရအတြက္မွာနည္းပါးၿပီး PDF အမ်ားစု ပါဝင္ေန
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၂
TNLA အက်အဆုံး မ်ားေနေသာ ေတာင္ခမ္းတိုက္ပြဲတြင္ TNLA ယူနီးေဖာင္း ဝတ္ထားသူမ်ားအနက္ ပေလာင္အေရအတြက္မွာနည္းပါးၿပီး PDF အမ်ားစု ပါဝင္ေနေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ အေသးစိတ္ သိရွိေစာင့္ၾကည့္ေနေသာ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ေနာင္ခ်ိဳၿမိဳ႕နယ္က ေတာင္ခမ္းေက်း႐ြာအနီး တပ္မေတာ္စခန္းမ်ားကို TNLA က တိုက္ခိုက္ေနသည့္ တစ္လေက်ာ္ကာလအတြင္း TNLA ဘက္က အက်အဆုံး မ်ားျပားေနျခင္း ျဖစ္သည္။ “ေတာင္ခမ္းကို စစ္ဆင္ေရး ဆင္တာက ကြၽန္ေတာ္တို႔ မ်က္စိနဲ႔ျမင္တာေပါ့ေနာ္။ အနီးအနားက ႐ြာေတြကလည္း ေျပာျပတာေရာေပါ့။ TNLA ကေတာ့ နည္းတယ္။ TNLA ရဲ႕ ဗိုလ္ႀကီးတို႔ ဘာတို႔ေပါ့။ ၿပီးေတာ့ (ဗမာ) PDF ေတြ ပါတယ္။ ယူနီေဖာင္း လဲထားတာေပါ့။ ရပ္ေစာက္နားမွာ ရွိတဲ့ ဓႏု PDF ေတြပါတယ္။ ေနာင္ခ်ိဳနားမွာ ရွိတဲ့ PDF ေတြ ပါတယ္။ MNDAA က အနည္းငယ္ပါတယ္။ အဲဒီလို ပူးေပါင္း အဖြဲ႕နဲ႔ ထိုးစစ္ဆင္တယ္”ဟု ၎က ဆိုသည္။
ေတာင္ခမ္း ျဖစ္စဥ္တြင္ AA ပါသည္ဟု သတင္းထြက္ေပၚေနေသာ္လည္း အဆိုပါ အခ်က္မွာမူ အတည္ျပဳရန္ ခက္ေနဆဲျဖစ္ေၾကာင္း ၎ကဆိုသည္။ “Dead Body ကေတာ့ TNLA ဝတ္စုံနဲ႔ေတာ့ ျမင္ရတာမ်ားပါတယ္” ဟု အ ထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ သိရွိရေသာ အေျခအေနအရ ေတာင္ခမ္းတြင္ အမ်ားဆုံးတိုက္ပြဲဝင္ေနေသာ တပ္ဖြဲ႕ မွာ PDF မ်ားဟု သိရေၾကာင္းလည္း ၎က ဆိုသည္။
“TNLA ဝတ္စုံဝတ္ထားၿပီးေတာ့ ဗမာစကားေျပာၿပီး ဗမာမ်က္ႏွာေတြေနာ္။ အဲဒီလိုပဲ သိတယ္။ ျမင္လည္း ျမင္ေနရတယ္”ဟု ၎က ထပ္မံ ရွင္းလင္း ေျပာၾကားသည္။ NP News က သိရေသာ သတင္းအခ်က္အလက္မ်ားအရ တပ္မေတာ္အေနျဖင့္ ေတာင္ခမ္း မက်ေရး အားသြန္ခြန္စိုက္ တိုက္ပြဲဝင္၊ ျဖည့္တင္းမႈမ်ား ေဆာင္႐ြက္ေနကာ တပ္မေတာ္၏ တန္ျပန္တိုက္ခိုက္မႈေၾကာင့္ TNLA ဘက္မွ အက်အဆုံး မ်ားျပားေၾကာင္းလည္း သိရသည္။
ေတာင္ခမ္းသည္ TNLA အတြက္ အေရးပါေသာ စစ္မ်က္ႏွာျဖစ္ၿပီး တပ္မ ေတာ္အတြက္လည္း အေရးပါေသာ ေနရာျဖစ္သည္။