စားအုန်းဆီ စာအုပ်ဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ် (၄၄)ခုတွင် စတင်ရောင်းချ

 1191

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၁၂

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၄၄)မြို့နယ်မှ ရပ်ကွက်/ကျေးရွာများတွင် စားသုံးဆီဝယ်ယူခွင့်ကို စာအုပ်ပြုလုပ်ပေး၍ ထုတ်ယူရက်သတ်မှတ်ကာ ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

စာအုပ်ဖြင့် စားသုံးဆီဝယ်ယူခွင့်ကို အချို့သော ရပ်ကွက်၊ ကျေးရွာများတွင် စတင်ဆောင်ရွက်နေပြီး အချို့ ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ (၁ဝ)ရက်လျှင် တစ်ကြိမ်၊ တစ်ခါဝယ်ယူလျှင် တစ်ပိဿာနှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် တစ်လ (၃)ပိဿာဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

“စားသုံးဆီ တင်သွင်းလာတဲ့ ကုမ္ပဏီတွေကနေပြီးတော့ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အားလုံးကို လူဦးရေလိုအပ်ချက်အတိုင်း စားသုံးဆီတွေကို ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင်လည်း door to door စနစ်နဲ့ အိမ်အရောက်ဖြန့်ဖြူးရောင်းချတဲ့စနစ်ကိုလည်း စတင်လုပ်နေတယ်။ အခုက ထပ်ပြီးတော့ စားသုံးသူတွေလက်ဝယ်ကို အမှန်တကယ် ရောက်ရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်စုတွေအားလုံးရသွားအောင် ကျွန်တော်တို့ ဆီဝယ်ယူခွင့်စာအုပ်လေးတွေကို သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကတဆင့် ပြုလုပ်ပေးပြီးတော့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ကြီးကြပ်မှုနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုစက်တင်ဘာလဆန်းပိုင်းမှစတင်ကာ ယခင်ကဲ့သို့ အိမ်ထောင်စုစာရင်းပြ၍ ဝယ်ယူမှုကို ရပ်နားလိုက်ပြီး ဝယ်ယူခွင့်စာအုပ်ဖြင့်သာ ထုတ်ယူရမည်ဖြစ်သည်။

ဆီစာအုပ်များကို တဆင့်ရောင်းချခြင်း၊ ပေါင်နှံခြင်းများ လုံးဝမပြုလုပ်ရမည့်အပြင် အိမ်ထောင်စုတစ်စုလျှင် ဆီစာအုပ်တစ်အုပ်သာ ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပြီး စားသုံးဆီဝယ်ယူခြင်းကိုလည်း သတ်မှတ်ထားသည့် ရက်အလိုက်ဝယ်ယူရန်နှင့် စာအုပ်ပျက်စီးပျောက်ဆုံးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူးများထံသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။ စာအုပ်ပြုလုပ်ရာ၌ ဧည့်စာရင်းဖြင့်နေထိုင်သူဖြစ်ပါက ဧည့်စာရင်းစာရွက်မိတ္တူ၊ သန်းခေါင်းစာရင်းဖြင့် နေထိုင်သူဖြစ်ပါက သန်းခေါင်စာရင်းစာရွက်မိတ္တူ တို့ကို စာအုပ်၏ ပထမစာမျက်နှာတွင် တွဲချုပ်ပေးထားမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပေးမည်ဖြစ်သည်။

ဆီလာရောက် ထုတ်ယူချိန်၌ ထုတ်ယူသူအမည်၊ လာရောက်ထုတ်ယူချိန်နှင့် ဆီထုတ်ယူကြောင်းကို သက်ဆိုင်ရာမှ တံဆိပ်နှိပ်ပေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ပြန်လည်ဝယ်ယူရမည့် ရက်စွဲ နှင့် လက်မှတ် စသည်တို့ကို ထုနှိပ်ပေးမှာ ဖြစ်ကြောင်း သိရသည်။

zawgyi version
စားအုန္းဆီ စာအုပ္ျဖင့္ ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္ (၄၄)ခုတြင္ စတင္ေရာင္းခ်
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၁၂

ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ေပါင္း (၄၄)ၿမိဳ႕နယ္မွ ရပ္ကြက္/ေက်း႐ြာမ်ားတြင္ စားသုံးဆီဝယ္ယူခြင့္ကို စာအုပ္ျပဳလုပ္ေပး၍ ထုတ္ယူရက္သတ္မွတ္ကာ ေရာင္းခ်ေပးေနေၾကာင္း ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

စာအုပ္ျဖင့္ စားသုံးဆီဝယ္ယူခြင့္ကို အခ်ိဳ႕ေသာ ရပ္ကြက္၊ ေက်း႐ြာမ်ားတြင္ စတင္ေဆာင္႐ြက္ေနၿပီး အခ်ိဳ႕ ရပ္ကြက္၊ ေက်း႐ြာမ်ားတြင္ ေဆာင္႐ြက္ေနဆဲျဖစ္ေၾကာင္း၊ (၁ဝ)ရက္လွ်င္ တစ္ႀကိမ္၊ တစ္ခါဝယ္ယူလွ်င္ တစ္ပိႆာႏႈန္းျဖင့္ အိမ္ေထာင္စု တစ္စုလွ်င္ တစ္လ (၃)ပိႆာျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

“စားသုံးဆီ တင္သြင္းလာတဲ့ ကုမၸဏီေတြကေနၿပီးေတာ့ ရန္ကုန္တိုင္းအပါအဝင္ တိုင္းနဲ႔ျပည္နယ္အားလုံးကို လူဦးေရလိုအပ္ခ်က္အတိုင္း စားသုံးဆီေတြကို ျဖန႔္ျဖဴးေရာင္းခ်ေပးေနပါတယ္။ ရန္ကုန္တိုင္းမွာဆိုရင္လည္း door to door စနစ္နဲ႔ အိမ္အေရာက္ျဖန႔္ျဖဴးေရာင္းခ်တဲ့စနစ္ကိုလည္း စတင္လုပ္ေနတယ္။ အခုက ထပ္ၿပီးေတာ့ စားသုံးသူေတြလက္ဝယ္ကို အမွန္တကယ္ ေရာက္ရွိေအာင္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ အိမ္ေထာင္စုေတြအားလုံးရသြားေအာင္ ကြၽန္ေတာ္တို႔ ဆီဝယ္ယူခြင့္စာအုပ္ေလးေတြကို သက္ဆိုင္ရာ ေက်း႐ြာ၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးေတြကတဆင့္ ျပဳလုပ္ေပးၿပီးေတာ့ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ႀကီးၾကပ္မႈနဲ႔ေဆာင္႐ြက္ေနတာျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

စားသုံးသူေရးရာဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းပူးေပါင္း၍ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး ယခုစက္တင္ဘာလဆန္းပိုင္းမွစတင္ကာ ယခင္ကဲ့သို႔ အိမ္ေထာင္စုစာရင္းျပ၍ ဝယ္ယူမႈကို ရပ္နားလိုက္ၿပီး ဝယ္ယူခြင့္စာအုပ္ျဖင့္သာ ထုတ္ယူရမည္ျဖစ္သည္။

ဆီစာအုပ္မ်ားကို တဆင့္ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္းမ်ား လုံးဝမျပဳလုပ္ရမည့္အျပင္ အိမ္ေထာင္စုတစ္စုလွ်င္ ဆီစာအုပ္တစ္အုပ္သာ ပိုင္ဆိုင္ခြင့္ရရွိမည္ျဖစ္ၿပီး စားသုံးဆီဝယ္ယူျခင္းကိုလည္း သတ္မွတ္ထားသည့္ ရက္အလိုက္ဝယ္ယူရန္ႏွင့္ စာအုပ္ပ်က္စီးေပ်ာက္ဆုံးပါက သက္ဆိုင္ရာ ရပ္ကြက္အုပ္ ခ်ဳပ္ေရးမႉးမ်ားထံသို႔ အေၾကာင္းၾကားရမည္ျဖစ္ေၾကာင္း သိရသည္။ စာအုပ္ျပဳလုပ္ရာ၌ ဧည့္စာရင္းျဖင့္ေနထိုင္သူျဖစ္ပါက ဧည့္စာရင္းစာ႐ြက္မိတၱဴ၊ သန္းေခါင္းစာရင္းျဖင့္ ေနထိုင္သူျဖစ္ပါက သန္းေခါင္စာရင္းစာ႐ြက္မိတၱဴ တို႔ကို စာအုပ္၏ ပထမစာမ်က္ႏွာတြင္ တြဲခ်ဳပ္ေပးထားမည္ျဖစ္ၿပီး အုပ္ခ်ဳပ္ေရးမႉးက မွန္ကန္ေၾကာင္း လက္မွတ္ေရးထိုးေပးမည္ျဖစ္သည္။

ဆီလာေရာက္ ထုတ္ယူခ်ိန္၌ ထုတ္ယူသူအမည္၊ လာေရာက္ထုတ္ယူခ်ိန္ႏွင့္ ဆီထုတ္ယူေၾကာင္းကို သက္ဆိုင္ရာမွ တံဆိပ္ႏွိပ္ေပးမည္ျဖစ္ၿပီး ဒုတိယအႀကိမ္ ျပန္လည္ဝယ္ယူရမည့္ ရက္စြဲ ႏွင့္ လက္မွတ္ စသည္တို႔ကို ထုႏွိပ္ေပးမွာ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.