ရုရှားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်များပေးပို့ကူညီတာမျိုးမရှိဟု အီရန်အစိုးရပြော

 207

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂

အီရန်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်စနစ်များ ကူညီထောက်ပံ့ပေးခြင်းမရှိကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အီရန်နိုင်ငံက အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့သတင်းအချက်အလက်ထောက်လှမ်းရေးပိုင်းဟာ အမှားယွင်းတွေရှိနေကြောင်း၊ ၎င်းတို့ စွပ်စွဲဖော်ပြမှုတွေဟာမှန်ကန်မှုမရှိကြောင်း ပြောပါတယ်။ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေက အီရန်နိုင်ငံကို ရုရှားနိုင်ငံထံ ပဲ့ထိန်းဒုံးကျည်များ သင်္ဘောနဲ့ပေးပို့နေခြင်းများအတွက် ပိတ်ဆို့မှုတွေချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက အီရန်နိုင်ငံဟာ Fath-360 အမျိုးအစား တာတိုပစ်ဒုံးကျည်များကို ရုရှားနိုင်ငံထံ ပေးပို့ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရရဲ့စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပြီးနောက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတို့ကလည်း အမေရိကန်အစိုးရက ပိတ်ဆို့မှုချမှတ်ခဲ့တဲ့ အီရန်လေကြောင်းလိုင်း Iran Air နဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

အီရန်နိုင်ငံကုမ္ပဏီတွေ၊ စစ်သင်္ဘောတွေ နဲ့ လူပုဂ္ဂိုလ်တွေဟာ ရုရှားကို ဒုံးကျည်များပေးပို့ရာမှာ ပါဝင်ဆက်နွှယ်ခဲ့ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက "အီရန်ဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ လွှဲပြောင်းပေးခဲ့တာမရှိဘူး၊ ပိတ်ဆို့မှုဟာ အဖြေမဟုတ်ဘူး၊ ပြသာနာရဲ့အစိတ်အပိုင်းသာဖြစ်တယ်"လို့ ပြောပါတယ်။ Fath-360 ဒုံးကျည်တွေဟာ အကွာအဝေး ၁၂၀ ကီလိုမီ တာအထိ ရောက်ရှိပစ်ခတ်နိုင်ပြီး အမေရိကန်နိုင်ငံထုတ် HIMARS စနစ်နဲ့တူညီကြောင်းသိရပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံကို ပဲ့ထိန္းဒုံးက်ည္မ်ားေပးပို႔ကူညီတာမ်ိဳးမရွိဟု အီရန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - စက္တင်ဘာ ၁၂

အီရန္ႏိုင္ငံအေနနဲ႔ ႐ုရွားႏိုင္ငံကို ပဲ့ထိန္းဒုံးက်ည္စနစ္မ်ား ကူညီေထာက္ပံ့ေပးျခင္းမရွိေၾကာင္း အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အီရန္ႏိုင္ငံက အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕သတင္းအခ်က္အလက္ေထာက္လွမ္းေရးပိုင္းဟာ အမွားယြင္းေတြရွိေနေၾကာင္း၊ ၎တို႔ စြပ္စြဲေဖာ္ျပမႈေတြဟာမွန္ကန္မႈမရွိေၾကာင္း ေျပာပါတယ္။ အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြက အီရန္ႏိုင္ငံကို ႐ုရွားႏိုင္ငံထံ ပဲ့ထိန္းဒုံးက်ည္မ်ား သေဘၤာနဲ႔ေပးပို႔ေနျခင္းမ်ားအတြက္ ပိတ္ဆို႔မႈေတြခ်မွတ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံျခား ေရးဝန္ႀကီးက အီရန္ႏိုင္ငံဟာ Fath-360 အမ်ိဳးအစား တာတိုပစ္ဒုံးက်ည္မ်ားကို ႐ုရွားႏိုင္ငံထံ ေပးပို႔ခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္အစိုးရရဲ႕စြပ္စြဲခ်က္မ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီႏိုင္ငံတို႔ကလည္း အေမရိကန္အစိုးရက ပိတ္ဆို႔မႈခ်မွတ္ခဲ့တဲ့ အီရန္ေလေၾကာင္းလိုင္း Iran Air နဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြကိုဖ်က္သိမ္းခဲ့ေၾကာင္း သိရပါတယ္။

အီရန္ႏိုင္ငံကုမၸဏီေတြ၊ စစ္သေဘၤာေတြ နဲ႔ လူပုဂၢိဳလ္ေတြဟာ ႐ုရွားကို ဒုံးက်ည္မ်ားေပးပို႔ရာမွာ ပါဝင္ဆက္ႏႊယ္ခဲ့ေၾကာင္း အေမရိကန္အစိုးရက ေျပာပါတယ္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက "အီရန္ဟာ ႐ုရွားကို ပဲ့ထိန္းဒုံးက်ည္ေတြ လႊဲေျပာင္းေပးခဲ့တာမရွိဘူး၊ ပိတ္ဆို႔မႈဟာ အေျဖမဟုတ္ဘူး၊ ျပသာနာရဲ႕အစိတ္အပိုင္းသာျဖစ္တယ္"လို႔ ေျပာပါတယ္။ Fath-360 ဒုံးက်ည္ေတြဟာ အကြာအေဝး ၁၂၀ ကီလိုမီ တာအထိ ေရာက္ရွိပစ္ခတ္ႏိုင္ၿပီး အေမရိကန္ႏိုင္ငံထုတ္ HIMARS စနစ္နဲ႔တူညီေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.