နှစ်ပေါင်း(၂၇၀ဝ) သက်တမ်းရှိ ရှေးဟောင်းပစ္စည်းတစ်ခုကို ဂျေရုဆလင်မြို့မှာ တူးဖော်တွေ့ရှိ

 888

Pika (NP News) - စက်တင်ဘာ ၁၃

ရှေးဟောင်းသုတေသနပညာရှင်များသည် အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တွင် အလွန်ရှားပါးပြီး ပုံမှန်တွေ့မြင်နေကျမဟုတ်သော ရှေးဟောင်း ကျောက်အဆောင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့ (IAA) ၏ ဒါရိုက်တာများဖြစ်သည့် Yuval Baruch နှင့် Navot Rom က “အနက်ရောင် ကျောက်တုံးနဲ့ပြုလုပ်ထားတဲ့ ဒီပစ္စည်းဟာ ရှေး ဟောင်းဂျေရုဆလင်မှာ တူးဖော်ရှာဖွေတွေ့ရှိသမျှ ထဲမှာ အလှပဆုံးအရာတစ်ခုပါ” ဟုပြောဆိုခဲ့ကြသည်။ အစ္စရေး ရှေးဟောင်း ပစ္စည်း အာဏာပိုင်အဖွဲ့ နှင့် ဒေးဗစ်ဖောင်ဒေးရှင်းတို့က ဒေးဗစ်ဆန် ရှေးဟောင်းသုတေသန ဥယျာဉ်တွင် ပူးပေါင်းကာ တူးဖော်မှုများပြုလုပ်နေစဉ် အဆိုပါရှေးဟောင်း ကျောက်တုံးအဆောင်ကို ရှာဖွေတွေ့ရှိခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းကျောက်တုံးအဆောင်သည် နှစ်ပေါင်း(၂၇၀ဝ)ခန့် သက်တမ်းရှိမည်ဟု ခန့်မှန်းထားကြပြီး အစ္စရေးနိုင်ငံတွင်းတွင် တူးဖော်မှု များစတင်ခဲ့သည့် အချိန် တည်းက လက်ရှိအချိန်အထိ ရှေးအကျဆုံးပစ္စည်းကို ရှာဖွေတွေ့ရှိ ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရှေးဟောင်းကျောက်တုံးပေါ်တွင် ဘီစီ(၆) ရာစု နှင့် (၁၀)ရာစု ကြားတွင်နေထိုင်ခဲ့ပုံပေါ်သော အထင် ကရပုဂ္ဂိုလ်နှစ်ဦးကို ရည်ညွှန်းကာ ''Le Yehoʼezer ben Hoshʼayahu" ဆိုသည့်စာလုံးကို paleo-Hebrew စကားစုဖြင့် ရေးထိုးထားကြောင်းလည်း သိရသည်။ ထို့ပြင် အနက်ရောင်ကျောက်တုံးတွင် အပေါက်တစ်ခုလည်း ပါရှိပြီး ကြိုးသို့မဟုတ် သံကြိုးဖြင့်ချည်ရသည့် အရာတစ်ခုဖြစ်ကြောင်းလည်း ရှေးဟောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ အဆိုပါ အနက်ရောင်ကျောက်တုံးသည် စာရွက်စာတမ်းများကို လက်မှတ်ထိုးရန်အသုံးပြုပြီး လည်ပင်းတစ်ဝိုက်တွင် အကာအကွယ်တံဆိပ်အဖြစ် ဝတ်ဆင်ရပုံပေါ်ပြီး အဆင့်မြင့်အရာရှိတစ်ဦးက ပိုင်ဆိုင်ခဲ့ပုံပေါ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ထားကြသည်။ IAA ရှေးဟောင်းသုတေသန ပညာရှင်နှင့် Assyriologist ဒေါက်တာ Filip Vukosavovic က “ ဒါက အလွန်ရှားပါးပြီး ပုံမှန် တွေ့မြင်နေကျမဟုတ်တဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုပါ” ဟု ပြောဆိုခဲ့သည်။

zawgyi version
ႏွစ္ေပါင္း(၂၇၀ဝ) သက္တမ္းရွိ ေရွးေဟာင္းပစၥည္းတစ္ခုကို ေဂ်႐ုဆလင္ၿမိဳ႕မွာ တူးေဖာ္ေတြ႕ရွိ
Pika (NP News) - စက္တင္ဘာ ၁၃

ေရွးေဟာင္းသုေတသနပညာရွင္မ်ားသည္ အစၥေရးႏိုင္ငံ ေဂ်႐ုဆလင္ၿမိဳ႕တြင္ အလြန္ရွားပါးၿပီး ပုံမွန္ေတြ႕ျမင္ေနက်မဟုတ္ေသာ ေရွးေဟာင္း ေက်ာက္အေဆာင္တစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အစၥေရးေရွးေဟာင္းပစၥည္းအာဏာပိုင္အဖြဲ႕ (IAA) ၏ ဒါ႐ိုက္တာမ်ားျဖစ္သည့္ Yuval Baruch ႏွင့္ Navot Rom က “အနက္ေရာင္ ေက်ာက္တုံးနဲ႔ျပဳလုပ္ထားတဲ့ ဒီပစၥည္းဟာ ေရွး ေဟာင္းေဂ်႐ုဆလင္မွာ တူးေဖာ္ရွာေဖြေတြ႕ရွိသမွ် ထဲမွာ အလွပဆုံးအရာတစ္ခုပါ” ဟုေျပာဆိုခဲ့ၾကသည္။ အစၥေရး ေရွးေဟာင္း ပစၥည္း အာဏာပိုင္အဖြဲ႕ ႏွင့္ ေဒးဗစ္ေဖာင္ေဒးရွင္းတို႔က ေဒးဗစ္ဆန္ ေရွးေဟာင္းသုေတသန ဥယ်ာဥ္တြင္ ပူးေပါင္းကာ တူးေဖာ္မႈမ်ားျပဳလုပ္ေနစဥ္ အဆိုပါေရွးေဟာင္း ေက်ာက္တုံးအေဆာင္ကို ရွာေဖြေတြ႕ရွိခဲ့ ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေရွးေဟာင္းေက်ာက္တုံးအေဆာင္သည္ ႏွစ္ေပါင္း(၂၇၀ဝ)ခန႔္ သက္တမ္းရွိမည္ဟု ခန႔္မွန္းထားၾကၿပီး အစၥေရးႏိုင္ငံတြင္းတြင္ တူးေဖာ္မႈ မ်ားစတင္ခဲ့သည့္ အခ်ိန္ တည္းက လက္ရွိအခ်ိန္အထိ ေရွးအက်ဆုံးပစၥည္းကို ရွာေဖြေတြ႕ရွိ ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ေရွးေဟာင္းေက်ာက္တုံးေပၚတြင္ ဘီစီ(၆) ရာစု ႏွင့္ (၁၀)ရာစု ၾကားတြင္ေနထိုင္ခဲ့ပုံေပၚေသာ အထင္ ကရပုဂၢိဳလ္ႏွစ္ဦးကို ရည္ၫႊန္းကာ ''Le Yehoʼezer ben Hoshʼayahu" ဆိုသည့္စာလုံးကို paleo-Hebrew စကားစုျဖင့္ ေရးထိုးထားေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အနက္ေရာင္ေက်ာက္တုံးတြင္ အေပါက္တစ္ခုလည္း ပါရွိၿပီး ႀကိဳးသို႔မဟုတ္ သံႀကိဳးျဖင့္ခ်ည္ရသည့္ အရာတစ္ခုျဖစ္ေၾကာင္းလည္း ေရွးေဟာင္း သုေတသနပညာရွင္မ်ားက ေျပာၾကားခဲ့သည္။ အဆိုပါ အနက္ေရာင္ေက်ာက္တုံးသည္ စာ႐ြက္စာတမ္းမ်ားကို လက္မွတ္ထိုးရန္အသုံးျပဳၿပီး လည္ပင္းတစ္ဝိုက္တြင္ အကာအကြယ္တံဆိပ္အျဖစ္ ဝတ္ဆင္ရပုံေပၚၿပီး အဆင့္ျမင့္အရာရွိတစ္ဦးက ပိုင္ဆိုင္ခဲ့ပုံေပၚေၾကာင္း ကြၽမ္းက်င္သူမ်ားက ခန႔္မွန္း ထားၾကသည္။ IAA ေရွးေဟာင္းသုေတသန ပညာရွင္ႏွင့္ Assyriologist ေဒါက္တာ Filip Vukosavovic က “ ဒါက အလြန္ရွားပါးၿပီး ပုံမွန္ ေတြ႕ျမင္ေနက်မဟုတ္တဲ့ ရွာေဖြေတြ႕ရွိမႈတစ္ခုပါ” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.