မြန်မာနိုင်ငံရှိ လူကုန်ကူးမှုများသည် အိမ်နီးချင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်ဖြင့် ချိတ်ဆက်နေပြီး ကလေးရောင်းစားမှုပါ ဖြစ်ပွားနေ

 741

ယွန်း (NP News) - စက်တင်ဘာ ၁၄

မြန်မာနိုင်ငံရှိ လူကုန်ကူးမှုများသည် အိမ်နီးချင်း နှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်ဖြင့်ချိတ်ဆက်နေပြီး ကလေးရောင်းစားမှုများပါဖြစ်ပွားနေကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုသည်။

ပြည်ထဲရေးဝန်ကြီးက ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့သို့ပေးပို့သော ၎င်း၏သဝဏ်လွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြော ဆိုထားခြင်းဖြစ်သည်။ လူကုန်ကူးသူများသည် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို အခြေခံကာ Facebook, Wechat, Telegram, Tik Tok များအသုံးပြုပြီး မက်လုံးပေးစည်းရုံး၍ အွန်လိုင်းလိမ်လည်မှုခင်းများ ကျူး လွန်လာကြရာမှ ၎င်းနှင့်ဆက်နွှယ်ပြီး လူကုန်ကူးမှုများကိုလည်း ကျူးလွန်လာကြောင်း သိရသည်။

နှစ်စဉ်ဖြစ်ပွားလျက်ရှိသည့် ကိန်းဂဏန်းများအရ ပြည်တွင်းလူကုန်ကူးမှု ၅၆ ရာခိုင်နှုန်း၊ ပြည်ပလူကုန်ကူးမှု (၄၄)ရာခိုင်နှုန်းဖြစ်ပွားလျက်ရှိပြီး ပြည်တွင်း လူကုန်ကူးမှုတွင် အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှုများ အဓိကဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်ပလူကုန်ကူးမှုအနေဖြင့် အဓမ္မလက်ထပ်ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှု၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ ကလေးရောင်းစားမှု နှင့် အဓမ္မတောင်းရမ်းစေခိုင်းမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“တရားမဝင်လမ်းကြောင်းတွေကနေ ပြည်ပကိုထွက်ကြတယ်။ အဲဒါက လူကုန်ကူးမှုဖြစ်နိုင်တယ်။ မည်သူမဆို တရားမဝင်လမ်းကြောင်းကနေသွားရင်တော့ လူကုန်ကူးမှုဖြစ်နိုင်ခြေရှိတယ်။ သို့သော် တရားဝင်သွားရောက်တဲ့သူတွေလည်းပဲ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆို တရုတ်ပြည်ကို နိုင်ငံကူးလက်မှတ်တွေနဲ့သွားပြီးတော့မှ တရုတ်မယားအဖြစ်နဲ့ရောင်းစားခံရတာမျိုးတွေလည်း ဖြစ်ပေါ်နေပြီ။ တရားမဝင်သွားလို့ဖြစ်နိုင်သလို၊ တရားဝင်သွားလို့လည်း ဖြစ်နိုင်တာပဲ။ လတ်တလောမှာဆိုရင် TikTok တွေမှာတွေ့နေရတယ်။ တရုတ်ပြည်က အထည်ချုပ်မှာ အလုပ်ရမယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ပြီးရင် တရုတ်‌ယောင်္ကျားတွေနဲ့ အဓမ္မပေးစားခံရတာတွေကို တွေ့ရတယ်”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အငြိမ်းစား အရာရှိတစ်ဦးက NP News ကို မှတ်ချက်ပြုပြောကြားသည်။

ပြည်တွင်းလူကုန်ကူးမှုများတွင် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် စသည့်ဒေသများမှ အမျိုးသမီးငယ်များအား လိမ်လည်ခြင်း၊ သွေးဆောင်စည်းရုံးခြင်းဖြင့်စုဆောင်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် (အရှေ့ပိုင်း) ရှိ (မူဆယ်၊ လောက်ကိုင်၊ မိုင်းပေါက်၊ တာချီလိတ်) ဒေသများသို့ပို့ဆောင်ပြီး အဓမ္မပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်းများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် လူကုန်ကူးမှုကျူးလွန်သူများသည် ယခင်က ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် နေပြည်တော် စသည့်ဒေ သများမှ အမျိုးသမီးငယ်များကို လိမ်လည်စုဆောင်း၍ အိမ်နီးချင်းနိုင်ငံများသို့ပို့ဆောင်ခဲ့ကြပြီး ယခုအခါတွင် နယ်စပ်ဒေသရှိ လူကုန်ကူးသူများနှင့် တစ်ဖက်နိုင်ငံရှိ လူပွဲစားများထံသို့ ပို့ဆောင်ရောင်းစားနေသည်ကို တွေ့ရကြောင်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

လက်ရှိတွင် TikTok ကဲ့သို့ Trend များကိုအသုံးပြု၍ လူကုန်ကူးမှုများကို ပုံစံပြောင်းဆောင်ရွက်လာကြပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ဝင်များအနေဖြင့် အဆိုပါပြောင်းလဲလာသည့် ပုံစံများကို သိရှိနေရန်လိုအပ် ကြောင်း အထက်ပါ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှအငြိမ်းစား အရာရှိက အကြံပြုထားသည်။

“လတ်တလောမှာဆိုရင် TikTok တွေမှာတွေ့နေရတယ်။ တရုတ်ပြည်ကအထည်ချုပ်မှာ အလုပ်ရမယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ပြီးရင် တရုတ်‌ ယောင်္ကျားတွေနဲ့ အဓမ္မပေးစားခံရတာတွေကို တွေ့ရတယ်။ ပြည်သူတွေအနေနဲ့ လူကုန်ကူးမှုအသိပညာဗဟုသုတရှိဖို့လိုမယ်။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်လို့ သတင်းအရင်းအမြစ်တွေရှိနေဖို့ လိုတယ်။ သ တင်းအချက်အလက်တွေရနေဖို့လိုတယ်။ ပြီးရင် ပုံစံပြောင်းလဲတဲ့ Trend တွေကိုလည်း တားဆီးနှိမ်နင်းရေးအဖွဲ့ဝင်တွေက သိနေဖို့လိုတယ်။ လူကုန်ကူးခံရပြီးမှ ကယ်တာက တော်တော်ခက်သွားပြီ။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တာတွေနဲ့ ဆောင်ရွက်ရတာ။ ပိုဂရုစိုက်ဖို့လိုတယ်။ အခုက လူကုန်ကူးခံရနိုင်ဖို့အတွက် အခြေအနေတွေက ပိုများလာသလိုဖြစ်လာပြီ။ ထိုင်းဘက်ကိုတရားမဝင်သွားတာတွေ၊ တရုတ်နယ်စပ်ကလည်း အလုပ် သမားတွေ‌ခေါ်နေတယ် အဲဒါတွေက တွန်းအားတွေဖြစ်နေတယ်။ တွန်း အားတွေများလာရင်တော့ လူကုန်ကူးမှုဖြစ်ဖို့ ပိုများလာတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေ/ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်မှု (၆၄)မှုတွင် ထောင်ဒဏ်တစ်သက် (၅)ဦး၊ ထောင်ဒဏ် (၄၀) နှစ် (၂)ဦး၊ ထောင်ဒဏ် (၂၅) နှစ် (၁)ဦး၊ ထောင်ဒဏ် (၂၀) နှစ် (၂၀)ဦး၊ ထောင်ဒဏ် (၁၅) နှစ်နှင့်အောက် (၈၃)ဦးတို့အား ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သဝဏ်လွှာအရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသားများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် အရှေ့အ လယ်ပိုင်းဒေသရှိ နိုင်ငံများသို့ပို့ဆောင်ရန် မက်လုံးပေးစည်းရုံးပြောဆိုပြီး စုဆောင်းခြင်းများကိုလည်း တရားမဝင်ဆောင်ရွက်နေကြပြီး တရားမဝင်ပို့ဆောင်သူများကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင် ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့မှု (၁၉၉) မှုရှိခဲ့ပြီး အမျိူးသား (၁၇၄)ဦး၊ အမျိုးသမီး (၂၀၉)ဦး စုစုပေါင်း (၃၈၃)ဦးအား အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံရွိ လူကုန္ကူးမႈမ်ားသည္ အိမ္နီးခ်င္းႏွင့္ အေရွ႕အလယ္ပိုင္းႏိုင္ငံအခ်ိဳ႕၏ ေဈးကြက္လိုအပ္ခ်က္ျဖင့္ ခ်ိတ္ဆက္ေနၿပီး ကေလးေရာင္းစားမႈပါ ျဖစ္ပြားေန

ယြန္း (NP News) - စက္တင္ဘာ ၁၄

ျမန္မာႏိုင္ငံရွိ လူကုန္ကူးမႈမ်ားသည္ အိမ္နီးခ်င္း ႏွင့္ အေရွ႕အလယ္ပိုင္းႏိုင္ငံအခ်ိဳ႕၏ ေဈးကြက္လိုအပ္ခ်က္ျဖင့္ခ်ိတ္ဆက္ေနၿပီး ကေလးေရာင္းစားမႈမ်ားပါျဖစ္ပြားေနေၾကာင္း ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ဆိုသည္။

ျပည္ထဲေရးဝန္ႀကီးက ၁၂ ႀကိမ္ေျမာက္ ျမန္မာႏိုင္ငံလူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔သို႔ေပးပို႔ေသာ ၎၏သဝဏ္လႊာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာ ဆိုထားျခင္းျဖစ္သည္။ လူကုန္ကူးသူမ်ားသည္ တိုးတက္ေျပာင္းလဲလာသည့္ နည္းပညာမ်ားကို အေျခခံကာ Facebook, Wechat, Telegram, Tik Tok မ်ားအသုံးျပဳၿပီး မက္လုံးေပးစည္း႐ုံး၍ အြန္လိုင္းလိမ္လည္မႈခင္းမ်ား က်ဴး လြန္လာၾကရာမွ ၎ႏွင့္ဆက္ႏႊယ္ၿပီး လူကုန္ကူးမႈမ်ားကိုလည္း က်ဴးလြန္လာေၾကာင္း သိရသည္။

ႏွစ္စဥ္ျဖစ္ပြားလ်က္ရွိသည့္ ကိန္းဂဏန္းမ်ားအရ ျပည္တြင္းလူကုန္ကူးမႈ ၅၆ ရာခိုင္ႏႈန္း၊ ျပည္ပလူကုန္ကူးမႈ (၄၄)ရာခိုင္ႏႈန္းျဖစ္ပြားလ်က္ရွိၿပီး ျပည္တြင္း လူကုန္ကူးမႈတြင္ အဓမၼျပည့္တန္ဆာျပဳမႈ၊ အဓမၼခိုင္းေစမႈမ်ား အဓိကျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ပလူကုန္ကူးမႈအေနျဖင့္ အဓမၼလက္ထပ္ထိမ္းျမားမႈ၊ အဓမၼျပည့္တန္ဆာျပဳမႈ၊ အဓမၼခိုင္းေစမႈ၊ ေႂကြးၿမီျဖင့္ေႏွာင္ဖြဲ႕ခိုင္းေစမႈ၊ အဓမၼေမြးစားမႈ၊ ကေလးေရာင္းစားမႈ ႏွင့္ အဓမၼေတာင္းရမ္းေစခိုင္းမႈမ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

“တရားမဝင္လမ္းေၾကာင္းေတြကေန ျပည္ပကိုထြက္ၾကတယ္။ အဲဒါက လူကုန္ကူးမႈျဖစ္ႏိုင္တယ္။ မည္သူမဆို တရားမဝင္လမ္းေၾကာင္းကေနသြားရင္ေတာ့ လူကုန္ကူးမႈျဖစ္ႏိုင္ေျခရွိတယ္။ သို႔ေသာ္ တရားဝင္သြားေရာက္တဲ့သူေတြလည္းပဲ ျဖစ္ႏိုင္တယ္။ ဘာေၾကာင့္လဲဆို တ႐ုတ္ျပည္ကို ႏိုင္ငံကူးလက္မွတ္ေတြနဲ႔သြားၿပီးေတာ့မွ တ႐ုတ္မယားအျဖစ္နဲ႔ေရာင္းစားခံရတာမ်ိဳးေတြလည္း ျဖစ္ေပၚေနၿပီ။ တရားမဝင္သြားလို႔ျဖစ္ႏိုင္သလို၊ တရားဝင္သြားလို႔လည္း ျဖစ္ႏိုင္တာပဲ။ လတ္တေလာမွာဆိုရင္ TikTok ေတြမွာေတြ႕ေနရတယ္။ တ႐ုတ္ျပည္က အထည္ခ်ဳပ္မွာ အလုပ္ရမယ္ဆိုၿပီးေတာ့ ေခၚသြားတယ္။ ၿပီးရင္ တ႐ုတ္‌ေယာက်ၤားေတြနဲ႔ အဓမၼေပးစားခံရတာေတြကို ေတြ႕ရတယ္”ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ အၿငိမ္းစား အရာရွိတစ္ဦးက NP News ကို မွတ္ခ်က္ျပဳေျပာၾကားသည္။

ျပည္တြင္းလူကုန္ကူးမႈမ်ားတြင္ ရခိုင္ျပည္နယ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ေနျပည္ေတာ္ စသည့္ေဒသမ်ားမွ အမ်ိဳးသမီးငယ္မ်ားအား လိမ္လည္ျခင္း၊ ေသြးေဆာင္စည္း႐ုံးျခင္းျဖင့္စုေဆာင္း၍ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ႏွင့္ (အေရွ႕ပိုင္း) ရွိ (မူဆယ္၊ ေလာက္ကိုင္၊ မိုင္းေပါက္၊ တာခ်ီလိတ္) ေဒသမ်ားသို႔ပို႔ေဆာင္ၿပီး အဓမၼျပည့္တန္ဆာအျဖစ္ ခိုင္းေစျခင္း၊ အဓမၼအလုပ္ခိုင္းေစျခင္းမ်ား က်ဴးလြန္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ လူကုန္ကူးမႈက်ဴးလြန္သူမ်ားသည္ ယခင္က ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး ႏွင့္ ေနျပည္ေတာ္ စသည့္ေဒ သမ်ားမွ အမ်ိဳးသမီးငယ္မ်ားကို လိမ္လည္စုေဆာင္း၍ အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ပို႔ေဆာင္ခဲ့ၾကၿပီး ယခုအခါတြင္ နယ္စပ္ေဒသရွိ လူကုန္ကူးသူမ်ားႏွင့္ တစ္ဖက္ႏိုင္ငံရွိ လူပြဲစားမ်ားထံသို႔ ပို႔ေဆာင္ေရာင္းစားေနသည္ကို ေတြ႕ရေၾကာင္း ျပည္ထဲေရးဝန္ႀကီးက ဆိုသည္။

လက္ရွိတြင္ TikTok ကဲ့သို႔ Trend မ်ားကိုအသုံးျပဳ၍ လူကုန္ကူးမႈမ်ားကို ပုံစံေျပာင္းေဆာင္႐ြက္လာၾကၿပီး လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ အဆိုပါေျပာင္းလဲလာသည့္ ပုံစံမ်ားကို သိရွိေနရန္လိုအပ္ ေၾကာင္း အထက္ပါ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွအၿငိမ္းစား အရာရွိက အႀကံျပဳထားသည္။

“လတ္တေလာမွာဆိုရင္ TikTok ေတြမွာေတြ႕ေနရတယ္။ တ႐ုတ္ျပည္ကအထည္ခ်ဳပ္မွာ အလုပ္ရမယ္ဆိုၿပီးေတာ့ ေခၚသြားတယ္။ ၿပီးရင္ တ႐ုတ္‌ ေယာက်ၤားေတြနဲ႔ အဓမၼေပးစားခံရတာေတြကို ေတြ႕ရတယ္။ ျပည္သူေတြအေနနဲ႔ လူကုန္ကူးမႈအသိပညာဗဟုသုတရွိဖို႔လိုမယ္။ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးနဲ႔ ပတ္သက္လို႔ သတင္းအရင္းအျမစ္ေတြရွိေနဖို႔ လိုတယ္။ သ တင္းအခ်က္အလက္ေတြရေနဖို႔လိုတယ္။ ၿပီးရင္ ပုံစံေျပာင္းလဲတဲ့ Trend ေတြကိုလည္း တားဆီးႏွိမ္နင္းေရးအဖြဲ႕ဝင္ေတြက သိေနဖို႔လိုတယ္။ လူကုန္ကူးခံရၿပီးမွ ကယ္တာက ေတာ္ေတာ္ခက္သြားၿပီ။ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္တာေတြနဲ႔ ေဆာင္႐ြက္ရတာ။ ပိုဂ႐ုစိုက္ဖို႔လိုတယ္။ အခုက လူကုန္ကူးခံရႏိုင္ဖို႔အတြက္ အေျခအေနေတြက ပိုမ်ားလာသလိုျဖစ္လာၿပီ။ ထိုင္းဘက္ကိုတရားမဝင္သြားတာေတြ၊ တ႐ုတ္နယ္စပ္ကလည္း အလုပ္ သမားေတြ‌ေခၚေနတယ္ အဲဒါေတြက တြန္းအားေတြျဖစ္ေနတယ္။ တြန္း အားေတြမ်ားလာရင္ေတာ့ လူကုန္ကူးမႈျဖစ္ဖို႔ ပိုမ်ားလာတယ္” ဟု ၎က ဆိုသည္။

ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ၂၀၂၃ ခုႏွစ္အတြင္း လူကုန္ကူးမႈတားဆီးကာကြယ္ ေရးဥပေဒ/ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒျဖင့္ ျပစ္ဒဏ္ခ်မွတ္မႈ (၆၄)မႈတြင္ ေထာင္ဒဏ္တစ္သက္ (၅)ဦး၊ ေထာင္ဒဏ္ (၄၀) ႏွစ္ (၂)ဦး၊ ေထာင္ဒဏ္ (၂၅) ႏွစ္ (၁)ဦး၊ ေထာင္ဒဏ္ (၂၀) ႏွစ္ (၂၀)ဦး၊ ေထာင္ဒဏ္ (၁၅) ႏွစ္ႏွင့္ေအာက္ (၈၃)ဦးတို႔အား ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း သဝဏ္လႊာအရ သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသားမ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ အေရွ႕အ လယ္ပိုင္းေဒသရွိ ႏိုင္ငံမ်ားသို႔ပို႔ေဆာင္ရန္ မက္လုံးေပးစည္း႐ုံးေျပာဆိုၿပီး စုေဆာင္းျခင္းမ်ားကိုလည္း တရားမဝင္ေဆာင္႐ြက္ေနၾကၿပီး တရားမဝင္ပို႔ေဆာင္သူမ်ားကို ျပည္ပအလုပ္အကိုင္ဆိုင္ရာဥပေဒျဖင့္ အေရးယူေဆာင္ ႐ြက္ခဲ့ရာ ၂၀၂၃ ခုႏွစ္တြင္ ျပည္ပအလုပ္အကိုင္ဆိုင္ရာဥပေဒျဖင့္ အေရးယူေဆာင္႐ြက္ခဲ့မႈ (၁၉၉) မႈရွိခဲ့ၿပီး အမ်ိဴးသား (၁၇၄)ဦး၊ အမ်ိဳးသမီး (၂၀၉)ဦး စုစုေပါင္း (၃၈၃)ဦးအား အေရးယူႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.