အိပ်မက်တံတားလို့ လူသိများကြတဲ့ တရုတ်နိုင်ငံမှ Shiziguan ရေပေါ်တံတား

 223

Pika (NP News) - စက်တင်ဘာ ၁၄

တရုတ်နိုင်ငံရှိ အိပ်မက်တံတားဟု လူသိ များသော Shiziguan ရေပေါ်တံတားသည် အလေး ချိန်(၂ ဒသမ ၈)တန်ထိရှိသော ကားများပါမောင်းနှင် နိုင်သည့် အရှည်မီတာ(၄၀ဝ)ရှိ တံတားဖြစ်ပြီး Qingjiang မြစ်ပေါ်တွင် ဖြတ်ကာ တည်ဆောက်ထားသော တံတားဖြစ်သည်။

Hubei ပြည်နယ် အန်ရှီ စီရင်စုတွင်ရှိသော သစ်တောဖုံးလွှမ်းသော တောင်တန်းများကြားတွင် တည်ရှိသည့် Shiziguan ရှုခင်းသာနေရာသည် တရုတ်နိုင်ငံတွင် ဆွဲဆောင်မှုအရှိဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း အခြားထင်ရှားသော ရှုခင်းများနှင့် မတူကွဲပြားသည်မှာ ရေပေါ်တွင် တည် ဆောက်ထားသော တံတားပေါ်တွင် ကားမောင်းရင်း အလှအပများကို ခံစားကြည့်ရှုခြင်းဖြစ်သည်။ ကွေ့ ကောက်မှုများမရှိစေရန်အတွက် ဂျာမနီနည်းပညာ ကို အသုံးပြုထားသော Shiziguan ရေပေါ်တံတား သည် (၂၀၁၆)ခုနှစ်တည်းက စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါတံတားကိုဖြတ်မောင်းစဉ် အချိန် အတွင်း ပိုမိုတည်ငြိမ်စေရန်အတွက် သိပ်သည်းဆ မြင့်သော polyethylene floats များကို အသုံးပြု ထားပြီး ယာဉ်မောင်းများအနေဖြင့် ကန့်သတ်ထားသောအရှိန် တစ်နာရီလျှင်(၂၀)ကီလိုမီတာကို လေးစားလိုက်နာပါက နူးညံ့သိမ်မွေ့သော ရွေ့လျား မှုများကို ခံစားရမည်ဖြစ်ကြောင်း တည်ဆောက်သူများ ကပြောကြားခဲ့သည်။ စတင်ဖွင့်လှစ်ခဲ့သည်မှာ အချိန် (၈)နှစ်ကျော်ကြာပြီဖြစ်သော်လည်း Shiziguan ရေပေါ်တံတားသည် Shiziguan ရှုခင်းသာနေရာ ၏ အဓိကဆွဲဆောင်မှုနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတစ်ဝန်းရှိလူများသည် သဘာဝရှုခင်းများကို ခံစားနေချိန်အတွင်း ရေပေါ် တွင် ကားမောင်းရသည့် အတွေ့အကြုံကိုရယူရန် အတွက် အဆိုပါရှုခင်းသာနေရာကို လာရောက်လည်ပတ်လေ့ရှိကြောင်းသိရသည်။ အဆိုပါ Shiziguan ရေပေါ်တံတားသည် တစ်လမ်းသွားရန်အတွက် လုံ လောက်သော အကျယ်အဝန်းရှိသော်လည်း မတော် တဆမှုများ ဖြစ်ပွားနိုင်သေးကြောင်း ပညာရှင်များက ပြောကြားထားသည်။

zawgyi version
အိပ္မက္တံတားလို႔ လူသိမ်ားၾကတဲ့ တ႐ုတ္ႏိုင္ငံမွ Shiziguan ေရေပၚတံတား
Pika (NP News) - စက္တင္ဘာ ၁၄

တ႐ုတ္ႏိုင္ငံရွိ အိပ္မက္တံတားဟု လူသိ မ်ားေသာ Shiziguan ေရေပၚတံတားသည္ အေလး ခ်ိန္(၂ ဒသမ ၈)တန္ထိရွိေသာ ကားမ်ားပါေမာင္းႏွင္ ႏိုင္သည့္ အရွည္မီတာ(၄၀ဝ)ရွိ တံတားျဖစ္ၿပီး Qingjiang ျမစ္ေပၚတြင္ ျဖတ္ကာ တည္ေဆာက္ထားေသာ တံတားျဖစ္သည္။

Hubei ျပည္နယ္ အန္ရွီ စီရင္စုတြင္ရွိေသာ သစ္ေတာဖုံးလႊမ္းေသာ ေတာင္တန္းမ်ားၾကားတြင္ တည္ရွိသည့္ Shiziguan ရႈခင္းသာေနရာသည္ တ႐ုတ္ႏိုင္ငံတြင္ ဆြဲေဆာင္မႈအရွိဆုံးေနရာမ်ားထဲမွ တစ္ခုျဖစ္သည္။ သို႔ေသာ္လည္း အျခားထင္ရွားေသာ ရႈခင္းမ်ားႏွင့္ မတူကြဲျပားသည္မွာ ေရေပၚတြင္ တည္ ေဆာက္ထားေသာ တံတားေပၚတြင္ ကားေမာင္းရင္း အလွအပမ်ားကို ခံစားၾကည့္ရႈျခင္းျဖစ္သည္။ ေကြ႕ ေကာက္မႈမ်ားမရွိေစရန္အတြက္ ဂ်ာမနီနည္းပညာ ကို အသုံးျပဳထားေသာ Shiziguan ေရေပၚတံတား သည္ (၂၀၁၆)ခုႏွစ္တည္းက စတင္လည္ပတ္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္းသိရသည္။

အဆိုပါတံတားကိုျဖတ္ေမာင္းစဥ္ အခ်ိန္ အတြင္း ပိုမိုတည္ၿငိမ္ေစရန္အတြက္ သိပ္သည္းဆ ျမင့္ေသာ polyethylene floats မ်ားကို အသုံးျပဳ ထားၿပီး ယာဥ္ေမာင္းမ်ားအေနျဖင့္ ကန႔္သတ္ ထား ေသာ အရွိန္ တစ္နာရီလွ်င္(၂၀)ကီလိုမီတာကို ေလးစားလိုက္နာပါက ႏူးညံ့သိမ္ေမြ႕ေသာ ေ႐ြ႕လ်ား မႈမ်ားကို ခံစားရမည္ျဖစ္ေၾကာင္း တည္ေဆာက္သူမ်ား ကေျပာၾကားခဲ့သည္။ စတင္ဖြင့္လွစ္ခဲ့သည္မွာ အခ်ိန္ (၈)ႏွစ္ေက်ာ္ၾကာၿပီျဖစ္ေသာ္လည္း Shiziguan ေရေပၚတံတားသည္ Shiziguan ရႈခင္းသာေနရာ ၏ အဓိကဆြဲေဆာင္မႈေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံတစ္ဝန္းရွိလူမ်ားသည္ သဘာဝရႈခင္းမ်ားကို ခံစားေနခ်ိန္အတြင္း ေရေပၚ တြင္ ကားေမာင္းရသည့္ အေတြ႕အႀကဳံကိုရယူရန္ အတြက္ အဆိုပါရႈခင္းသာေနရာကို လာေရာက္လည္ပတ္ေလ့ရွိေၾကာင္းသိရသည္။ အဆိုပါ Shiziguan ေရေပၚတံတားသည္ တစ္လမ္းသြားရန္အတြက္ လုံ ေလာက္ေသာ အက်ယ္အဝန္းရွိေသာ္လည္း မေတာ္ တဆမႈမ်ား ျဖစ္ပြားႏိုင္ေသးေၾကာင္း ပညာရွင္မ်ားက ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.