ခေတ်မမီတော့သည့် ငြိမ်းချမ်းရေး သဘောတူစာချုပ်များကို ပြင်ဆင်ပယ်ဖျက်သင့်ပြီ (ဆောင်းပါး)

 1997

ထွန်းမွန်သက် (NP News) - စက်တင်ဘာ ၁၇

မြန်မာနိုင်ငံ၌ တရားဝင်အသိအမှတ်ပြု လက်ခံထားသည့် လူမျိုးစုမှာ (၁၃၅) ခု ရှိသော်လည်း EAOs ဟု ခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ အနည်းဆုံး (၇၀) ခန့်ရှိကာ ယင်း ထက်ပင် ပိုများနိုင်ကြောင်း၊ လက်နက်ကိုင်အဖွဲ့ အစည်း (၁၀ဝ) ထက်မနည်း ရှိနိုင်ကြောင်းအချက်အ လက်များအရ သိရသည်။ အမှန်စင်စစ် ထိုလက်နက် ကိုင်အဖွဲ့အစည်းများမှာ စစ်ဘုရင်ဝါဒ၊ အာဏာရှင် စနစ်တို့ကိုကျင့်သုံးသော သားစဉ်မြေးဆက် အုပ်ချုပ် မှုလက်ဆင့်ကမ်းကာ လူမျိုးရေး အစွန်းရောက် သည့် လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဗမာ မုန်းတီးရေး ဦးတည်သည့် လက်နက်ကိုင်အဖွဲ့များ ဖြစ်နေကြသည်။

နှစ်ပေါင်း(၁၀ဝ)ကျော် နယ်ချဲ့အင်္ဂလိပ်၏ ကျွန်ပြုခြင်းနှင့် ဗမာလူမျိုးနှင့် တိုင်းရင်းသားတို့ အကြား သွေးခွဲအုပ်ချုပ်ခြင်းကိုခံခဲ့ရခြင်း၊ နိုင်ငံရေးဝါဒ ပဋိ ပက္ခ ဖြစ်ပေါ်ခြင်းများကြောင့် လွတ်လပ်ရေး ရပြီး ပြီးချင်း (၁၉၄၈) ခုနှစ် မတ်လ၌ပင် ပြည်တွင်းသောင်း ကျန်းမှု စတင်ခဲ့သည်။ အမှန်တစ်ကယ်တွင်မူ လွတ် လပ်ရေးမရခင် (၁၉၄၇) ခုနှစ်ကတည်းကပင် အထွေထွေ ပုန်ကန်သူပုန်ထရန် လှုံ့ဆော်မှုများ စတင်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်လည်း မြန်မာနိုင်ငံ၌ ခေတ်အဆက် ဆက် အုပ်ချုပ်သူများက ပြည်တွင်းငြိမ်းချမ်းမှု၊ စည်း လုံးညီညွတ်မှုကိုပြုရနိုင်ရန်အတွက် လက်နက် ကိုင်အဖွဲ့ အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး စာချုပ်များကို ချုပ်ဆိုခဲ့ကြသည်။

အစွန်းရောက် လက်ဝဲစွန်းဖြစ်ပြီး မြန်မာနိုင်ငံ၌ လက်နက်ကိုင်အင်အား အကြီးမားဆုံးဖြစ်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) (၁၉၈၉) ခုနှစ်၌ ပြိုကွဲသွားပြီးသည့်နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြား ရေးအဖွဲ့ (နဝတ)၏ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင် သည့် ငြိမ်းချမ်းရေးအဖွဲ့က လက်နက်ကိုင်အင်အား စုများနှင့် လက်မှတ်ရေးထိုးခြင်းမရှိသည့် တစ်ဖက် နှင့်တစ်ဖက် နားလည်မှုရယူခြင်းဖြင့် စစ်ရပ်စဲခြင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေးလဲသည့် စနစ်ကို ဖော်ဆောင်ခဲ့ကြသည်။ ထိုကဲ့သို့ လက်နက်နှင့် ငြိမ်းချမ်း ရေးလဲခဲ့ကြစဉ်တွင် လက်နက်ကိုင်သူပုန်အဖွဲ့များအ နေဖြင့် နယ်မြေအုပ်ချုပ်ခွင့်၊ လက်နက်ကိုင်ခွင့် များရရှိ ခဲ့ကာ စီးပွားရေးလုပ်ကိုင်ခွင့်စသည့် အခွင့်အရေးပေါင်း များစွာကို စစ်ရပ်စဲခြင်း တစ်ခုတည်းဖြင့် ရရှိခဲ့ကြသည်။

ဗကပ ပြိုကွဲသွားပြီးနောက် လက်နက်ကိုင် အဖွဲ့ များစွာ ပေါ်ပေါက်ခဲ့သည့်အထဲတွင် ဒီမိုကရက် တစ် တပ်မတော်သစ် - ကချင် (NDA-K), MNDAA ကိုးကန့်သူပုန်အုပ်စု၊ NDAA - မိုင်းလားသူပုန်အုပ်စု၊ နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝသူပုန်အုပ်စုတို့က ထင်ရှားကြသည်။ ထို့ပြင် မိုင်းလားအထူးဒေသ၊ လောက်ကိုင်အထူး ဒေသ၊ ဝ အထူးဒေသများသည် အထက်ကဖော်ပြခဲ့သည့် လက်နက်နှင့် ငြိမ်းချမ်းရေးလဲကာ လက်နက်ဆက်လက်ကိုင်ဆောင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်‌ခွင့်များ ရရှိခဲ့ကြခြင်းဖြစ်သည်။

(၂၀ဝ၈) အခြေခံဥပဒေ၏ ပုဒ်မ (၃၃၈) ၌ “ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကွဲမှုအောက်တွင် ရှိရမည်” ဟု ပြဋ္ဌာန်းထားကာ ယင်းပုဒ်မ ပြဋ္ဌာန်း ချက်သည် မြန်မာ့တပ်မတော် မဟုတ်သည့် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ တည်ရှိမှုကို လက်ခံပေးထားကာ နိုင်ငံတော်တည်ဆောက်ရေး ကဏ္ဍများ၌ ပါဝင်ဆောင်ရွက်စေခဲ့သည်။

သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပါ။ လက်နက်ကိုင်အင်အားစုများက နိုင်ငံတော် တည် ဆောက်ရေး၌ ကူညီဆောင်ရွက်ခြင်းမရှိခဲ့ကြသလို ၎င်းတို့၏ ရည်မှန်းချက်အစစ်အမှန်မှာ ဖက်ဒရယ် (သို့မဟုတ်) ကွန်ဖက်ဒရေးရှင်း မဟုတ်ဘဲ ပြည် ထောင်စုမှ ခွဲထွက်လိုသည့် ခွဲထွက်ရေးလမ်းစဉ်သာ ဖြစ်ကြသည်။

ထို့ပြင် လူမျိုးရေးအစွန်းရောက်သည့် လက်နက်ကိုင်အဖွဲ့များ၊ အထူးသဖြင့် ခရစ်ယာန်ဘာသာ ယုံကြည် အစွန်းရောက်ကြသည့် KIA ၊ ချင်းလက် နက်ကိုင်အဖွဲ့များ၊ ကရင်လက်နက်ကိုင်အဖွဲ့များသည် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်များအား စော် ကားနှိမ့်ချခြင်းကို အခွင့်အရေးရတိုင်း လုပ်ဆောင်ကြ သည်။ အထူးသဖြင့် (၁၀၂၇) စစ်ဆင် ရေးနောက်ပိုင်း နယ်မြေအချို့ ဆုံးရှုံးရပြီးသည့်နောက် ၎င်းတို့စိုးမိုးနိုင် သည့် နယ်မြေများတွင် စေတီဘုရားများကို ဖျက်ဆီး ပြခြင်း၊ စေတီဘုရား ကျောင်းကန်များအတွင်း ဖိနပ်စီး၍ ဝင်ရောက်ကြခြင်း၊ ဘုရားဆင်းတုတော်များကို မဖွယ်မရာပြုလုပ်ကြခြင်းများကို ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ပြကြလေ့ရှိသည်။

နဝတ၏ လက်နက်နှင့်ငြိမ်းချမ်းရေးလဲကာ နယ်မြေများ အုပ်ချုပ်ခွင့်ပေးခဲ့ခြင်းသည် ဖက်ဒရယ် ဒီမိုကရက်တစ် နိုင်ငံတော်တည်ဆောက်ရေး ရည်မှန်း ချက်၌ ထာဝရငြိမ်းချမ်းရေးကို ရည်ရွယ်ခဲ့သော် လည်း ယခုအခါ ထိုလက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက် ဆက်လက်ကိုင်ဆောင်ခွင့်ပြုကာ နယ်မြေ စိုးမိုးခွင့် ပေးခဲ့ခြင်းများသည် ပြန်လည်၍ စဉ်းစားသုံး သပ်ရတော့မည့် အယူအဆတစ်ခု ဖြစ်လာ ခဲ့ပါပြီ။ အထူးသဖြင့် (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲ၌ ပြန်လည် သုံးသပ်ရတော့မည့် ဗျူဟာတစ်ခု ဖြစ်လာပါပြီ။

လက်နက်နှင့် ငြိမ်းချမ်းရေးယူခဲ့သော လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်အတွင်း ထိုလက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့အုပ်ချုပ်ခွင့်ရသည့် ဒေသများ တွင်သာမက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများ၌ပင် မာဖီးယားစီးပွားလုပ်ငန်းများ သဖွယ် - ဥပမာအားဖြင့် တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်များဖြစ်သည့် ကျောက်စိမ်း၊ မြေရှား၊ သတ္ထုဓာတ်များ တရားမဝင် တူးဖော်ထုတ်ယူခြင်း၊ သစ်ခိုးထုတ်ခြင်း၊ မူးယစ်ဆေးရောင်းဝယ်ဖောက်ကား ခြင်း၊ အွန်လိုင်းလောင်းကစား လိမ်လည်မှုများစ သည့် တရားမဝင် လုပ်ငန်းများစွာကို လုပ်ကိုင်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ ငွေကြေးခဝါချ သည့် ဟန်ပြလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

တစ်ဖက်တွင်လည်း ထိုတရားမဝင် လုပ်ငန်း များမှရရှိလာသည့် အမြတ်အစွန်း၊ ဝင်ငွေများဖြင့် ဒေသခံတိုင်းရင်းသားများကို စစ်မှုထမ်းစေခြင်း၊ နယ် မြေချဲ့ထွင်ရန် ကြိုးပမ်းခြင်းများကို ဆောင်ရွက် ခဲ့ကြ သည်။ ထိုကာလများအတွင်း၌ ၎င်းတို့၏ အင်အားကို ချဲ့ထွင်နေခဲ့ကြကာ တပ်မတော်အား ပြန်လည်၍ တိုက်ခိုက်ခြင်း မပြုခဲ့ကြပေ။ သို့သော် ဗဟိုအစိုးရနှင့် တပ်မတော် အားနည်းသည့်အချိန်တွင် ထိုလက်နက် ကိုင်အဖွဲ့များ အားလုံးနီးပါးသည် တပ်မတော်အား နောက်ကျောကို ဓားဖြင့်ထိုးကာ ပြန်လည်၍ တိုက်ခိုက်ရန် မနှောင့်နှေးကြပေ။

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် မြန်မာနိုင်ငံ၌ မြန်မာ့တပ်မတော် မဟုတ်သည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။ (UWSA) သည် လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် အရန်တပ်ဖွဲ့ ဝင်အင်အား (၄၀ယဝဝဝ) ခန့်ရှိသည်ဟု တရားဝင် အချက်အလက်များက ဖော်ပြထားသော်လည်း အခြားသော ရှမ်းပြည်အခြေစိုက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ တပ်ဖွဲ့ဝင်အင်အား (၇၀ယဝဝဝ) ကျော်အထိရှိကြောင်း သိရသည်။ ထိုအင်အား (၇၀ယဝဝဝ) ကျော်ကိုလည်း အဆင့်မြင့်လက်နက်များ တပ်ဆင်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဝလူမျိုးမှာ (၈၀ဝယဝဝဝ) ခန့်ရှိ ကြောင်း အချက်အလက်များအရ သိရသည်။ ထို့ ကြောင့် ဝတပ်ဖွဲ့အင်အားသည် ゞင်းတို့လူမျိုး၏ ဆယ်ရာခိုင်နှုန်းအထိပင် စစ်အင်အားအဖြစ် ထမ်း ဆောင်နေကြခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ပြင် စက်တင်ဘာလ ပထမအပတ်အတွင်းက တအောင်း အကြမ်းဖက်သူပုန်အဖွဲ့ TNLA ကို တစ်ဖက်နိုင်ငံက စစ်ရပ်စဲရန် ပြင်းပြင်းထန်ထန် သတိပေးသည်ဟု ယူဆရပြီးသည့်နောက် ဝတပ်ဖွဲ့ သည် ပြည်ပရောက်နေသည့် ဝလူမျိုးများကို ၎င်း တို့၏ UWSA ၌ တပ်မတော် တာဝန်ထမ်းဆောင်ရန် ချက်ချင်းပြန်လာကြရန်ဆင့်ခေါ်ခဲ့သည့် သတင်း များလည်း ထွက်ပေါ်ခဲ့သည်။ ၎င်းကဲ့သို့သော ဝ တပ်ဖွဲ့ ၏ ဆောင်ရွက်ချက်သည် မည်သည့်ရည်ရွယ် ချက်ကြောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို မသိရသော် လည်း ရည်ရွယ်ချက်ကောင်း မဖြစ်နိုင်ဟု သံသယဖြစ်စရာကောင်းလှသည်။

နဝတ၏ နားလည်မှုဖြင့် တည်ဆောက်ခဲ့သော ငြိမ်းချမ်းရေးအပေးအယူများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အင်အားမည်မျှအထိ တည် ဆောက်ခွင့်ပြုသည်ဟု မဆိုထားခဲ့သော်လည်း ထိုကဲ့ သို့ နားလည်မှုဖြင့် အပေးအယူလုပ်ကာ လက်နက် ကိုင်ဆောင်ခွင့်နှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ဗျူဟာသည် ယနေ့ကဲ့သို့ တိုင်းပြည် စစ်ရေး၊ နိုင်ငံရေး အကျပ် အတည်းကြီးမားနေချိန်တွင် ခေတ်နှင့်မလျော်ညီတော့ သည့် ဗျူဟာသာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအကြောင်း ဆွေး နွေးကြတော့မည်ဆိုလျှင် ယင်းကဲ့သို့ တိုင်းပြည် အတွက်ရော၊ တပ်မတော်အတွက်ပါ အမြဲတမ်း ခြိမ်း ခြောက်မှုပြုလာမည့် သူပုန်အဖွဲ့များ လက်နက်ကိုင် ဆောင်ခွင့်ကို ပြန်လည်၍ သုံးသပ်ပြင်ဆင်ရတော့ မည်ဖြစ်သည်။ (၂၀၂၄) ခုနှစ် အောက်တိုဘာ (၁၅) ရက်တွင် (NCA) လက်မှတ်ရေးထိုးခြင်း (၉) နှစ်ပြည့်ပြီ ဖြစ်သည်။

သို့ဖြစ်ပါ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို လက်ခံပေးနိုင်ပါသော်လည်း သူပုန်အဖွဲ့များ အားလုံး လက်နက်ဆက်လက်ကိုင်ဆောင်ခွင့်ပြုထားခြင်း၊ ယင်းသူပုန်အဖွဲ့များကို အမြစ်ဖြတ် မသုတ် သင်ဘဲ ဆက်လက်တည်ရှိနေစေခြင်းများသည် တိုင်းပြည် အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုပင် ဖြစ် သည်ဟု ယူဆရမည်။ သူပုန်အဖွဲ့အစည်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများအတွက် အပြန်အလှန်အားဖြင့် အပြီး တိုင် လက်နက်ကိုင်ဆောင်ခွင့် စွန့်လွှတ် သင့်သည်။ သို့မှသာ မြန်မာနိုင်ငံသည် ကိုလိုနီအမွေဆိုး ဖြစ်သည့် ပြည်တွင်းစစ် ချုပ်ငြိမ်းခြင်းကို မျှော် လင့်နိုင်မည် ဖြစ်သည်။

zawgyi version
ေခတ္မမီေတာ့သည့္ ၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္မ်ားကို ျပင္ဆင္ပယ္ဖ်က္သင့္ၿပီ (ေဆာင္းပါး)
ထြန္းမြန္သက္ (NP News) - စက္တင္ဘာ ၁၇

ျမန္မာႏိုင္ငံ၌ တရားဝင္အသိအမွတ္ျပဳ လက္ခံထားသည့္ လူမ်ိဳးစုမွာ (၁၃၅) ခု ရွိေသာ္လည္း EAOs ဟု ေခၚသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ အနည္းဆုံး (၇၀) ခန႔္ရွိကာ ယင္း ထက္ပင္ ပိုမ်ားႏိုင္ေၾကာင္း၊ လက္နက္ကိုင္အဖြဲ႕ အစည္း (၁၀ဝ) ထက္မနည္း ရွိႏိုင္ေၾကာင္းအခ်က္အ လက္မ်ားအရ သိရသည္။ အမွန္စင္စစ္ ထိုလက္နက္ ကိုင္အဖြဲ႕အစည္းမ်ားမွာ စစ္ဘုရင္ဝါဒ၊ အာဏာရွင္ စနစ္တို႔ကိုက်င့္သုံးေသာ သားစဥ္ေျမးဆက္ အုပ္ခ်ဳပ္ မႈလက္ဆင့္ကမ္းကာ လူမ်ိဳးေရး အစြန္းေရာက္ သည့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား ျဖစ္ၾကသည္။ တစ္နည္းအားျဖင့္ဆိုရလွ်င္ ဗမာ မုန္းတီးေရး ဦးတည္သည့္ လက္နက္ကိုင္အဖြဲ႕မ်ား ျဖစ္ေနၾကသည္။

ႏွစ္ေပါင္း(၁၀ဝ)ေက်ာ္ နယ္ခ်ဲ႕အဂၤလိပ္၏ ကြၽန္ျပဳျခင္းႏွင့္ ဗမာလူမ်ိဳးႏွင့္ တိုင္းရင္းသားတို႔ အၾကား ေသြးခြဲအုပ္ခ်ဳပ္ျခင္းကိုခံခဲ့ရျခင္း၊ ႏိုင္ငံေရးဝါဒ ပဋိ ပကၡ ျဖစ္ေပၚျခင္းမ်ားေၾကာင့္ လြတ္လပ္ေရး ရၿပီး ၿပီးခ်င္း (၁၉၄၈) ခုႏွစ္ မတ္လ၌ပင္ ျပည္တြင္းေသာင္း က်န္းမႈ စတင္ခဲ့သည္။ အမွန္တစ္ကယ္တြင္မူ လြတ္ လပ္ေရးမရခင္ (၁၉၄၇) ခုႏွစ္ကတည္းကပင္ အေထြေထြ ပုန္ကန္သူပုန္ထရန္ လႈံ႕ေဆာ္မႈမ်ား စတင္ေနခဲ့ၿပီ ျဖစ္သည္။

ထို႔ေၾကာင့္လည္း ျမန္မာႏိုင္ငံ၌ ေခတ္အဆက္ ဆက္ အုပ္ခ်ဳပ္သူမ်ားက ျပည္တြင္းၿငိမ္းခ်မ္းမႈ၊ စည္း လုံးညီၫြတ္မႈကိုျပဳရႏိုင္ရန္အတြက္ လက္နက္ ကိုင္အဖြဲ႕ အစည္းမ်ားႏွင့္ အပစ္အခတ္ ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရး စာခ်ဳပ္မ်ားကို ခ်ဳပ္ဆိုခဲ့ၾကသည္။

အစြန္းေရာက္ လက္ဝဲစြန္းျဖစ္ၿပီး ျမန္မာႏိုင္ငံ၌ လက္နက္ကိုင္အင္အား အႀကီးမားဆုံးျဖစ္ခဲ့သည့္ ဗမာျပည္ကြန္ျမဴနစ္ပါတီ (ဗကပ) (၁၉၈၉) ခုႏွစ္၌ ၿပိဳကြဲသြားၿပီးသည့္ေနာက္ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပား ေရးအဖြဲ႕ (နဝတ)၏ ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္ ဦးေဆာင္ သည့္ ၿငိမ္းခ်မ္းေရးအဖြဲ႕က လက္နက္ကိုင္အင္အား စုမ်ားႏွင့္ လက္မွတ္ေရးထိုးျခင္းမရွိသည့္ တစ္ဖက္ ႏွင့္တစ္ဖက္ နားလည္မႈရယူျခင္းျဖင့္ စစ္ရပ္စဲျခင္း၊ လက္နက္ႏွင့္ ၿငိမ္းခ်မ္းေရးလဲသည့္ စနစ္ကို ေဖာ္ေဆာင္ခဲ့ၾကသည္။ ထိုကဲ့သို႔ လက္နက္ႏွင့္ ၿငိမ္းခ်မ္း ေရးလဲခဲ့ၾကစဥ္တြင္ လက္နက္ကိုင္သူပုန္အဖြဲ႕မ်ားအ ေနျဖင့္ နယ္ေျမအုပ္ခ်ဳပ္ခြင့္၊ လက္နက္ကိုင္ခြင့္ မ်ားရရွိ ခဲ့ကာ စီးပြားေရးလုပ္ကိုင္ခြင့္စသည့္ အခြင့္အေရးေပါင္း မ်ားစြာကို စစ္ရပ္စဲျခင္း တစ္ခုတည္းျဖင့္ ရရွိခဲ့ၾကသည္။

ဗကပ ၿပိဳကြဲသြားၿပီးေနာက္ လက္နက္ကိုင္ အဖြဲ႕ မ်ားစြာ ေပၚေပါက္ခဲ့သည့္အထဲတြင္ ဒီမိုကရက္ တစ္ တပ္မေတာ္သစ္ - ကခ်င္ (NDA-K), MNDAA ကိုးကန႔္သူပုန္အုပ္စု၊ NDAA - မိုင္းလားသူပုန္အုပ္စု၊ ႏွင့္ ဝျပည္ေသြးစည္းညီၫြတ္ေရးတပ္မေတာ္ (UWSA) ဝသူပုန္အုပ္စုတို႔က ထင္ရွားၾကသည္။ ထို႔ျပင္ မိုင္းလားအထူးေဒသ၊ ေလာက္ကိုင္အထူး ေဒသ၊ ဝ အထူးေဒသမ်ားသည္ အထက္ကေဖာ္ျပခဲ့သည့္ လက္နက္ႏွင့္ ၿငိမ္းခ်မ္းေရးလဲကာ လက္နက္ဆက္လက္ကိုင္ေဆာင္ခြင့္ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္‌ခြင့္မ်ား ရရွိခဲ့ၾကျခင္းျဖစ္သည္။

(၂၀ဝ၈) အေျခခံဥပေဒ၏ ပုဒ္မ (၃၃၈) ၌ “ ႏိုင္ငံေတာ္အတြင္းရွိ လက္နက္ကိုင္အဖြဲ႕အစည္း အားလုံးသည္ တပ္မေတာ္၏ ကြပ္ကြဲမႈေအာက္တြင္ ရွိရမည္” ဟု ျပ႒ာန္းထားကာ ယင္းပုဒ္မ ျပ႒ာန္း ခ်က္သည္ ျမန္မာ့တပ္မေတာ္ မဟုတ္သည့္ အျခားေသာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ တည္ရွိမႈကို လက္ခံေပးထားကာ ႏိုင္ငံေတာ္တည္ေဆာက္ေရး က႑မ်ား၌ ပါဝင္ေဆာင္႐ြက္ေစခဲ့သည္။

သို႔ေသာ္ မွန္းခ်က္ႏွင့္ ႏွမ္းထြက္မကိုက္ခဲ့ပါ။ လက္နက္ကိုင္အင္အားစုမ်ားက ႏိုင္ငံေတာ္ တည္ ေဆာက္ေရး၌ ကူညီေဆာင္႐ြက္ျခင္းမရွိခဲ့ၾကသလို ၎တို႔၏ ရည္မွန္းခ်က္အစစ္အမွန္မွာ ဖက္ဒရယ္ (သို႔မဟုတ္) ကြန္ဖက္ဒေရးရွင္း မဟုတ္ဘဲ ျပည္ ေထာင္စုမွ ခြဲထြက္လိုသည့္ ခြဲထြက္ေရးလမ္းစဥ္သာ ျဖစ္ၾကသည္။

ထို႔ျပင္ လူမ်ိဳးေရးအစြန္းေရာက္သည့္ လက္နက္ကိုင္အဖြဲ႕မ်ား၊ အထူးသျဖင့္ ခရစ္ယာန္ဘာသာ ယုံၾကည္ အစြန္းေရာက္ၾကသည့္ KIA ၊ ခ်င္းလက္ နက္ကိုင္အဖြဲ႕မ်ား၊ ကရင္လက္နက္ကိုင္အဖြဲ႕မ်ားသည္ ဗုဒၶဘာသာႏွင့္ ဗုဒၶဘာသာဝင္မ်ားအား ေစာ္ ကားႏွိမ့္ခ်ျခင္းကို အခြင့္အေရးရတိုင္း လုပ္ေဆာင္ၾက သည္။ အထူးသျဖင့္ (၁၀၂၇) စစ္ဆင္ ေရးေနာက္ပိုင္း နယ္ေျမအခ်ိဳ႕ ဆုံးရႈံးရၿပီးသည့္ေနာက္ ၎တို႔စိုးမိုးႏိုင္ သည့္ နယ္ေျမမ်ားတြင္ ေစတီဘုရားမ်ားကို ဖ်က္ဆီး ျပျခင္း၊ ေစတီဘုရား ေက်ာင္းကန္မ်ားအတြင္း ဖိနပ္စီး၍ ဝင္ေရာက္ၾကျခင္း၊ ဘုရားဆင္းတုေတာ္မ်ားကို မဖြယ္မရာျပဳလုပ္ၾကျခင္းမ်ားကို ရည္႐ြယ္ ခ်က္ရွိရွိ လုပ္ေဆာင္ျပၾကေလ့ရွိသည္။

နဝတ၏ လက္နက္ႏွင့္ၿငိမ္းခ်မ္းေရးလဲကာ နယ္ေျမမ်ား အုပ္ခ်ဳပ္ခြင့္ေပးခဲ့ျခင္းသည္ ဖက္ဒရယ္ ဒီမိုကရက္တစ္ ႏိုင္ငံေတာ္တည္ေဆာက္ေရး ရည္မွန္း ခ်က္၌ ထာဝရၿငိမ္းခ်မ္းေရးကို ရည္႐ြယ္ခဲ့ေသာ္ လည္း ယခုအခါ ထိုလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအား လက္နက္ ဆက္လက္ကိုင္ေဆာင္ခြင့္ျပဳကာ နယ္ေျမ စိုးမိုးခြင့္ ေပးခဲ့ျခင္းမ်ားသည္ ျပန္လည္၍ စဥ္းစားသုံး သပ္ရေတာ့မည့္ အယူအဆတစ္ခု ျဖစ္လာ ခဲ့ပါၿပီ။ အထူးသျဖင့္ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္ အေျပာင္းအလဲ၌ ျပန္လည္ သုံးသပ္ရေတာ့မည့္ ဗ်ဴဟာတစ္ခု ျဖစ္လာပါၿပီ။

လက္နက္ႏွင့္ ၿငိမ္းခ်မ္းေရးယူခဲ့ေသာ လြန္ခဲ့သည့္ ႏွစ္ေပါင္းသုံးဆယ္အတြင္း ထိုလက္နက္ကိုင္ အဖြဲ႕မ်ားသည္ ၎တို႔အုပ္ခ်ဳပ္ခြင့္ရသည့္ ေဒသမ်ား တြင္သာမက ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ စသည့္ ၿမိဳ႕ႀကီးမ်ား၌ပင္ မာဖီးယားစီးပြားလုပ္ငန္းမ်ား သဖြယ္ - ဥပမာအားျဖင့္ တိုင္းျပည္၏ သယံဇာတ အရင္းအျမစ္မ်ားျဖစ္သည့္ ေက်ာက္စိမ္း၊ ေျမရွား၊ သတၳဳဓာတ္မ်ား တရားမဝင္ တူးေဖာ္ထုတ္ယူျခင္း၊ သစ္ခိုးထုတ္ျခင္း၊ မူးယစ္ေဆးေရာင္းဝယ္ေဖာက္ကား ျခင္း၊ အြန္လိုင္းေလာင္းကစား လိမ္လည္မႈမ်ားစ သည့္ တရားမဝင္ လုပ္ငန္းမ်ားစြာကို လုပ္ကိုင္ၿပီး ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္တို႔၌ ေငြေၾကးခဝါခ် သည့္ ဟန္ျပလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ၾကသည္။

တစ္ဖက္တြင္လည္း ထိုတရားမဝင္ လုပ္ငန္း မ်ားမွရရွိလာသည့္ အျမတ္အစြန္း၊ ဝင္ေငြမ်ားျဖင့္ ေဒသခံတိုင္းရင္းသားမ်ားကို စစ္မႈထမ္းေစျခင္း၊ နယ္ ေျမခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းျခင္းမ်ားကို ေဆာင္႐ြက္ ခဲ့ၾက သည္။ ထိုကာလမ်ားအတြင္း၌ ၎တို႔၏ အင္အားကို ခ်ဲ႕ထြင္ေနခဲ့ၾကကာ တပ္မေတာ္အား ျပန္လည္၍ တိုက္ခိုက္ျခင္း မျပဳခဲ့ၾကေပ။ သို႔ေသာ္ ဗဟိုအစိုးရႏွင့္ တပ္မေတာ္ အားနည္းသည့္အခ်ိန္တြင္ ထိုလက္နက္ ကိုင္အဖြဲ႕မ်ား အားလုံးနီးပါးသည္ တပ္မေတာ္အား ေနာက္ေက်ာကို ဓားျဖင့္ထိုးကာ ျပန္လည္၍ တိုက္ခိုက္ရန္ မေႏွာင့္ေႏွးၾကေပ။

ဝျပည္ေသြးစည္းညီၫြတ္ေရး တပ္မေတာ္ (UWSA) သည္ ျမန္မာႏိုင္ငံ၌ ျမန္မာ့တပ္မေတာ္ မဟုတ္သည့္ အင္အားအႀကီးဆုံးေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္း ျဖစ္သည္။ (UWSA) သည္ လက္ရွိတာဝန္ထမ္းေဆာင္ဆဲႏွင့္ အရန္တပ္ဖြဲ႕ ဝင္အင္အား (၄၀ယဝဝဝ) ခန႔္ရွိသည္ဟု တရားဝင္ အခ်က္အလက္မ်ားက ေဖာ္ျပထားေသာ္လည္း အျခားေသာ ရွမ္းျပည္အေျခစိုက္ အဖြဲ႕အစည္းမ်ား၏ ထုတ္ျပန္ခ်က္မ်ားအရ တပ္ဖြဲ႕ဝင္အင္အား (၇၀ယဝဝဝ) ေက်ာ္အထိရွိေၾကာင္း သိရသည္။ ထိုအင္အား (၇၀ယဝဝဝ) ေက်ာ္ကိုလည္း အဆင့္ျမင့္လက္နက္မ်ား တပ္ဆင္ေပးထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ ဝလူမ်ိဳးမွာ (၈၀ဝယဝဝဝ) ခန႔္ရွိ ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။ ထို႔ ေၾကာင့္ ဝတပ္ဖြဲ႕အင္အားသည္ ゞင္းတို႔လူမ်ိဳး၏ ဆယ္ရာခိုင္ႏႈန္းအထိပင္ စစ္အင္အားအျဖစ္ ထမ္း ေဆာင္ေနၾကျခင္းျဖစ္သည္ဟု ဆိုႏိုင္သည္။

ထို႔ျပင္ စက္တင္ဘာလ ပထမအပတ္အတြင္းက တေအာင္း အၾကမ္းဖက္သူပုန္အဖြဲ႕ TNLA ကို တစ္ဖက္ႏိုင္ငံက စစ္ရပ္စဲရန္ ျပင္းျပင္းထန္ထန္ သတိေပးသည္ဟု ယူဆရၿပီးသည့္ေနာက္ ဝတပ္ဖြဲ႕ သည္ ျပည္ပေရာက္ေနသည့္ ဝလူမ်ိဳးမ်ားကို ၎ တို႔၏ UWSA ၌ တပ္မေတာ္ တာဝန္ထမ္းေဆာင္ရန္ ခ်က္ခ်င္းျပန္လာၾကရန္ဆင့္ေခၚခဲ့သည့္ သတင္း မ်ားလည္း ထြက္ေပၚခဲ့သည္။ ၎ကဲ့သို႔ေသာ ဝ တပ္ဖြဲ႕ ၏ ေဆာင္႐ြက္ခ်က္သည္ မည္သည့္ရည္႐ြယ္ ခ်က္ေၾကာင့္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းကို မသိရေသာ္ လည္း ရည္႐ြယ္ခ်က္ေကာင္း မျဖစ္ႏိုင္ဟု သံသယျဖစ္စရာေကာင္းလွသည္။

နဝတ၏ နားလည္မႈျဖင့္ တည္ေဆာက္ခဲ့ေသာ ၿငိမ္းခ်မ္းေရးအေပးအယူမ်ားတြင္ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ အင္အားမည္မွ်အထိ တည္ ေဆာက္ခြင့္ျပဳသည္ဟု မဆိုထားခဲ့ေသာ္လည္း ထိုကဲ့ သို႔ နားလည္မႈျဖင့္ အေပးအယူလုပ္ကာ လက္နက္ ကိုင္ေဆာင္ခြင့္ႏွင့္ ၿငိမ္းခ်မ္းေရးယူခဲ့သည့္ ဗ်ဴဟာသည္ ယေန႔ကဲ့သို႔ တိုင္းျပည္ စစ္ေရး၊ ႏိုင္ငံေရး အက်ပ္ အတည္းႀကီးမားေနခ်ိန္တြင္ ေခတ္ႏွင့္မေလ်ာ္ညီေတာ့ သည့္ ဗ်ဴဟာသာ ျဖစ္လာခဲ့သည္။ ထို႔ေၾကာင့္ တစ္ႏိုင္ငံလုံးအပစ္အခတ္ ရပ္စဲေရးအေၾကာင္း ေဆြး ေႏြးၾကေတာ့မည္ဆိုလွ်င္ ယင္းကဲ့သို႔ တိုင္းျပည္ အတြက္ေရာ၊ တပ္မေတာ္အတြက္ပါ အၿမဲတမ္း ၿခိမ္း ေျခာက္မႈျပဳလာမည့္ သူပုန္အဖြဲ႕မ်ား လက္နက္ကိုင္ ေဆာင္ခြင့္ကို ျပန္လည္၍ သုံးသပ္ျပင္ဆင္ရေတာ့ မည္ျဖစ္သည္။ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာ (၁၅) ရက္တြင္ (NCA) လက္မွတ္ေရးထိုးျခင္း (၉) ႏွစ္ျပည့္ၿပီ ျဖစ္သည္။

သို႔ျဖစ္ပါ၍ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားကို လက္ခံေပးႏိုင္ပါေသာ္လည္း သူပုန္အဖြဲ႕မ်ား အားလုံး လက္နက္ဆက္လက္ကိုင္ေဆာင္ခြင့္ျပဳထားျခင္း၊ ယင္းသူပုန္အဖြဲ႕မ်ားကို အျမစ္ျဖတ္ မသုတ္ သင္ဘဲ ဆက္လက္တည္ရွိေနေစျခင္းမ်ားသည္ တိုင္းျပည္ အတြက္ ႀကီးမားသည့္ ၿခိမ္းေျခာက္မႈပင္ ျဖစ္ သည္ဟု ယူဆရမည္။ သူပုန္အဖြဲ႕အစည္းႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားအားလုံး ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားအတြက္ အျပန္အလွန္အားျဖင့္ အၿပီး တိုင္ လက္နက္ကိုင္ေဆာင္ခြင့္ စြန႔္လႊတ္ သင့္သည္။ သို႔မွသာ ျမန္မာႏိုင္ငံသည္ ကိုလိုနီအေမြဆိုး ျဖစ္သည့္ ျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းျခင္းကို ေမွ်ာ္ လင့္ႏိုင္မည္ ျဖစ္သည္။

Related news

© 2021. All rights reserved.