BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော

 768

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇

အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်များအပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း (၃၄)နိုင်ငံသည် တရုတ်နှင့် ရုရှားနိုင်ငံ တို့ ဦးဆောင်ဖွဲ့စည်းထားသည့် BRICS အဖွဲ့သို့ ဝင်ရောက်ရန် စိတ်ဝင်စားနေကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါအဖွဲ့ကို ၂၀ဝ၆ ခုနှစ်တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ ဦးဆောင်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံက ပူးပေါင်း ပါဝင် လာခဲ့ကြောင်းသိရသည်။ ရုရှားသမ္မတပူတင်က အဖွဲ့ဝင်နိုင်ငံများကြား မိတ်ဖက်အဖြစ်ဆောင်ရွက် မှုများကို ပိုမိုလေးနက်စေရန် ဆောင်ရွက်မည်ဖြစ် သကဲ့သို့ အခြားနိုင်ငံပေါင်း (၃၄)နိုင်ငံက ပူးပေါင်း ပါဝင်ရန် အဆိုပြုထားကြောင်း ပြောသည်။ အဆိုပါ အဖွဲ့သည် ယခုနှစ်အတွင်း အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီးနိုင်ငံတို့ကို တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

ရုရှားသည် လာမည့် အောက်တိုဘာလတွင် ကာဇန်မြို့၌ BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ရုရှား သမ္မတပူတင်က “ကျွန်တော်တို့ဟာ နိုင်ငံအများအပြား ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားမှုတွေကို လျစ်လျူရှုထားမှာ မဟုတ်ဘူး၊ အနည်းဆုံးနိုင်ငံ ပေါင်း(၃၄)နိုင်ငံဟာ အဖွဲ့အတွင်း ပူးပေါင်းပါ ဝင်ဖို့ စိတ်ဝင်စားနေတယ်” ဟုပြောသည်။

ရုရှားသမ္မတအကြံပေးတစ်ဦးဖြစ်သူက တူရကီနိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်း ပါဝင်ရန် အဆိုပြုကမ်းလှမ်းခဲ့ပြီး တူရကီ သမ္မတကို လာမည့် The growing interest in BRICS ထိပ်သီး အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်းပြောသည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကလည်း ၎င်းတို့သည် အဖွဲ့ဝင်နိုင်ငံဖြစ်ရေးဆုံးဖြတ်ချက်များကို စောင့်ဆိုင်း နေ ကြောင်း၊ လာမည့်ထိပ်သီးအစည်းအဝေးကိုတက်ရောက်မည်ဖြစ်ကြောင်း စက်တင်ဘာလ အစောပိုင်းတွင် ပြောဆိုခဲ့ဖူးသည်။

အဆိုပါအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားနေသည့်နိုင်ငံများထဲတွင် ဘီလာရုစ့်၊ ကူဝိတ်၊ ဘာရိန်း၊ ကျူးဘား၊ ဗင်နီဇွဲလား၊ ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်နေကြောင်း သိရိသည်။

zawgyi version
BRICS အဖြဲ႕သို႔ ဝင္ေရာက္ရန္ အာဆီယံ ႏွင့္ ကမာၻ႔ႏိုင္ငံေပါင္း (၃၄)ႏိုင္ငံစိတ္ဝင္စားဟု ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇

အာဆီယံႏိုင္ငံမ်ားျဖစ္ေသာ ထိုင္း၊ အင္ဒိုနီးရွား၊ မေလးရွား၊ ဗီယက္နမ္မ်ားအပါအဝင္ ကမာၻ႔ ႏိုင္ငံေပါင္း (၃၄)ႏိုင္ငံသည္ တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံ တို႔ ဦးေဆာင္ဖြဲ႕စည္းထားသည့္ BRICS အဖြဲ႕သို႔ ဝင္ေရာက္ရန္ စိတ္ဝင္စားေနေၾကာင္း ႐ုရွားသမၼတ ပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အဆိုပါအဖြဲ႕ကို ၂၀ဝ၆ ခုႏွစ္တြင္ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ႏိုင္ငံတို႔ ဦးေဆာင္စတင္ဖြဲ႕စည္းခဲ့ၿပီး ၂၀၁၁ ခုႏွစ္တြင္ ေတာင္အာဖရိကႏိုင္ငံက ပူးေပါင္း ပါဝင္ လာခဲ့ေၾကာင္းသိရသည္။ ႐ုရွားသမၼတပူတင္က အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား မိတ္ဖက္အျဖစ္ေဆာင္႐ြက္ မႈမ်ားကို ပိုမိုေလးနက္ေစရန္ ေဆာင္႐ြက္မည္ျဖစ္ သကဲ့သို႔ အျခားႏိုင္ငံေပါင္း (၃၄)ႏိုင္ငံက ပူးေပါင္း ပါဝင္ရန္ အဆိုျပဳထားေၾကာင္း ေျပာသည္။ အဆိုပါ အဖြဲ႕သည္ ယခုႏွစ္အတြင္း အီဂ်စ္၊ အီသီယိုးပီးယား၊ အီရန္၊ ေဆာ္ဒီအာေရးဗ်၊ ယူေအအီးႏိုင္ငံတို႔ကို တင္းျပည့္အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ေပးခဲ့ေၾကာင္း သိရသည္။

႐ုရွားသည္ လာမည့္ ေအာက္တိုဘာလတြင္ ကာဇန္ၿမိဳ႕၌ BRICS အဖြဲ႕ ထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္လက္ခံက်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။ ႐ုရွား သမၼတပူတင္က “ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံအမ်ားအျပား ပူးေပါင္းပါဝင္ဖို႔ စိတ္ဝင္စားမႈေတြကို လ်စ္လ်ဴရႈထားမွာ မဟုတ္ဘူး၊ အနည္းဆုံးႏိုင္ငံ ေပါင္း(၃၄)ႏိုင္ငံဟာ အဖြဲ႕အတြင္း ပူးေပါင္းပါ ဝင္ဖို႔ စိတ္ဝင္စားေနတယ္” ဟုေျပာသည္။

႐ုရွားသမၼတအႀကံေပးတစ္ဦးျဖစ္သူက တူရကီႏိုင္ငံသည္ BRICS အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပူးေပါင္း ပါဝင္ရန္ အဆိုျပဳကမ္းလွမ္းခဲ့ၿပီး တူရကီ သမၼတကို လာမည့္ The growing interest in BRICS ထိပ္သီး အစည္းအေဝးကို ကိုယ္တိုင္ တက္ေရာက္ရန္ ဖိတ္ၾကားခဲ့ေၾကာင္းေျပာသည္။ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္ကလည္း ၎တို႔သည္ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေရးဆုံးျဖတ္ခ်က္မ်ားကို ေစာင့္ဆိုင္း ေန ေၾကာင္း၊ လာမည့္ထိပ္သီးအစည္းအေဝးကိုတက္ေရာက္မည္ျဖစ္ေၾကာင္း စက္တင္ဘာလ အေစာပိုင္းတြင္ ေျပာဆိုခဲ့ဖူးသည္။

အဆိုပါအဖြဲ႕တြင္ ပူးေပါင္းပါဝင္ရန္ စိတ္ဝင္စားေနသည့္ႏိုင္ငံမ်ားထဲတြင္ ဘီလာ႐ုစ့္၊ ကူဝိတ္၊ ဘာရိန္း၊ က်ဴးဘား၊ ဗင္နီဇြဲလား၊ ဘဂၤလားေဒ့ရွ္တို႔ ပါဝင္ေနေၾကာင္း သိရိသည္။

Related news

© 2021. All rights reserved.