နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်

 1378

Pika (NP News) - စက်တင်ဘာ ၁၇

အနောက်အုပ်စုနိုင်ငံများ၏စစ်လက်နက်ပစ္စည်း များကို ယူကရိန်းအသုံးပြုမှုအပေါ် ကန့်သတ် ချက် များကို ဖယ်ရှားခြင်းသည် အမေရိကန်နှင့်၎င်း၏မိတ်ဖက်နိုင်ငံများက ရုရှားနှင့်ပဋိပက္ခတွင် တိုက် ရိုက် ပါဝင်ပတ်သက်နေခြင်းမျိုးဖြစ်ပြီး သင့်လျော်သော လက်တုံ့ပြန်မှုများနှင့်ရင်ဆိုင်ရလိမ့်မည် ဖြစ် ကြောင်း ရုရှားသမ္မတပူတင်က သတိပေးပြောဆိုခဲ့သည်။

အနောက်အုပ်စုနိုင်ငံများသည် ခရိုင်းမီးယား ကျွန်းဆွယ်နှင့် ဒွန်းဘက်စ်ဒေသတို့ကို တိုက်ခိုက်ရာတွင် ယူကရိန်းက အသုံးပြုခဲ့ဖူးသည့် Storm Shadows နှင့် ATACMS တို့ကဲ့သို့သော တာဝေးပစ်ဒုံးကျည်များ ကို ယူကရိန်းကို ပေးပို့ခဲ့ကြောင်း လည်း သိရသည်။ ပူတင်က “ ရုရှားရဲ့ပိုင်နက်နယ်မြေတွေကို တိုက်ခိုက်ဖို့ ယူကရိန်းအစိုးရကို ခွင့်ပြုတာ ဒါမှ မဟုတ် တားမြစ်တာတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကို ကျွန်တော်တို့ ပြောနေတာမဟုတ်ပါဘူး။ အရင်တည်းက ရုရှားပိုင်နက်နယ်မြေတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်တာမျိုးတွေက ရှိခဲ့ဖူးပြီးပါပြီ” ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ယူကရိန်းတွင် အနောက်အုပ်စု၏ တာဝေးပစ်ဒုံးကျည်စနစ်များကို အသုံးပြုနိုင်စွမ်းမျိုး မရှိကြောင်းနှင့် ယခုကဲ့သို့ တိုက်ခိုက်မှုများ လုပ် ဆောင်နိုင်ရန်အတွက် နေတိုးအဖွဲ့၏ ဂြိုဟ်တုများ ထံမှ ထောက်လှမ်းရေးအချက်အလက်များကို လို အပ်ကြောင်း ပူတင်ကပြောကြားခဲ့သည်။ ရုရှား၏ပိုင်နက် နယ်မြေများကို ယူကရိန်း၏တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပစ်ခတ်မှုဆိုင်ရာဖြေရှင်းချက်များကို နေတိုး တပ်ဖွဲ့ဝင်များကသာ လုပ်ဆောင်နိုင်ကြောင်း လည်း ပူတင်က ပြောကြားခဲ့သည်။ ဆိုလိုရင်းမှာ နေတိုး အဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများသည် ရုရှားကိုဆန့်ကျင်တိုက်ခိုက်နေခြင်းမျိုး ဖြစ် ကြောင်း ပူတင်ကထပ်မံ ပြောဆိုခဲ့သည်။ ပူတင်က “ အနောက်အုပ်စုတွေရဲ့လက်နက်တွေ အသုံးပြု ခွင့်အပေါ် ကန့်သတ်ချက်တွေကိုဖယ်ရှားတာက နေတိုးအဖွဲ့ဟာ ရုရှားနဲ့ပဋိပက္ခမှာ တိုက်ရိုက် ပါဝင် ပတ်သက်နေတာမျိုးပဲဖြစ်ပါတယ်။

သူတို့တွေရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုဟာ ပဋိပက္ခနဲ့ပတ်သက်တဲ့အခြေအနေတွေကို သိသိ သာသာပြောင်းလဲစေပါတယ်။ ကျွန်တော်တို့ ရင်ဆိုင် နေရတဲ့ ခြိမ်းခြောက်မှုတွေအပေါ်အခြေခံပြီး သင့် တော်တဲ့ဆုံးဖြတ်ချက်တွေကို ရုရှားအစိုးရက ချမှတ် သွားမှာပါ” ဟုပြောဆိုခဲ့သည်။

zawgyi version
ေနတိုးအဖြဲ႕အတြက္ သတိေပးခ်က္အသစ္ကို ႐ုရွားသမၼတပူတင္ ထုတ္ျပန္
Pika (NP News) - စက္တင္ဘာ ၁၇

အေနာက္အုပ္စုႏိုင္ငံမ်ား၏စစ္လက္နက္ပစၥည္း မ်ားကို ယူကရိန္းအသုံးျပဳမႈအေပၚ ကန႔္သတ္ ခ်က္ မ်ားကို ဖယ္ရွားျခင္းသည္ အေမရိကန္ႏွင့္၎၏မိတ္ဖက္ႏိုင္ငံမ်ားက ႐ုရွားႏွင့္ပဋိပကၡတြင္ တိုက္ ႐ိုက္ ပါဝင္ပတ္သက္ေနျခင္းမ်ိဳးျဖစ္ၿပီး သင့္ေလ်ာ္ေသာ လက္တုံ႔ျပန္မႈမ်ားႏွင့္ရင္ဆိုင္ရလိမ့္မည္ ျဖစ္ ေၾကာင္း ႐ုရွားသမၼတပူတင္က သတိေပးေျပာဆိုခဲ့သည္။

အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ခ႐ိုင္းမီးယား ကြၽန္းဆြယ္ႏွင့္ ဒြန္းဘက္စ္ေဒသတို႔ကို တိုက္ခိုက္ရာတြင္ ယူကရိန္းက အသုံးျပဳခဲ့ဖူးသည့္ Storm Shadows ႏွင့္ ATACMS တို႔ကဲ့သို႔ေသာ တာေဝးပစ္ဒုံးက်ည္မ်ား ကို ယူကရိန္းကို ေပးပို႔ခဲ့ေၾကာင္း လည္း သိရသည္။ ပူတင္က “ ႐ုရွားရဲ႕ပိုင္နက္နယ္ေျမေတြကို တိုက္ခိုက္ဖို႔ ယူကရိန္းအစိုးရကို ခြင့္ျပဳတာ ဒါမွ မဟုတ္ တားျမစ္တာေတြနဲ႔ပတ္သက္တဲ့အေၾကာင္းေတြကို ကြၽန္ေတာ္တို႔ ေျပာေနတာမဟုတ္ပါဘူး။ အရင္တည္းက ႐ုရွားပိုင္နက္နယ္ေျမေတြကို ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္တာမ်ိဳးေတြက ရွိခဲ့ဖူးၿပီးပါၿပီ” ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ ယူကရိန္းတြင္ အေနာက္အုပ္စု၏ တာေဝးပစ္ဒုံးက်ည္စနစ္မ်ားကို အသုံးျပဳႏိုင္စြမ္းမ်ိဳး မရွိေၾကာင္းႏွင့္ ယခုကဲ့သို႔ တိုက္ခိုက္မႈမ်ား လုပ္ ေဆာင္ႏိုင္ရန္အတြက္ ေနတိုးအဖြဲ႕၏ ၿဂိဳဟ္တုမ်ား ထံမွ ေထာက္လွမ္းေရးအခ်က္အလက္မ်ားကို လို အပ္ေၾကာင္း ပူတင္ကေျပာၾကားခဲ့သည္။ ႐ုရွား၏ပိုင္နက္ နယ္ေျမမ်ားကို ယူကရိန္း၏တိုက္ခိုက္မႈႏွင့္ ပတ္သက္၍ ပစ္ခတ္မႈဆိုင္ရာေျဖရွင္းခ်က္မ်ားကို ေနတိုး တပ္ဖြဲ႕ဝင္မ်ားကသာ လုပ္ေဆာင္ႏိုင္ေၾကာင္း လည္း ပူတင္က ေျပာၾကားခဲ့သည္။ ဆိုလိုရင္းမွာ ေနတိုး အဖြဲ႕ဝင္ႏိုင္ငံမ်ား၊ အေမရိကန္ႏွင့္ ဥေရာပ ႏိုင္ငံမ်ားသည္ ႐ုရွားကိုဆန႔္က်င္တိုက္ခိုက္ေနျခင္းမ်ိဳး ျဖစ္ ေၾကာင္း ပူတင္ကထပ္မံ ေျပာဆိုခဲ့သည္။ ပူတင္က “ အေနာက္အုပ္စုေတြရဲ႕လက္နက္ေတြ အသုံးျပဳ ခြင့္အေပၚ ကန႔္သတ္ခ်က္ေတြကိုဖယ္ရွားတာက ေနတိုးအဖြဲ႕ဟာ ႐ုရွားနဲ႔ပဋိပကၡမွာ တိုက္႐ိုက္ ပါဝင္ ပတ္သက္ေနတာမ်ိဳးပဲျဖစ္ပါတယ္။

သူတို႔ေတြရဲ႕ တိုက္႐ိုက္ပါဝင္ပတ္သက္မႈဟာ ပဋိပကၡနဲ႔ပတ္သက္တဲ့အေျခအေနေတြကို သိသိ သာသာေျပာင္းလဲေစပါတယ္။ ကြၽန္ေတာ္တို႔ ရင္ဆိုင္ ေနရတဲ့ ၿခိမ္းေျခာက္မႈေတြအေပၚအေျခခံၿပီး သင့္ ေတာ္တဲ့ဆုံးျဖတ္ခ်က္ေတြကို ႐ုရွားအစိုးရက ခ်မွတ္ သြားမွာပါ” ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.