တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော

 845

Pika (NP News) - စက်တင်ဘာ ၁၇

တရုတ်နှင့်အိန္ဒိယကြားဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ တွင် တိုးတက်မှုအနည်းငယ်ရှိခဲ့ပြီး ပြဿနာများ၏(၇၅) ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီး S. Jaishankar က စက်တင်ဘာလ(၁၂)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

(၂၀၂၀) ပြည့်နှစ်တွင် နယ်စပ်ဒေသ၌တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက် စလုံးတွင် အသေအပျောက်များရှိခဲ့ပြီးနောက်ပိုင်းတည်းက နယ်စပ်ဆိုင်ရာ ဆွေးနွေးပွဲများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

S. Jaishankar က “ဒါပေမဲ့လည်း ကျွန်တော်တို့မှာ လုပ်စရာတွေတော့ရှိပါသေးတယ်” ဟု မှတ်ချက်ပြုပြောဆိုခဲ့သည်။ အာရှအင်အားကြီး နှစ်နိုင်ငံကြား သဘောတူညီချက်များကို ပျက်ပြားသွား စေခဲ့သည့် (၂၀၂၀) ပြည့်နှစ်ကဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် နှစ်နိုင်ငံကြားဆက်ဆံရေးကို ထိခိုက်စေခဲ့ ကြောင်း S. Jaishankar ကပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံလုံးက အခြေခံအဆောက်အအုံ များကို တည်ဆောက်နေသည့် နယ်စပ်ဒေသတွင် ဖြစ်ပွားနေသော စစ်ရေးတင်းမာမှု ပြဿနာများကို S. Jaishankar က အလေးပေး ပြောကြားခဲ့ကြောင်း လည်းသိရသည်။ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကြား ထိစပ်နေသော နယ်စပ်အရှည် (၃၃၇၉) ကီလိုမီတာသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံကြား ဖြစ်ပွားနေသော တင်းမာမှုများ၏ အဓိက ရင်းမြစ် ဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာပြီလည်းဖြစ်သည်။

(၂၀၂၀)ခုနှစ်တွင် နယ်စပ်ဒေသ၌ နှစ်နိုင်ငံ တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့ သည့် လေးနှစ်နီးပါးအတွင်း အိန္ဒိယနှင့်တရုတ်တို့သည် နယ်စပ်ဆိုင်ရာဆွေးနွေးပွဲများကို အကြိမ်ပေါင်း (၃၀)ကျော် လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးသည်နယ်စပ်အငြင်းပွားမှု ပြဿ နာများ နှင့်ပတ်သက်ပြီး အပြုသဘောဆောင်သည့်အမြင်များကို ပွင့်ပွင့်လင်းလင်း ဖလှယ်ခဲ့ကြကြောင်း အိန္ဒိယ အစိုးရက ပြောကြားခဲ့ဖူးသည်။

အိန္ဒိယနှင့်တရုတ်တို့သည် ၎င်းတို့၏ တပ်ဖွဲ့များ ကို ပုံမှန်လည်ပတ်နေကျအခြေစိုက်စခန်းများ ကို ပြန်လည်ခေါ်ယူထားရန်နှင့် တရားဝင် မသတ်မှတ်ထားသော နယ်စပ်တစ်လျှောက်ရှိ အချို့ နေရာ များတွင် ကင်းလှည့်မှုများနှင့်ပတ်သက်ပြီး သဘောတူညီချက်များရရှိရန်အတွက် ညှိနှိုင်းနေကြကြောင်း S. Jaishankar က ပြောကြားခဲ့သည်။

zawgyi version
တ႐ုတ္ႏွင့္ျဖစ္ပြားေနသည့္ နယ္စပ္အျငင္းပြားမႈျပႆနာမ်ား၏(၇၅)ရာခိုင္ႏႈန္းခန႔္ကို ေျဖရွင္းၿပီးေၾကာင္း အိႏၵိယအစိုးရေျပာ
Pika (NP News) - စက္တင္ဘာ ၁၇

တ႐ုတ္ႏွင့္အိႏၵိယၾကားျဖစ္ပြားေနေသာ နယ္စပ္အျငင္းပြားမႈမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးမႈမ်ား တြင္ တိုးတက္မႈအနည္းငယ္ရွိခဲ့ၿပီး ျပႆနာမ်ား၏(၇၅) ရာခိုင္ႏႈန္းခန႔္ကို ေျဖရွင္းၿပီးျဖစ္ေၾကာင္း အိႏၵိယ ျပည္ပေရးရာဝန္ႀကီး S. Jaishankar က စက္တင္ဘာလ(၁၂)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

(၂၀၂၀) ျပည့္ႏွစ္တြင္ နယ္စပ္ေဒသ၌တ႐ုတ္ႏွင့္အိႏၵိယတပ္ဖြဲ႕ၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္ စလုံးတြင္ အေသအေပ်ာက္မ်ားရွိခဲ့ၿပီးေနာက္ပိုင္းတည္းက နယ္စပ္ဆိုင္ရာ ေဆြးေႏြးပြဲမ်ားကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

S. Jaishankar က “ဒါေပမဲ့လည္း ကြၽန္ေတာ္တို႔မွာ လုပ္စရာေတြေတာ့ရွိပါေသးတယ္” ဟု မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။ အာရွအင္အားႀကီး ႏွစ္ႏိုင္ငံၾကား သေဘာတူညီခ်က္မ်ားကို ပ်က္ျပားသြား ေစခဲ့သည့္ (၂၀၂၀) ျပည့္ႏွစ္ကျဖစ္ပြားခဲ့ေသာ ျဖစ္ရပ္သည္ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို ထိခိုက္ေစခဲ့ ေၾကာင္း S. Jaishankar ကေျပာၾကားခဲ့သည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံလုံးက အေျခခံအေဆာက္အအုံ မ်ားကို တည္ေဆာက္ေနသည့္ နယ္စပ္ေဒသတြင္ ျဖစ္ပြားေနေသာ စစ္ေရးတင္းမာမႈ ျပႆနာမ်ားကို S. Jaishankar က အေလးေပး ေျပာၾကားခဲ့ေၾကာင္း လည္းသိရသည္။ အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံတို႔ၾကား ထိစပ္ေနေသာ နယ္စပ္အရွည္ (၃၃၇၉) ကီလိုမီတာသည္ ကမာၻေပၚတြင္ လူဦးေရအမ်ားဆုံးႏိုင္ငံ ႏွစ္ႏိုင္ငံၾကား ျဖစ္ပြားေနေသာ တင္းမာမႈမ်ား၏ အဓိက ရင္းျမစ္ ျဖစ္ေနခဲ့သည္မွာ အခ်ိန္အေတာ္ၾကာၿပီလည္းျဖစ္သည္။

(၂၀၂၀)ခုႏွစ္တြင္ နယ္စပ္ေဒသ၌ ႏွစ္ႏိုင္ငံ တပ္ဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ၿပီးခဲ့ သည့္ ေလးႏွစ္နီးပါးအတြင္း အိႏၵိယႏွင့္တ႐ုတ္တို႔သည္ နယ္စပ္ဆိုင္ရာေဆြးေႏြးပြဲမ်ားကို အႀကိမ္ေပါင္း (၃၀)ေက်ာ္ လုပ္ေဆာင္ခဲ့ၾကေၾကာင္းသိရသည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံစလုံးသည္နယ္စပ္အျငင္းပြားမႈ ျပႆ နာမ်ား ႏွင့္ပတ္သက္ၿပီး အျပဳသေဘာေဆာင္သည့္အျမင္မ်ားကို ပြင့္ပြင့္လင္းလင္း ဖလွယ္ခဲ့ၾကေၾကာင္း အိႏၵိယ အစိုးရက ေျပာၾကားခဲ့ဖူးသည္။

အိႏၵိယႏွင့္တ႐ုတ္တို႔သည္ ၎တို႔၏ တပ္ဖြဲ႕မ်ား ကို ပုံမွန္လည္ပတ္ေနက်အေျခစိုက္စခန္းမ်ား ကို ျပန္လည္ေခၚယူထားရန္ႏွင့္ တရားဝင္ မသတ္မွတ္ထားေသာ နယ္စပ္တစ္ေလွ်ာက္ရွိ အခ်ိဳ႕ ေနရာ မ်ားတြင္ ကင္းလွည့္မႈမ်ားႏွင့္ပတ္သက္ၿပီး သေဘာတူညီခ်က္မ်ားရရွိရန္အတြက္ ညႇိႏႈိင္းေနၾကေၾကာင္း S. Jaishankar က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.