ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော

 695

Pika (NP News) - စက်တင်ဘာ ၁၇

ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ဟာ အီရန်ကျောထောက်နောက်ခံပြုဒေသတွင်း မိတ်ဖက်တွေရဲ့ အကူ အညီတွေနဲ့အတူ အစ္စရေးနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို နောက်ထပ်(၁)နှစ်နီးပါး ဆက်တိုက်ဖို့အတွက် လုံ လောက်တဲ့အရင်းအမြစ်တွေရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့အကြီးအကဲ ယာယာဆင်ဝါက စက်တင်ဘာလ(၁၆)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ယာယာဆင်ဝါက "အစ္စရေးနဲ့ ရှည်လျားတဲ့စစ်ပွဲကိုဆက်လက်ဖြစ်ပွားနိုင်ဖို့အတွက် ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပြင်ဆင်ထားပြီးပါပြီ"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အစ္စရေးတပ်ဖွဲ့တွေရဲ့ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၂)ဒါဇင်လောက် သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက စက်တင်ဘာလ(၁၆)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခဖြစ်ပွားလာနိုင်ခြေနဲ့ပတ်သက်ပြီး အစ္စရေးကာကွယ်ရေးဝန်ကြီးYoav Gallant က သတိပေးပြောဆိုခဲ့ပြီးနောက် အဲဒီတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ယာယာဆင်ဝါက "လက်ဘ နွန်နိုင်ငံနဲ့ အီရတ်တို့မှာရှိတဲ့ အခြားအဖွဲ့တွေနဲ့အတူ ကျွန်တော်တို့ရဲ့ပူးပေါင်းကြိုးပမ်းမှုတွေက ရန်သူတွေကို ချေမှုန်းပစ်နိုင်ပါလိမ့်မယ်"လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်အပါအဝင် အခြားနိုင်ငံတွေဟာ အစ္စရေးနဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိဖို့အတွက် ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်နေပေမယ့်လည်း လက်ရှိအချိန်အထိတော့ သဘောတူညီချက်မရရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အီဂျစ်အရာရှိတွေနဲ့အတူ အစ္စရေး-ဟားမတ်စ်စစ်ပွဲအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို လုပ်ဆောင်ဖို့အတွက် ယခုသီတင်းပတ်အတွင်း အီဂျစ်နိုင်ငံကို သွား ရောက်လည်ပတ်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာကပြောကြားခဲ့ပါတယ်။

zawgyi version
ဂါဇာမွာ ကာလရွည္ၾကာစစ္ပြဲျဖစ္ပြားဖို႔အတြက္ အရင္းအျမစ္ေတြလုံလုံေလာက္ေလာက္ရွိတယ္လို႔ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - စက္တင္ဘာ ၁၇

ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ဟာ အီရန္ေက်ာေထာက္ေနာက္ခံျပဳေဒသတြင္း မိတ္ဖက္ေတြရဲ႕ အကူ အညီေတြနဲ႔အတူ အစၥေရးနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို ေနာက္ထပ္(၁)ႏွစ္နီးပါး ဆက္တိုက္ဖို႔အတြက္ လုံ ေလာက္တဲ့အရင္းအျမစ္ေတြရွိတယ္လို႔ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕အႀကီးအကဲ ယာယာဆင္ဝါက စက္တင္ဘာလ(၁၆)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ယာယာဆင္ဝါက "အစၥေရးနဲ႔ ရွည္လ်ားတဲ့စစ္ပြဲကိုဆက္လက္ျဖစ္ပြားႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ ကိုယ့္ကိုကိုယ္ျပင္ဆင္ထားၿပီးပါၿပီ"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အစၥေရးတပ္ဖြဲ႕ေတြရဲ႕ ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၂)ဒါဇင္ေလာက္ ေသဆုံးခဲ့တယ္လို႔ ေဆးဘက္ဆိုင္ရာနဲ႔ကယ္ဆယ္ေရးအဖြဲ႕ေတြက စက္တင္ဘာလ(၁၆)ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။ ေဒသတြင္းမွာ ပိုမိုက်ယ္ျပန႔္တဲ့ ပဋိပကၡျဖစ္ပြားလာႏိုင္ေျခနဲ႔ပတ္သက္ၿပီး အစၥေရးကာကြယ္ေရးဝန္ႀကီးYoav Gallant က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ အဲဒီတိုက္ခိုက္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ယာယာဆင္ဝါက "လက္ဘ ႏြန္ႏိုင္ငံနဲ႔ အီရတ္တို႔မွာရွိတဲ့ အျခားအဖြဲ႕ေတြနဲ႔အတူ ကြၽန္ေတာ္တို႔ရဲ႕ပူးေပါင္းႀကိဳးပမ္းမႈေတြက ရန္သူေတြကို ေခ်မႈန္းပစ္ႏိုင္ပါလိမ့္မယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

အေမရိကန္အပါအဝင္ အျခားႏိုင္ငံေတြဟာ အစၥေရးနဲ႔ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိဖို႔အတြက္ ေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ေနေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ သေဘာတူညီခ်က္မရရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္ဟာ အီဂ်စ္အရာရွိေတြနဲ႔အတူ အစၥေရး-ဟားမတ္စ္စစ္ပြဲအပစ္အခတ္ရပ္စဲေရးေဆြးေႏြးပြဲကို လုပ္ေဆာင္ဖို႔အတြက္ ယခုသီတင္းပတ္အတြင္း အီဂ်စ္ႏိုင္ငံကို သြား ေရာက္လည္ပတ္လိမ့္မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မက္သ႐ူးမီလာကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.