ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု

 453

Pika (NP News) - စက်တင်ဘာ ၁၇

တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေကို ရင်ဆိုင်ရာမှာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေစေဖို့ အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ထိုင်ဝမ်ကိုရောင်းချဖို့အတွက် အတည်ပြုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ(၁၆)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲဒီစစ်ဘက်ဆိုင်ရာ အပိုပစ္စည်းတွေကို ထိုင်ဝမ်တပ်ဖွဲ့တွေမှာ တပ်ဆင်ပေးဖို့အတွက် ထိုင်ဝမ်စစ်တပ်မှာ အခက်အခက်တွေရှိမှာမဟုတ်ဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်နဲ့တရားဝင်ဆက်ဆံရေးတွေ မရှိပေမယ့်လည်း ထိုင်ဝမ်ရဲ့အရေးအကြီးဆုံး ထောက်ခံသူနဲ့ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးတဲ့နိုင်ငံဖြစ်တယ်လို့လည်း သိရပါတယ်။ယခုလအတွင်း အကောင်အထည်ပေါ်လာနိုင်ပုံပေါ်တဲ့ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းရောင်းချမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရကို ကျေးဇူးတင်မိတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေဟာ ကျွန်တော်တို့ရဲ့လေပိုင်နက်နဲ့ရေပိုင်နက်အတွင်းမှာ လေ့ကျင့်ရေးနေရာနဲ့ တုံ့ပြန်မှုအချိန်တွေကို ပိုမိုကျဉ်းမြောင်းနည်းပါးလာစေပါတယ်။ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေရောင်းချဖို့ အမေရိကန်အစိုးရရဲ့သဘောတူညီမှုဟာ ကျွန်တော်တို့စစ်တပ်ရဲ့ တိုက်ခိုက်ရေးအဆင်သင့်ဖြစ်မှုနဲ့ ဘေးကင်းမှုတို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်"လို့ ပြောဆိုခဲ့ပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ်ရှုမြင်ထားပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ယခင်က ထုတ်ပြန်ပြောခဲ့ဖူးပါတယ်။

zawgyi version
ထိုင္ဝမ္ကို အေမရိကန္ေဒၚလာ(၂၂၈)သန္းတန္ဖိုးရွိ စစ္ဘက္ဆိုင္ရာအပိုပစၥည္းေတြ ေရာင္းခ်ေပးဖို႔ အေမရိကန္အစိုးရအတည္ျပဳ
Pika (NP News) - စက္တင္ဘာ ၁၇

တ႐ုတ္ႏိုင္ငံရဲ႕ စစ္ေရးနဲ႔ႏိုင္ငံေရးအရ ဖိအားေပးမႈေတြကို ရင္ဆိုင္ရာမွာ တိုက္ပြဲဝင္ဖို႔ အဆင္သင့္ျဖစ္ေနေစဖို႔ အေမရိကန္ေဒၚလာ(၂၂၈)သန္းတန္ဖိုးရွိ စစ္ဘက္ဆိုင္ရာပစၥည္းေတြကို ထိုင္ဝမ္ကိုေရာင္းခ်ဖို႔အတြက္ အတည္ျပဳခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စက္တင္ဘာလ(၁၆)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

အဲဒီစစ္ဘက္ဆိုင္ရာ အပိုပစၥည္းေတြကို ထိုင္ဝမ္တပ္ဖြဲ႕ေတြမွာ တပ္ဆင္ေပးဖို႔အတြက္ ထိုင္ဝမ္စစ္တပ္မွာ အခက္အခက္ေတြရွိမွာမဟုတ္ဘူးလို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။အေမရိကန္ႏိုင္ငံဟာ ထိုင္ဝမ္နဲ႔တရားဝင္ဆက္ဆံေရးေတြ မရွိေပမယ့္လည္း ထိုင္ဝမ္ရဲ႕အေရးအႀကီးဆုံး ေထာက္ခံသူနဲ႔ စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးတဲ့ႏိုင္ငံျဖစ္တယ္လို႔လည္း သိရပါတယ္။ယခုလအတြင္း အေကာင္အထည္ေပၚလာႏိုင္ပုံေပၚတဲ့ စစ္ဘက္ဆိုင္ရာအပိုပစၥည္းေရာင္းခ်မႈနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရကို ေက်းဇူးတင္မိတယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။

ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက "တ႐ုတ္စစ္တပ္ရဲ႕ စစ္ေရးေလ့က်င့္မႈေတြနဲ႔ ႏိုင္ငံေရးအရ ဖိအားေပးမႈေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ေလပိုင္နက္နဲ႔ေရပိုင္နက္အတြင္းမွာ ေလ့က်င့္ေရးေနရာနဲ႔ တုံ႔ျပန္မႈအခ်ိန္ေတြကို ပိုမိုက်ဥ္းေျမာင္းနည္းပါးလာေစပါတယ္။ စစ္ဘက္ဆိုင္ရာအပိုပစၥည္းေတြေရာင္းခ်ဖို႔ အေမရိကန္အစိုးရရဲ႕သေဘာတူညီမႈဟာ ကြၽန္ေတာ္တို႔စစ္တပ္ရဲ႕ တိုက္ခိုက္ေရးအဆင္သင့္ျဖစ္မႈနဲ႔ ေဘးကင္းမႈတို႔ကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ ကူညီေပးပါလိမ့္မယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းႏိုင္ဖို႔အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ယခင္က ထုတ္ျပန္ေျပာခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.