CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း

 1322

ယွန်း(NP News) - စက်တင်ဘာ ၁၇

CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့(စက်တင်ဘာ ၁၇ ရက်)တွင် အသိပေးထားခြင်းဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ CB Bank မှ ရေဘေးကျရောက်သည့် ဒေသများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပံ့ပိုးကူညီရန် စုစုပေါင်းငွေကျပ် သိန်းပေါင်း သုံးသောင်းကို မတည်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရေဘေးကျရောက်သည့် လိုအပ်နေသော ဒေသများထံသို့ လိုအပ်သည်များကို လှူဒါန်းပေးသွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ပါဝင်ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း CB Bank က ဆိုထားသည်။

လက်ရှိတွင် သာသနာတော်အတွင်းမှ ထင်ရှားသည့်ဆရာတော်ကြီးများ အပါအဝင် ထင်ရှားသော အနုပညာရှင်များ၊ ပြည်သူများမှလည်း လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်နေရသည်။

အလားတူ ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်(၁၀)ဘီလျံနှင့် ဧရာဝတီဘဏ်မှ ‌ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများ လှူဒါန်းထားကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်များအရ သိရသည်။

zawgyi version
CB Bank မွ ေရေဘးသင့္ေဒသမ်ားအတြက္ ေငြက်ပ္သိန္းေပါင္း သုံးေသာင္း မတည္လႉဒါန္း

ယြန္း(NP News) - စက္တင္ဘာ ၁၇

CB Bank မွ ေရေဘးသင့္ေဒသမ်ားအတြက္ ေငြက်ပ္သိန္းေပါင္း သုံးေသာင္း မတည္လႉဒါန္းေၾကာင္း ၎တို႔၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ယေန႔(စက္တင္ဘာ ၁၇ ရက္)တြင္ အသိေပးထားျခင္းျဖစ္သည္။

စက္တင္ဘာ ၁၄ ရက္ေန႔မွစ၍ CB Bank မွ ေရေဘးက်ေရာက္သည့္ ေဒသမ်ားအတြက္ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားတြင္ ပံ့ပိုးကူညီရန္ စုစုေပါင္းေငြက်ပ္ သိန္းေပါင္း သုံးေသာင္းကို မတည္လႉဒါန္းေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေရေဘးက်ေရာက္သည့္ လိုအပ္ေနေသာ ေဒသမ်ားထံသို႔ လိုအပ္သည္မ်ားကို လႉဒါန္းေပးသြားမည္ျဖစ္ၿပီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားတြင္လည္း ပါဝင္ကူညီလႉဒါန္းသြားမည္ျဖစ္ေၾကာင္း CB Bank က ဆိုထားသည္။

လက္ရွိတြင္ သာသနာေတာ္အတြင္းမွ ထင္ရွားသည့္ဆရာေတာ္ႀကီးမ်ား အပါအဝင္ ထင္ရွားေသာ အႏုပညာရွင္မ်ား၊ ျပည္သူမ်ားမွလည္း လႉဒါန္းမႈမ်ား ျပဳလုပ္လ်က္ရွိသည္ကို ေတြ႕ျမင္ေနရသည္။

အလားတူ ေရေဘးသင့္ေဒသရွိ ျပည္သူမ်ားအတြက္ ကေမာၻဇဘဏ္မွ ေငြက်ပ္(၁၀)ဘီလ်ံႏွင့္ ဧရာဝတီဘဏ္မွ ‌ေငြက်ပ္သိန္းတစ္ေသာင္းတန္ဖိုးရွိ စားနပ္ရိကၡာမ်ား လႉဒါန္းထားေၾကာင္း ၎တို႔၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.