စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ

 807

သန့်ဇင် (NP News) - စက်တင်ဘာ ၁၈

စစ်၏ အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာကြောင်း မြို့ပြ နှင့် ကျေးလက်နေ ပြည်သူများထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

လက်ရှိတွင် MNDAA, TNLA, AA နှင့် PDF အပါအဝင် လက်နက်ကိုင်များကြောင့် တိုက်ပွဲဖြစ် ဒေသများမှ စစ်ဘေးရှောင်ပြည်သူများစွာတို့မှာ မိမိတို့၏ကိုယ်ပိုင်ပစ္စည်းဥစ္စာများကိုထားခဲ့ရပြီး အများစုမှာ ကိုယ်လွတ်ရုန်းပြေးကြရသည်အထိ အခြေအနေ ဆိုးရွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လားရှိုးမြို့မှ ထွက်ခွာလာခဲ့သူ စစ်ဘေးရှောင်တစ်ဦးက ထိုစဉ်က အခြေအနေကို ယခုကဲ့သို့ ရင်ဖွင့်ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ အရာရာဆုံးရှုံးရတာပေါ့ဗျာ။ ကျွန်တော်တို့ အနှစ်နှစ် အလလ စုဆောင်းထားတဲ့ အိုးတွေ၊ အိမ်တွေ၊ ခြံတွေ အကုန်လုံးက အချည်းနှီး ဖြစ်သွားတာ။ ပြန်ရဖို့မမျှော်လင့်တော့ပါဘူး။ ပြီးတော့ ကျွန်တော်တို့ဆက်နေရင်တောင် နေဖို့ အဆင်မ ပြေတော့ဘူး။ ကျွန်တော်တို့လားရှိုးက အခု ဒီမိုကရေစီရသွားပြီလေ။ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာနဲ့ လမ်းတွေဆိုရင်လည်း ပြောင်းပြန်တွေ မောင်းလိုမောင်း ဖြစ်ချင်တိုင်းဖြစ်နေကြပြီ။ ကျွန်တော်တို့က အဲဒီလို ဒီမိုကရေစီကျတော့ ကြောက်တယ် ဗျ။ နေရင်တော့နေလို့ရပါတယ်။ တစ်ချိန်မှာ တပ်ကပြန်ပြီး ထိုးစစ်ဆင်မလားဆိုတာလည်း မသိနိုင်ဘူး လေ။ ဘေးမှာထွက်နေတာက အနည်းနဲ့အများ အဆင်ပြေသေးတယ်” ဟု ၎င်းကဆိုသည်။

စစ်ပွဲနှင့်ပတ်သက်၍ လက်ရှိ မြန်မာနိုင်ငံအတွင်း အလုံခြုံဆုံးနေရာဟု သတ်မှတ်ထားကြသော ရန်ကုန်မြို့တွင်လည်း စစ်နှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်။ နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးနှင့် စီပွားရေးမြို့တော်တစ်ခုဖြစ်သော ရန်ကုန်မြို့သို့ မြန်မာနိုင်ငံ အနှံ့အပြားမှ စစ်ဘေးရှောင်သူများ တဖွဲဖွဲဝင်ရောက်လာနေကြောင်းကိုလည်း တွေ့မြင်ရသည်။

NP News က ဆက်သွယ် စကားပြောဆိုခွင့်ရခဲ့သော ပြည်သူများအနက် အချို့က စစ်ဖြစ်လာပါက မည်သည့်နေရာသို့ တိမ်းရှောင်မည်ဆိုသော အစီအစဉ်ကို ယခုကပင်တွေးထားပြီး အချို့ကမူ မတွေးမိကြသေးပေ။

“ မြန်မာနိုင်ငံရဲ့ဘယ်မှာပဲဖြစ်ဖြစ် ကိုယ်တွေနေရာမှာဖြစ်သလို ခံစားရတယ်။ အဲဒီမှာ အကုန်လုံး က ရွှေ့ပြောင်းလာတယ်။ အကုန်လုံးက ကျပ်တည်းနေတာပေါ့။ အဲဒီဘက်ပြီးရင် ကိုယ့်ဆီကိုဘယ်အချိန် ဝင်လာမလဲဆိုတာကလည်း ရင်တထိတ်ထိတ်နဲ့ပေါ့။ အခုလောလောဆယ်ဆယ်ကတော့ အကုန်လုံးက ရန်ကုန်ကိုပဲရှောင်နေကြတာ။ ဒီမှာပါဖြစ်ရင် ဒီကနေ ဘယ်ကိုဆက်ရှောင်မလဲ ဘယ်ကိုပြေး မလဲတွေး တာပေါ့၊ စိုးရိမ်တာပေါ့။ တိုက်ပွဲဖြစ်လာရင်ဆိုတဲ့စိတ်နဲ့ Plan ချထားတာတော့ မရှိပါဘူး။ အများနဲ့ဆို တော့ လွတ်မယ့်နေရာ အကုန်ပြေးရမှာပေါ့။ သီးသန့်ကြီးတော့ စီစဉ်ထားတာမရှိပါဘူး” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းအတွင်းနေထိုင်ပြီး စစ်ဘေးကို တစ်သက်တာတွင် တစ်ကြိမ်မျှ ကြုံခဲ့ရဖူးခြင်း မရှိသေးသူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကမူ ၎င်း နေထိုင်ရာနေရာတွင် တိုက်ပွဲဖြစ်ပါက တစ်ရပ်တစ်ကျေးတွင် ရှောင်ခြင်းထက် မိမိဒေသတွင် အလျဉ်းသင့်သလိုရှောင်ရန် ဆုံးဖြတ်ထားကြောင်း ဆိုသည်။

“ ကျွန်တော်ကတော့ အဝေးပြးမယ်ဆိုလည်း ပိုက်ဆံမရှိဘဲနဲ့ တစ်နယ်တစ်ကျေးမှာ အိပ်လိုက် စားလိုက်နဲ့ ဘယ်သူက ကျွေးထားမှာမို့လို့လဲ။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် လွတ်တဲ့နေရာလေး ဒီနေရာ ပစ် ဟိုနေရာပြေး၊ ဟိုနေရာပစ် ဒီနေရာပြေး နေရာမယ့်သဘောပေါ့။ ဥပမာ တံတားဦးမှာပစ်နေရင် တံတားဦးနဲ့ ဝေးတဲ့ အင်းဝသွားနေပေါ့။ ဒါမျိုးရှိတာပေါ့” ဟု ၎င်းကဆိုသည်။

ထို့ပြင် ၎င်းအနေဖြင့် စစ်၏ဆိုးကျိုးကိုလည်း ကြိုတွေးထားပြီး စိတ်ပူကြောင်းဆိုသည်။ “ စိုးရိမ် စိတ်ကတော့ရှိတာပေါ့ဗျာ။ ကိုယ်ကိုယ်တိုင်က မကြုံရသေးပေမယ့် ကိုယ့်အမျိုးအသိုင်းအဝိုင်းထဲမှာ ကြုံနေရပြီလေ။ အဲဒီလိုမျိုးကြုံနေရတော့ စစ်ဖြစ်တယ်ဆိုတာ ကိုယ်အနှစ်နှစ်အလလစုထားတဲ့ ပစ္စည်း တွေ ဆုံးရှုံးတာပေါ့။ အိမ်တစ်အိမ် မီးလောင်ပျက်စီးသွားရင် အဲဒီအိမ်တစ်အိမ်ဖြစ်ဖို့ နှစ်(၂၀)(၂၅)နှစ် လောက် ကြိုးစားရတာ။ ပြေးရင်းနဲ့ စားဝတ်နေရေးကို ဘယ်လို ဖြေရှင်းမလဲဆိုတာကလည်းရှိသေး တာကိုး။ ရမ်းသမ်း ပြေးလို့လည်း ရတာမဟုတ်ဘူး။ ဒါမျိုးတွေပေါ့။ နိုင်ငံသားတစ်ယောက်အနေနဲ့ အပူတွေတော့ ရှိတာပေါ့” ဟု ၎င်းက လေးလေးပင်ပင်ဆိုသည်။

စစ်ပွဲများသည် ပြည်သူလူထုအတွက် ကောင်းကျိုးမရှိဘဲ တိုက်ပွဲများဖော်ဆောင်ခံခဲ့ရသည့်မြိုရွာ များသည် များစွာ ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့ရပြီး တိုက်ပွဲအလွန်ကာလတွင်လည်း ပြန်လည် ထူထောင်ရေး လုပ်ဆောင်ရာတွင် တည်ဆောက်ရေးအပြင် အခြား သောအခက်အခဲများစွာနှင့် ကြုံတွေ့ ရနိုင်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးကဆိုသည်။ “ လွိုင်ကော်မှာလည်းပဲ ပြန်လည်ထူထောင်ရေးလုပ်ရမှာ က တော်တော်လေးကို ပြန်လုပ်ရမှာတွေရှိတယ်။ အဲဒါကျ စိတ်မကောင်းဘူး။ တချို့ကလည်းရှိတယ်။ အခြား ဖြစ်နေတဲ့နေရာတွေ လားရှိုးတို့ အခြားနေရာတွေမှာလည်းပဲ မိတ်ဆွေတွေလှမ်းပြီး ပြောကြတာ ပေါ့နော်။ သူတို့ ပြောတဲ့စကားနဲ့တင်ကို သူတို့ဖြစ်နေတဲ့ စစ်ပွဲရောက် လာတဲ့နေရာတွေတော်တော် လေးကို အဆင်မပြေ ဖြစ်ကြတယ်။ နောက်ပြီးတော့ ဒုက္ခတွေရောက်ကြတယ်ပေါ့နော်။ ပြင်ဆင်ချိန် မရှိ ဘူး။ ပြင်ဆင်ချိန်မရှိတဲ့အခါကျတော့ ဘဝတစ်ခုလုံးနဲ့ပါဆိုင်တာလေ။ မိသားစုတွေ ဘဝတွေ ဒါတွေ ပျက်စီးသွားတာပေါ့။ အဲဒါကြောင့် သူတို့တွေ တော်တော်လေးကို စိတ်မကောင်း ဖြစ်ကြတယ်။ ဆုံးရှုံးမှုတွေများတယ်ပေါ့။ ကျွန်တော်တို့ ဆီမှာတော့ အဲဒီလိုမျိုးက ရောက်တော့မလာသေးဘူး။ အကယ် ၍ ရောက်လာခဲ့မယ်ဆိုရင်လည်းပဲ ဘယ်လောက်ပဲပြင်ဆင်ပြင်ဆင် စစ်ဆိုတာ ဖြစ်ပြီဆိုလို့ရှိရင် ဆုံးရှုံးမှုပဲ အရင်ဆုံးစပြီးခံစားရတာပေါ့” ဟု ၎င်းကဆိုသည်။

ပြည်သူတစ်ယောက်အနေဖြင့် တိုင်းပြည်တွင် ပြဿနာကို စစ်မက်ဖြင့်ဖြေရှင်းနည်းထက် ဆွေးနွေးသော လမ်းစဉ်ကိုသာ အသုံးပြုစေလိုကြောင်းဆိုသည်။

“ ဒီလိုနိုင်ငံရေးပြဿနာတွေတွေကို အတတ်နိုင်ဆုံး ဆွေးနွေးတဲ့နည်းလမ်းနဲ့ အဖြေရှာစေချင် တယ်။ ဘာလို့ဆို စစ်ဆိုတာ ဖြစ်ရင် နှစ်ဖက်စလုံးအတွက် အဆုံးအရှုံးများတယ်။ အဲဒီထဲကမှ ပိုဆိုးတာ က ပြည်သူတွေက မြေစာပင်ဖြစ်ရတာပေါ့။ ကျောင်းတွေ ပိတ်လိုက်ရတယ်။ အလုပ်လုပ်ခွင့်တွေ ဆုံးရှုံး သွားတယ်။ နောက်ပြီး ကိုယ်တစ်သက်လုံးနေလာတဲ့ အိမ်တွေ ကိုယ့်နေရပ်တွေ စွန့်ခွာခဲ့ရတယ်။ ဒါတွေအကုန် ဆုံးရှုံးတာပဲ။ အခု ရခိုင်ဘက်လည်း အတူတူပဲ ပေါ့နော်။ စစ်ဖြစ်နေတဲ့နေရာအကုန် အတူတူပါပဲ။ ပဋိပက္ခတွေဖြစ်တဲ့အချိန်မှာ ဆွေးနွေးညှိနှိုင်းတဲ့နည်း လမ်းနဲ့ပဲသွားစေချင်တယ်။ တစ်ဖက် နဲ့တစ်ဖက် စစ်ပွဲ နည်းလမ်းနဲ့ဖြေရှင်းတာဟာ ရေတိုအတွက်လည်း မကောင်းသလို ရေရှည် အတွက် လည်းမကောင်းပါဘူး။ အသက်တွေပေးရတယ်။ အများကြီးဆုံးရှုံး မှုတွေရှိတဲ့ အတွက် အတတ်နိုင် ဆုံးတော့ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ အဖြေရှာစေချင်ပါတယ်။ အဓိကကတော့ ပြည်သူကိုကြည့် ပါလို့ပြောချင်ပါတယ်” ဟု ၎င်းက ပြည်သူတစ်ဦးအနေဖြင့် ဆန္ဒကို ရင်ဖွင့်ပြောကြားသည်။

zawgyi version
စစ္၏အနိ႒ာ႐ုံမ်ားကို သိလာေသာေၾကာင့္ စစ္မေရာက္ေသးေသာ ၿမိဳ႕မ်ားတြင္ ေနထိုင္သူမ်ားက စစ္ေရာက္မည္ကို စိုးရိမ္မႈမ်ား တိုးလာ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၈

စစ္၏ အနိ႒ာ႐ုံမ်ားကို သိလာေသာေၾကာင့္ စစ္မေရာက္ေသးေသာ ၿမိဳ႕မ်ားတြင္ ေနထိုင္သူမ်ားက စစ္ေရာက္မည္ကို စိုးရိမ္မႈမ်ား တိုးလာေၾကာင္း ၿမိဳ႕ျပ ႏွင့္ ေက်းလက္ေန ျပည္သူမ်ားထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ MNDAA, TNLA, AA ႏွင့္ PDF အပါအဝင္ လက္နက္ကိုင္မ်ားေၾကာင့္ တိုက္ပြဲျဖစ္ ေဒသမ်ားမွ စစ္ေဘးေရွာင္ျပည္သူမ်ားစြာတို႔မွာ မိမိတို႔၏ကိုယ္ပိုင္ပစၥည္းဥစၥာမ်ားကိုထားခဲ့ရၿပီး အမ်ားစုမွာ ကိုယ္လြတ္႐ုန္းေျပးၾကရသည္အထိ အေျခအေန ဆိုး႐ြားခဲ့သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ လားရႈိးၿမိဳ႕မွ ထြက္ခြာလာခဲ့သူ စစ္ေဘးေရွာင္တစ္ဦးက ထိုစဥ္က အေျခအေနကို ယခုကဲ့သို႔ ရင္ဖြင့္ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ အရာရာဆုံးရႈံးရတာေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ အႏွစ္ႏွစ္ အလလ စုေဆာင္းထားတဲ့ အိုးေတြ၊ အိမ္ေတြ၊ ၿခံေတြ အကုန္လုံးက အခ်ည္းႏွီး ျဖစ္သြားတာ။ ျပန္ရဖို႔မေမွ်ာ္လင့္ေတာ့ပါဘူး။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ဆက္ေနရင္ေတာင္ ေနဖို႔ အဆင္မ ေျပေတာ့ဘူး။ ကြၽန္ေတာ္တို႔လားရႈိးက အခု ဒီမိုကေရစီရသြားၿပီေလ။ သြားခ်င္တိုင္းသြား၊ လာခ်င္တိုင္းလာနဲ႔ လမ္းေတြဆိုရင္လည္း ေျပာင္းျပန္ေတြ ေမာင္းလိုေမာင္း ျဖစ္ခ်င္တိုင္းျဖစ္ေနၾကၿပီ။ ကြၽန္ေတာ္တို႔က အဲဒီလို ဒီမိုကေရစီက်ေတာ့ ေၾကာက္တယ္ ဗ်။ ေနရင္ေတာ့ေနလို႔ရပါတယ္။ တစ္ခ်ိန္မွာ တပ္ကျပန္ၿပီး ထိုးစစ္ဆင္မလားဆိုတာလည္း မသိႏိုင္ဘူး ေလ။ ေဘးမွာထြက္ေနတာက အနည္းနဲ႔အမ်ား အဆင္ေျပေသးတယ္” ဟု ၎ကဆိုသည္။

စစ္ပြဲႏွင့္ပတ္သက္၍ လက္ရွိ ျမန္မာႏိုင္ငံအတြင္း အလုံၿခဳံဆုံးေနရာဟု သတ္မွတ္ထားၾကေသာ ရန္ကုန္ၿမိဳ႕တြင္လည္း စစ္ႏွင့္ပတ္သက္၍ စိုးရိမ္မႈမ်ားရွိေနသည္။ ႏိုင္ငံ၏ လူဦးေရအထူထပ္ဆုံးႏွင့္ စီပြားေရးၿမိဳ႕ေတာ္တစ္ခုျဖစ္ေသာ ရန္ကုန္ၿမိဳ႕သို႔ ျမန္မာႏိုင္ငံ အႏွံ႔အျပားမွ စစ္ေဘးေရွာင္သူမ်ား တဖြဲဖြဲဝင္ေရာက္လာေနေၾကာင္းကိုလည္း ေတြ႕ျမင္ရသည္။

NP News က ဆက္သြယ္ စကားေျပာဆိုခြင့္ရခဲ့ေသာ ျပည္သူမ်ားအနက္ အခ်ိဳ႕က စစ္ျဖစ္လာပါက မည္သည့္ေနရာသို႔ တိမ္းေရွာင္မည္ဆိုေသာ အစီအစဥ္ကို ယခုကပင္ေတြးထားၿပီး အခ်ိဳ႕ကမူ မေတြးမိၾကေသးေပ။

“ ျမန္မာႏိုင္ငံရဲ႕ဘယ္မွာပဲျဖစ္ျဖစ္ ကိုယ္ေတြေနရာမွာျဖစ္သလို ခံစားရတယ္။ အဲဒီမွာ အကုန္လုံး က ေ႐ႊ႕ေျပာင္းလာတယ္။ အကုန္လုံးက က်ပ္တည္းေနတာေပါ့။ အဲဒီဘက္ၿပီးရင္ ကိုယ့္ဆီကိုဘယ္အခ်ိန္ ဝင္လာမလဲဆိုတာကလည္း ရင္တထိတ္ထိတ္နဲ႔ေပါ့။ အခုေလာေလာဆယ္ဆယ္ကေတာ့ အကုန္လုံးက ရန္ကုန္ကိုပဲေရွာင္ေနၾကတာ။ ဒီမွာပါျဖစ္ရင္ ဒီကေန ဘယ္ကိုဆက္ေရွာင္မလဲ ဘယ္ကိုေျပး မလဲေတြး တာေပါ့၊ စိုးရိမ္တာေပါ့။ တိုက္ပြဲျဖစ္လာရင္ဆိုတဲ့စိတ္နဲ႔ Plan ခ်ထားတာေတာ့ မရွိပါဘူး။ အမ်ားနဲ႔ဆို ေတာ့ လြတ္မယ့္ေနရာ အကုန္ေျပးရမွာေပါ့။ သီးသန႔္ႀကီးေတာ့ စီစဥ္ထားတာမရွိပါဘူး” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

မႏၲေလးတိုင္းအတြင္းေနထိုင္ၿပီး စစ္ေဘးကို တစ္သက္တာတြင္ တစ္ႀကိမ္မွ် ႀကဳံခဲ့ရဖူးျခင္း မရွိေသးသူ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးကမူ ၎ ေနထိုင္ရာေနရာတြင္ တိုက္ပြဲျဖစ္ပါက တစ္ရပ္တစ္ေက်းတြင္ ေရွာင္ျခင္းထက္ မိမိေဒသတြင္ အလ်ဥ္းသင့္သလိုေရွာင္ရန္ ဆုံးျဖတ္ထားေၾကာင္း ဆိုသည္။

“ ကြၽန္ေတာ္ကေတာ့ အေဝးျပးမယ္ဆိုလည္း ပိုက္ဆံမရွိဘဲနဲ႔ တစ္နယ္တစ္ေက်းမွာ အိပ္လိုက္ စားလိုက္နဲ႔ ဘယ္သူက ေကြၽးထားမွာမို႔လို႔လဲ။ အဲဒီေတာ့ ကိုယ့္ဘာသာကိုယ္ လြတ္တဲ့ေနရာေလး ဒီေနရာ ပစ္ ဟိုေနရာေျပး၊ ဟိုေနရာပစ္ ဒီေနရာေျပး ေနရာမယ့္သေဘာေပါ့။ ဥပမာ တံတားဦးမွာပစ္ေနရင္ တံတားဦးနဲ႔ ေဝးတဲ့ အင္းဝသြားေနေပါ့။ ဒါမ်ိဳးရွိတာေပါ့” ဟု ၎ကဆိုသည္။

ထို႔ျပင္ ၎အေနျဖင့္ စစ္၏ဆိုးက်ိဳးကိုလည္း ႀကိဳေတြးထားၿပီး စိတ္ပူေၾကာင္းဆိုသည္။ “ စိုးရိမ္ စိတ္ကေတာ့ရွိတာေပါ့ဗ်ာ။ ကိုယ္ကိုယ္တိုင္က မႀကဳံရေသးေပမယ့္ ကိုယ့္အမ်ိဳးအသိုင္းအဝိုင္းထဲမွာ ႀကဳံေနရၿပီေလ။ အဲဒီလိုမ်ိဳးႀကဳံေနရေတာ့ စစ္ျဖစ္တယ္ဆိုတာ ကိုယ္အႏွစ္ႏွစ္အလလစုထားတဲ့ ပစၥည္း ေတြ ဆုံးရႈံးတာေပါ့။ အိမ္တစ္အိမ္ မီးေလာင္ပ်က္စီးသြားရင္ အဲဒီအိမ္တစ္အိမ္ျဖစ္ဖို႔ ႏွစ္(၂၀)(၂၅)ႏွစ္ ေလာက္ ႀကိဳးစားရတာ။ ေျပးရင္းနဲ႔ စားဝတ္ေနေရးကို ဘယ္လို ေျဖရွင္းမလဲဆိုတာကလည္းရွိေသး တာကိုး။ ရမ္းသမ္း ေျပးလို႔လည္း ရတာမဟုတ္ဘူး။ ဒါမ်ိဳးေတြေပါ့။ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ အပူေတြေတာ့ ရွိတာေပါ့” ဟု ၎က ေလးေလးပင္ပင္ဆိုသည္။

စစ္ပြဲမ်ားသည္ ျပည္သူလူထုအတြက္ ေကာင္းက်ိဳးမရွိဘဲ တိုက္ပြဲမ်ားေဖာ္ေဆာင္ခံခဲ့ရသည့္ၿမိဳ႐ြာ မ်ားသည္ မ်ားစြာ ဆုံးရႈံးနစ္နာမႈမ်ားႏွင့္ ႀကဳံေတြ႕ရၿပီး တိုက္ပြဲအလြန္ကာလတြင္လည္း ျပန္လည္ ထူေထာင္ေရး လုပ္ေဆာင္ရာတြင္ တည္ေဆာက္ေရးအျပင္ အျခား ေသာအခက္အခဲမ်ားစြာႏွင့္ ႀကဳံေတြ႕ ရႏိုင္ေၾကာင္း ရန္ကုန္ၿမိဳ႕ခံတစ္ဦးကဆိုသည္။ “ လြိဳင္ေကာ္မွာလည္းပဲ ျပန္လည္ထူေထာင္ေရးလုပ္ရမွာ က ေတာ္ေတာ္ေလးကို ျပန္လုပ္ရမွာေတြရွိတယ္။ အဲဒါက် စိတ္မေကာင္းဘူး။ တခ်ိဳ႕ကလည္းရွိတယ္။ အျခား ျဖစ္ေနတဲ့ေနရာေတြ လားရႈိးတို႔ အျခားေနရာေတြမွာလည္းပဲ မိတ္ေဆြေတြလွမ္းၿပီး ေျပာၾကတာ ေပါ့ေနာ္။ သူတို႔ ေျပာတဲ့စကားနဲ႔တင္ကို သူတို႔ျဖစ္ေနတဲ့ စစ္ပြဲေရာက္ လာတဲ့ေနရာေတြေတာ္ေတာ္ ေလးကို အဆင္မေျပ ျဖစ္ၾကတယ္။ ေနာက္ၿပီးေတာ့ ဒုကၡေတြေရာက္ၾကတယ္ေပါ့ေနာ္။ ျပင္ဆင္ခ်ိန္ မရွိ ဘူး။ ျပင္ဆင္ခ်ိန္မရွိတဲ့အခါက်ေတာ့ ဘဝတစ္ခုလုံးနဲ႔ပါဆိုင္တာေလ။ မိသားစုေတြ ဘဝေတြ ဒါေတြ ပ်က္စီးသြားတာေပါ့။ အဲဒါေၾကာင့္ သူတို႔ေတြ ေတာ္ေတာ္ေလးကို စိတ္မေကာင္း ျဖစ္ၾကတယ္။ ဆုံးရႈံးမႈေတြမ်ားတယ္ေပါ့။ ကြၽန္ေတာ္တို႔ ဆီမွာေတာ့ အဲဒီလိုမ်ိဳးက ေရာက္ေတာ့မလာေသးဘူး။ အကယ္ ၍ ေရာက္လာခဲ့မယ္ဆိုရင္လည္းပဲ ဘယ္ေလာက္ပဲျပင္ဆင္ျပင္ဆင္ စစ္ဆိုတာ ျဖစ္ၿပီဆိုလို႔ရွိရင္ ဆုံးရႈံးမႈပဲ အရင္ဆုံးစၿပီးခံစားရတာေပါ့” ဟု ၎ကဆိုသည္။

ျပည္သူတစ္ေယာက္အေနျဖင့္ တိုင္းျပည္တြင္ ျပႆနာကို စစ္မက္ျဖင့္ေျဖရွင္းနည္းထက္ ေဆြးေႏြးေသာ လမ္းစဥ္ကိုသာ အသုံးျပဳေစလိုေၾကာင္းဆိုသည္။

“ ဒီလိုႏိုင္ငံေရးျပႆနာေတြေတြကို အတတ္ႏိုင္ဆုံး ေဆြးေႏြးတဲ့နည္းလမ္းနဲ႔ အေျဖရွာေစခ်င္ တယ္။ ဘာလို႔ဆို စစ္ဆိုတာ ျဖစ္ရင္ ႏွစ္ဖက္စလုံးအတြက္ အဆုံးအရႈံးမ်ားတယ္။ အဲဒီထဲကမွ ပိုဆိုးတာ က ျပည္သူေတြက ေျမစာပင္ျဖစ္ရတာေပါ့။ ေက်ာင္းေတြ ပိတ္လိုက္ရတယ္။ အလုပ္လုပ္ခြင့္ေတြ ဆုံးရႈံး သြားတယ္။ ေနာက္ၿပီး ကိုယ္တစ္သက္လုံးေနလာတဲ့ အိမ္ေတြ ကိုယ့္ေနရပ္ေတြ စြန႔္ခြာခဲ့ရတယ္။ ဒါေတြအကုန္ ဆုံးရႈံးတာပဲ။ အခု ရခိုင္ဘက္လည္း အတူတူပဲ ေပါ့ေနာ္။ စစ္ျဖစ္ေနတဲ့ေနရာအကုန္ အတူတူပါပဲ။ ပဋိပကၡေတြျဖစ္တဲ့အခ်ိန္မွာ ေဆြးေႏြးညႇိႏႈိင္းတဲ့နည္း လမ္းနဲ႔ပဲသြားေစခ်င္တယ္။ တစ္ဖက္ နဲ႔တစ္ဖက္ စစ္ပြဲ နည္းလမ္းနဲ႔ေျဖရွင္းတာဟာ ေရတိုအတြက္လည္း မေကာင္းသလို ေရရွည္ အတြက္ လည္းမေကာင္းပါဘူး။ အသက္ေတြေပးရတယ္။ အမ်ားႀကီးဆုံးရႈံး မႈေတြရွိတဲ့ အတြက္ အတတ္ႏိုင္ ဆုံးေတာ့ ေဆြးေႏြးညႇိႏႈိင္းတဲ့ နည္းလမ္းနဲ႔ အေျဖရွာေစခ်င္ပါတယ္။ အဓိကကေတာ့ ျပည္သူကိုၾကည့္ ပါလို႔ေျပာခ်င္ပါတယ္” ဟု ၎က ျပည္သူတစ္ဦးအေနျဖင့္ ဆႏၵကို ရင္ဖြင့္ေျပာၾကားသည္။

Related news

© 2021. All rights reserved.