ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း

 985

ယွန်း (NP News) - စက်တင်ဘာ ၁၈

မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်းခဲ့ကြောင်း ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးက စက်တင်ဘာ(၁၇)ရက် တွင် အသိပေးထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် Operation Sadbhav (ချစ်ကြည်ရင်းနှီးမှုအစီအစဉ်) ဖြင့် တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်ကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရသည့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အထက်ပါကဲ့သို့ ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများ အပါအဝင် ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့်ဒေသများကို ဖြန့်ဖြူးရန်အတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီ နှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်းတန်ချိန်(၃၂)တန်အား အိန္ဒိယတပ်မတော်(လေ)မှ နေပြည် တော်သို့ စက်တင်ဘာ(၁၇)ရက်တွင် ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Abhay Thakur မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ထံသို့ နေပြည်တော်လေဆိပ်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယတပ်မတော်(ရေ)မှ စစ်ရေယာဥ် INS Satpura သည် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအကူအညီ ပစ္စည်းများ စုစုပေါင်း တန်ချိန် (၂၁) တန်အား အဆိုပါဒေသများသို့ ဖြန့်ဖြူးပေးရန်အတွက် ဒုတိယအသုတ်အဖြစ် ရန်ကုန်မြို့သို့ ထပ်မံပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Abhay Thakur မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ သီလဝါဆိပ်ကမ်း၊ ရန်ကုန်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများပါဝင်သည့် သေတ္တာများနှင့် ဆေးဝါး၊ အစားအသောက်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများနှင့် အခြားပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

zawgyi version
ေရေဘးသင့္ျပည္သူမ်ားအတြက္ အိႏၵိယႏိုင္ငံမွ သဘာဝေဘးအႏၲရာယ္ကယ္ဆယ္ေရးပစၥည္း စုစုေပါင္းတန္ခ်ိန္(၅၃)တန္ လႉဒါန္း

ယြန္း (NP News) - စက္တင္ဘာ ၁၈

ျမန္မာႏိုင္ငံရွိ ေရေဘးသင့္ျပည္သူမ်ားအတြက္ အိႏၵိယႏိုင္ငံမွ သဘာဝေဘး အႏၲရာယ္ ကယ္ဆယ္ေရးပစၥည္း စုစုေပါင္းတန္ခ်ိန္(၅၃)တန္ လႉဒါန္းခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ အိႏၵိယသံ႐ုံးက စက္တင္ဘာ(၁၇)ရက္ တြင္ အသိေပးထုတ္ျပန္ထားသည္။

အိႏၵိယႏိုင္ငံအေနျဖင့္ Operation Sadbhav (ခ်စ္ၾကည္ရင္းႏွီးမႈအစီအစဥ္) ျဖင့္ တိုင္ဖြန္းမုန္တိုင္း ရာဂီ၏အရွိန္ေၾကာင့္ ေရႀကီးေရလွ်ံမႈဒဏ္ကို ခံစားခဲ့ရသည့္ ျမန္မာႏိုင္ငံရွိ ျပည္သူမ်ားအတြက္ အထက္ပါကဲ့သို႔ ကူညီပံ့ပိုးေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအလယ္ပိုင္းႏွင့္ ေျမာက္ပိုင္းေဒသမ်ား အပါအဝင္ ေရႀကီးေရလွ်ံမႈဒဏ္ခံခဲ့ရသည့္ေဒသမ်ားကို ျဖန႔္ျဖဴးရန္အတြက္ လူသားခ်င္းစာနာေထာက္ ထားမႈဆိုင္ရာ အကူအညီ ႏွင့္ သဘာဝေဘးအႏၲရာယ္ကယ္ဆယ္ေရးပစၥည္းမ်ား စုစုေပါင္းတန္ခ်ိန္(၃၂)တန္အား အိႏၵိယတပ္မေတာ္(ေလ)မွ ေနျပည္ ေတာ္သို႔ စက္တင္ဘာ(၁၇)ရက္တြင္ ပို႔ေဆာင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အဆိုပါပစၥည္းမ်ားကို ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံ သံအမတ္ႀကီး Abhay Thakur မွ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ထံသို႔ ေနျပည္ေတာ္ေလဆိပ္တြင္ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အိႏၵိယတပ္မေတာ္(ေရ)မွ စစ္ေရယာဥ္ INS Satpura သည္ သဘာဝေဘးအႏၲရာယ္ ကယ္ဆယ္ေရးအကူအညီ ပစၥည္းမ်ား စုစုေပါင္း တန္ခ်ိန္ (၂၁) တန္အား အဆိုပါေဒသမ်ားသို႔ ျဖန႔္ျဖဴးေပးရန္အတြက္ ဒုတိယအသုတ္အျဖစ္ ရန္ကုန္ၿမိဳ႕သို႔ ထပ္မံပို႔ေဆာင္ခဲ့ရာ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံ သံအမတ္ႀကီး Abhay Thakur မွ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းထံသို႔ သီလဝါဆိပ္ကမ္း၊ ရန္ကုန္တြင္ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

ကူညီကယ္ဆယ္ေရးပစၥည္းမ်ားတြင္ စားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္းမ်ားျဖစ္သည့္ မရွိမျဖစ္လိုအပ္ေသာ ပစၥည္းမ်ားပါဝင္သည့္ ေသတၱာမ်ားႏွင့္ ေဆးဝါး၊ အစားအေသာက္၊ မီးဖိုေခ်ာင္သုံးပစၥည္းမ်ား၊ အဝတ္အထည္မ်ား၊ တစ္ကိုယ္ေရသန႔္ရွင္းေရးသုံးပစၥည္းမ်ားႏွင့္ အျခားပစၥည္းမ်ား ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.