ပြည်ပသို့ တရားမဝင်သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ

 1221

သုတကျော် (NP News) - စက်တင်ဘာ ၁၈

မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမဝင် သွားရောက် လုပ်ကိုင်နေသည့် အိမ်အကူများအနက် အချို့မှာ အာဖရိကတိုက်မှ နိုင်ငံအချို့အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေကြောင်း ပြည်ပအလုပ်အကိုင် ဝန် ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ကျွမ်းကျင်သူ လုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

ယခင်က မြန်မာနိုင်ငံမှ အိမ်အကူအဖြစ် စင်္ကာပူနိုင်ငံနှင့် ဟောင်ကောင်ဘက်သို့သာ အများဆုံး သွားရောက်ကြသော်လည်း ယခုအခါ အိုမန်နိုင်ငံ၊ ယူအေ အီးနိုင်ငံ၊ ဂျော်ဒန်နိုင်ငံဘက်အထိ သွားရောက် လုပ်ကိုင်မှု တိုးလာခြင်း ဖြစ်သည်။ ထိုသို့ သွားရောက်ရန် အတွက် အလုပ်ခေါ်ယူရာတွင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်၊ Tiktok လူမှုကွန်ရက်တို့ကို အသုံးပြုလာကြကာ ပွဲစားအချို့က အကြွေးစနစ်ဖြင့် ချိတ် ဆက်စေလွှတ်ခြင်းများလည်းရှိနေပြီး အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်လိုသူ အရေအတွက်မှာလည်း ယခု နောက်ပိုင်းတွင် များပြားလာကြောင်း တွေ့မြင်ရသည်။

“အခုက အာရပ်နိုင်ငံတွေကနေ အာဖရိကအထိ ရောက်လာတယ်။ အိမ်အကူ ပွဲစားအချင်းချင်း ခေါ်ကြတာ။ ခေါ်ရင်းနဲ့ တခြားနိုင်ငံတွေကိုပါ ပို့တာပေါ့။ ကာယကံရှင်တွေကတော့ အဲဒီလို နိုင်ငံတွေကို သွားရမယ်ဆိုတာ မသိဘူး။ အာဖရိကဆိုတာက ကျွန်တော် သိသလောက်ဆို မော်ရိုကိုတို့ ရောက်တယ်။ အီဂျစ်အထိ ရောက်သွားတာရှိတယ်။ အရေအတွက်ကတော့ နည်းတယ်။ ဘာရိန်းတို့၊ ကာတာတို့ဘက် တော့ တော်တော်များနေပြီ။ အကုန်လုံးက အလည်အပတ် ဗီဇာ နဲ့ ထွက်ကြတာ” ဟု ၎င်းက ဆိုသည်။

ထိုသို့ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်သူများအနက် အာဖရိကတိုက်မှ နိုင်ငံတစ်ခုခုသို့ ရောက်ရှိ သွားသူများမှာ မူလက အဆိုပါနိုင်ငံတစ်ခုခုသို့ သွားရောက်ရမည်ဟု မသိကြကြောင်းလည်း ၎င်းက ဆိုသည်။ အွန် လိုင်းမှဖိတ်ခေါ်မှုများတွင် အိမ်အကူ အဖြစ် လုပ်ကိုင်ရမည်ဖြစ်ကြောင်း အလုပ် ခေါ်စာများတွင် တစ်လ အမေရိကန် ဒေါ်လာ (၈၀ဝ)ခန့်အထိ ရနိုင်ကြောင်း ကြော်ငြာခြင်းများရှိနေပြီး အချို့က OWIC ကတ်ပင်လုပ်ပေးသည်ဟု ဆိုသော်လည်း ပွဲစားများကလုပ်ပေးသည်ဆိုသော OWIC ကတ်မှာ အတုဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ အိမ်အကူအလုပ်က ထီထိုးသလိုပဲ။ အစ်မဆို ရင်တော့ တော်တော် အဆင်ပြေတယ်။ သူဌေးက မိသားစုလို ဆက်ဆံတယ်။ သူတို့လိုပဲ ကျွေးတယ်။ ဒါပေမဲ့ နောက်တစ်ယောက်ကတော့ အဆင်မပြေဘူး အတူတူ လာတဲ့ တစ်ယောက်လေ။ သူတို့ဆိုရင် မနက် ၄ နာရီ ခွဲလောက် ထရတယ်။ ပြီးတော့ ည ၁၀ နာရီလောက်မှ အိပ်ရတယ်။ ဖုန်းလည်း မသုံးရဘူး။ ပြီးတော့ ကျောလည်း မခင်းခိုင်းဘူး။ ဒီအတိုင်း ပင် ပန်းရင် ခဏလေး မှီနား၊ ခိုးနားပေါ့။ သူကတော့ အိမ် ပြောင်းဖို့အတွက် ပွဲစားကို ပြောထားတယ်။ ကျန်တဲ့ အခက်အခဲဖြစ်ကြတဲ့သူတွေလည်း ရှိတယ်” ဟု အိုမန် နိုင်ငံရောက် မြန်မာအိမ်အကူ အမျိုးသမီး တစ်ဦးဖြစ်သူ မပပ (အမည်လွှဲ) က ဆိုသည်။

zawgyi version
ျပည္ပသို႔ တရားမဝင္ သြားသည့္ အိမ္အကူမ်ားထဲမွ အခ်ိဳ႕ အာဖရိကတိုက္အထိပင္ ပို႔ေဆာင္ခံရျခင္းမ်ား ရွိေန
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၈

ျမန္မာႏိုင္ငံမွ ျပည္ပသို႔ တရားမဝင္ သြားေရာက္ လုပ္ကိုင္ေနသည့္ အိမ္အကူမ်ားအနက္ အခ်ိဳ႕မွာ အာဖရိကတိုက္မွ ႏိုင္ငံအခ်ိဳ႕အထိပင္ ပို႔ေဆာင္ခံရျခင္းမ်ား ရွိေနေၾကာင္း ျပည္ပအလုပ္အကိုင္ ဝန္ ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ကြၽမ္းက်င္သူ လုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ယခင္က ျမန္မာႏိုင္ငံမွ အိမ္အကူအျဖစ္ စကၤာပူႏိုင္ငံႏွင့္ ေဟာင္ေကာင္ဘက္သို႔သာ အမ်ားဆုံး သြားေရာက္ၾကေသာ္လည္း ယခုအခါ အိုမန္ႏိုင္ငံ၊ ယူေအ အီးႏိုင္ငံ၊ ေဂ်ာ္ဒန္ႏိုင္ငံဘက္အထိ သြားေရာက္ လုပ္ကိုင္မႈ တိုးလာျခင္း ျဖစ္သည္။ ထိုသို႔ သြားေရာက္ရန္ အတြက္ အလုပ္ေခၚယူရာတြင္ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္၊ Tiktok လူမႈကြန္ရက္တို႔ကို အသုံးျပဳလာၾကကာ ပြဲစားအခ်ိဳ႕က အေႂကြးစနစ္ျဖင့္ ခ်ိတ္ ဆက္ေစလႊတ္ျခင္းမ်ားလည္းရွိေနၿပီး အိမ္အကူအျဖစ္ သြားေရာက္လုပ္ကိုင္လိုသူ အေရအတြက္မွာလည္း ယခု ေနာက္ပိုင္းတြင္ မ်ားျပားလာေၾကာင္း ေတြ႕ျမင္ရသည္။

“အခုက အာရပ္ႏိုင္ငံေတြကေန အာဖရိကအထိ ေရာက္လာတယ္။ အိမ္အကူ ပြဲစားအခ်င္းခ်င္း ေခၚၾကတာ။ ေခၚရင္းနဲ႔ တျခားႏိုင္ငံေတြကိုပါ ပို႔တာေပါ့။ ကာယကံရွင္ေတြကေတာ့ အဲဒီလို ႏိုင္ငံေတြကို သြားရမယ္ဆိုတာ မသိဘူး။ အာဖရိကဆိုတာက ကြၽန္ေတာ္ သိသေလာက္ဆို ေမာ္႐ိုကိုတို႔ ေရာက္တယ္။ အီဂ်စ္အထိ ေရာက္သြားတာရွိတယ္။ အေရအတြက္ကေတာ့ နည္းတယ္။ ဘာရိန္းတို႔၊ ကာတာတို႔ဘက္ ေတာ့ ေတာ္ေတာ္မ်ားေနၿပီ။ အကုန္လုံးက အလည္အပတ္ ဗီဇာ နဲ႔ ထြက္ၾကတာ” ဟု ၎က ဆိုသည္။

ထိုသို႔ အိမ္အကူအျဖစ္ သြားေရာက္လုပ္ကိုင္သူမ်ားအနက္ အာဖရိကတိုက္မွ ႏိုင္ငံတစ္ခုခုသို႔ ေရာက္ရွိ သြားသူမ်ားမွာ မူလက အဆိုပါႏိုင္ငံတစ္ခုခုသို႔ သြားေရာက္ရမည္ဟု မသိၾကေၾကာင္းလည္း ၎က ဆိုသည္။ အြန္ လိုင္းမွဖိတ္ေခၚမႈမ်ားတြင္ အိမ္အကူ အျဖစ္ လုပ္ကိုင္ရမည္ျဖစ္ေၾကာင္း အလုပ္ ေခၚစာမ်ားတြင္ တစ္လ အေမရိကန္ ေဒၚလာ (၈၀ဝ)ခန႔္အထိ ရႏိုင္ေၾကာင္း ေၾကာ္ျငာျခင္းမ်ားရွိေနၿပီး အခ်ိဳ႕က OWIC ကတ္ပင္လုပ္ေပးသည္ဟု ဆိုေသာ္လည္း ပြဲစားမ်ားကလုပ္ေပးသည္ဆိုေသာ OWIC ကတ္မွာ အတုျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

“ အိမ္အကူအလုပ္က ထီထိုးသလိုပဲ။ အစ္မဆို ရင္ေတာ့ ေတာ္ေတာ္ အဆင္ေျပတယ္။ သူေဌးက မိသားစုလို ဆက္ဆံတယ္။ သူတို႔လိုပဲ ေကြၽးတယ္။ ဒါေပမဲ့ ေနာက္တစ္ေယာက္ကေတာ့ အဆင္မေျပဘူး အတူတူ လာတဲ့ တစ္ေယာက္ေလ။ သူတို႔ဆိုရင္ မနက္ ၄ နာရီ ခြဲေလာက္ ထရတယ္။ ၿပီးေတာ့ ည ၁၀ နာရီေလာက္မွ အိပ္ရတယ္။ ဖုန္းလည္း မသုံးရဘူး။ ၿပီးေတာ့ ေက်ာလည္း မခင္းခိုင္းဘူး။ ဒီအတိုင္း ပင္ ပန္းရင္ ခဏေလး မွီနား၊ ခိုးနားေပါ့။ သူကေတာ့ အိမ္ ေျပာင္းဖို႔အတြက္ ပြဲစားကို ေျပာထားတယ္။ က်န္တဲ့ အခက္အခဲျဖစ္ၾကတဲ့သူေတြလည္း ရွိတယ္” ဟု အိုမန္ ႏိုင္ငံေရာက္ ျမန္မာအိမ္အကူ အမ်ိဳးသမီး တစ္ဦးျဖစ္သူ မပပ (အမည္လႊဲ) က ဆိုသည္။

Related news

© 2021. All rights reserved.